Email Marketing ဆိုတာဘာလဲ? Email Marketing Campaign တစ်ခုကို HubSpot မှာ ဘယ်လိုလုပ်ဆောင်မလဲ? - Myanmar's Leading Marketing Consulting Firm

Email Marketing ဆိုတာဘာလဲ? Email Marketing Campaign တစ်ခုကို HubSpot မှာ ဘယ်လိုလုပ်ဆောင်မလဲ?

Email Marketing ဆိုတာကတော့  မိမိ product/ service တို့ကို ဝယ်နိုင်ချေရှိတဲ့သူ ဒါမှမဟုတ် ဝယ်ဖူးထားတဲ့ customer တွေကို သူတို့နဲ့ ကိုက်ညီတဲ့ OfferBlog၊ Newsletter တွေကို Email ပို့ပေးပြီး Direct Marketing လုပ်တဲ့  နည်းတစ်မျိုးဖြစ်ပါတယ်။

Email Marketing ပြုလုပ်ခြင်း‌ဟာ lead များနှင့် prospects များကို customer အဖြစ်ပြောင်းနိုင်စွမ်းရှိပြီး၊ ရှိပြီးသား customerများကိုလည်း ကိုယ့် product၊ service ကို ထပ်ထပ် ဝယ်ယူနိုင်စေပါတယ်။ 

Email Marketing ကို ဘာကြောင့်လုပ်ကြသလဲ?

Email marketing ကို နည်းလမ်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးကြောင့် လုပ်ကြပါတယ်။ အဲဒီ့အထဲမှာမှ အောက်က အချက်တွေက အသုံးများဆုံး ရည်ရွယ်ချက်တွေဖြစ်ကြပါတယ်-

  • Customer နှင့် Relationship တည်ဆောက်ရန်
  • Brand Awareness မြှင့်တင်ရန်
  • Content များ promote လုပ်ရန်
  • Service/Product များကို ကြော်ငြာရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် email marketing ကို လုပ်လေ့ရှိပါတယ်။

Automated Email Marketing Campaign များဘယ်လိုလုပ်မလဲ?

Email-Marketing-through-HubSpot
Email Marketing through HubSpot

အလိုအလျောက်ပြုလုပ်တဲ့ automated email campaign တွေ ဖန်တီးတဲ့အခါ အီးမေးလ်ပို့မယ့် list တွေကို သပ်သပ် import စရာ၊ ပြင်ဆင်စရာမလိုတော့ပါဘူး။ တစ်ခါတည်း ပို့ချင်တာတွေ အကုန် drag & drop tool တွေနဲ့ ပြင်ဆင်ပြီး schedule လုပ်လိုက်ရုံပဲဖြစ်လို့ သီးသန့်အချိန်ယူ လုပ်စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။ ဒါ့ကြောင့် မားကတ်တာများနှင့် အရောင်းဝန်ထမ်းများအတွက် အခြားအရေးကြီး ပရောဂျက်နှင့် tasks များတွင် ပိုအာရုံစိုက်လုပ်ဆောင်နိုင်ဖို့ အချိန်ပိုထွက်စေပါတယ်။ Automated email campaign တွေကို software တွေရဲ့အကူညီနဲ့ လုပ်ကြတာာဖြစ်ပါတယ်။

Automated Email Marketing Campaign တွေ ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်…

  1. Email Automation Software ကို ရွေးပါ။
  2. Email Recipient List ကို ခွဲခြားသတ်မှတ်ပါ။
  3. Campaign ရဲ့ Goal ကို သတ်မှတ်ပါ။
  4. ကိုယ်ပို့ချင်တဲ့ စံနှုန်းတွေ (criteria) တွေကို သတ်မှတ်ပါ။
  5. Workflows နှင့် အလိုအလျောက်လုပ်ဆောင်လိုသော လုပ်ငန်းစဉ်များကို ဆုံးဖြတ်ပါ။
  6. အီးမေးလ်ကမ်ပိန်းတွင် ထည့်သွင်းမည့် assets များ၊ template များကိုဖန်တီးပါ။
  7. Automation workflow ကို စစ်ဆေးပြီး ကြိုစမ်းသပ်ကြည့်ပါ။
  8. Email automation process ကို လုပ်ဆောင်ပြီး progress နှင့် ရလဒ်ကို စောင့်ကြည့်ပါ။

1. Email Automation Software ကို ရွေးပါ။

ယနေ့စျေးကွက်မှာ အီးမေးလ်အလိုအလျောက်စနစ်ဆော့ဖ်ဝဲလ် အများအပြားရှိပါတယ်။  ရွေးချယ်ရာတွင် အဓိကအနေဖြင့် မိမိလုပ်ငန်းရဲ့  ရည်မှန်းချက်များအတွက် အသင့်တော်ဆုံးဖြစ်မည့် tools ကိုရွေးချယ်တာက အသင့်လျော်ဆုံးဖြစ်ပါတယ်။ 

ဒီ blog မှာတော့  HubSpot ရဲ့ Marketing Automation tool ကိုသုံးပြီး လုပ်ပြသွားမှာဖြစ်ပါတယ်။

2. Email Recipient List ကို ခွဲခြားသတ်မှတ်ပါ။

အီးမေးလ်တွေကို ဘယ်သူတွေဆီ ပို့မလဲ ဆုံးဖြတ်ပါ။ HubSpot မှာဆိုရင်တော့ –  ကိုယ်လိုချင်တဲ့ criteria အလိုက် filter လုပ်ပြီး segementation လုပ်နိုင်ပါတယ်။ Lifecycle stage အရ ခွဲထားပဲ ဖြစ်ဖြစ်၊ demographic factor အရ ပို့တာဖြစ်ဖြစ် segement လုပ်နိုင်ပါတယ်။ ဥပမာ – Upsell လုပ်မည့် ကမ်ပိန်းအတွက်ဆို အဲဒီ product ကို မဝယ်ယူရသေးတဲ့ customers တွေကိုပဲ ခွဲထုတ်ပြီး email ပို့နိုင်ပါတယ်။ 

3. Campaign ရဲ့ Goal ကို သတ်မှတ်ပါ။

Email marketing campaign ဟာ နည်းဗျူဟာကောင်းလျှင် ကောင်းသလောက် အောင်မြင်နိုင်ပါတယ်။ ဒါ့ကြောင့် မိမိ အီးမေးလ်ပို့ရတဲ့ အကြောင်းအရင်းကို သေချာသိဖို့ လိုအပ်ပါတယ်။ ကိုယ့်ပို့လိုက်တဲ့လူတွေကို ဘာလုပ်စေချင်တာလဲ။ ဘာရစေချင်တာလဲ။ ကိုယ့်ဆီက တစ်ခုခု ဝယ်စေချင်တာလား။ တစ်ခုခုလေ့လာစေချင်တာလား စသဖြင့် ကိုယ့်ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကို ကိုယ်ကိုယ်တိုင်ရှင်းလင်းအောင် သိရပါမယ်။ ရည်ရွယ်ချက်ကို သိမှ ရည်ရွယ်ချက်ဖြစ်မြောက်အောင် လုပ်နိုင်ပြီး customer များကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရည်ရွယ်ချက်အောင်မြင်တဲ့အခါ ဘာဆက်လုပ်မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

ဥပမာအားဖြင့်- consultation session တစ်ခုအတွက် register လုပ်စေချင်တယ်ဆိုရင် register မလုပ်မချင်း email series လိုက် ပို့မည်ဆိုပါစို့။ Prospect A က ပထမဆုံး email မှာကတည်းက register လုပ်လိုက်ပြီဆိုရင် email marketing series ထဲမှာ သူ့ကို ဖယ်ထုတ်ရပါမည်။ သူ့ကို Thank you email (သို့) Successful registration email ပေးပို့ခြင်းကသာ မှန်ကန်သော workflow ဖြစ်ပါတယ်။ တကယ်လို့ Prospect တွေက register လုပ်ပြီးသွားသော်လည်း email တွေက မရပ်ဘဲ ဆက်ပို့နေမည်ဆိုလျှင် Prospects ဘက်မှလည်း စိတ်ညစ်ညူးနိုင်ပါသည်။ ဒါ့ကြောင့် ရည်ရွယ်ချက်ပြည့်သွားရင် ဘာဆက်လုပ်မလဲဆိုသည့် workflow ကိုပါ ကြိုတင်စီစဉ်ထားရပါမယ်။ 

4. ကိုယ်ပို့ချင်တဲ့ စံနှုန်းတွေ (criteria) တွေကို သတ်မှတ်ပါ။

စံနှုန်းများ (criteriaများ) ဆိုတာကတော့  workflow တစ်ခုထဲသို့ ထည့်သွင်းရန် ရှိရမည့် လိုအပ်သော qualifications များကို ဆိုလိုတယ်။ ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နှင့် ကိုက်မယ့် criteria ကို workflow မှာ ထည့်သွင်းဖို့ သတ်မှတ်ရွေးချယ်ရပါမယ်။ 

HubSpot Workflows ကို  အသုံးပြုနေတယ်ဆိုပါစို့။ HubSpot မှာဆို နည်းလမ်းများစွာဖြင့် workflow တစ်ခုကို စိတ်ကြိုက်ဖန်တီးနိုင်တယ်။ 

ဥပမာ-ဖန်တီးပြီးသား contact list တစ်ခုကို  workflow တွင် ထည့်သွင်းအသုံးပြုနိုင်သလို ဝဘ်ဆိုဒ်မှ ဖောင်ဖြည့်ထားသူများကိုပဲ ရွေးချယ်ပြီး လုပ်နိုင်တယ်။ ဒါမှမဟုတ်  အီးမေးလ်တစ်ခုကနေ  လင့်ခ်ကို နှိပ်လိုက်သူတွေကိုပဲ ရွေးချယ်တာတွေ စသည့်နည်းလမ်းမျိုးစုံကို အသုံးပြုပြီး criteria များ သတ်မှတ်နိုင်ပါသည်။

ဒါ့အပြင် ဆိုရှယ်လ်မီဒီယာ၊ Marketing Data Base မှ ရရှိလာတဲ့ အချက်အလက်များအပေါ် အခြေခံပြီးလည်း workflow criteria များကို သတ်မှတ်နိုင်ပါတယ်။ 

5. Workflows နှင့် အလိုအလျောက်လုပ်ဆောင်လိုသော လုပ်ငန်းစဉ်များကို ဆုံးဖြတ်ပါ။

တကယ်လို့ ကိုယ်တိုင် manually အီးမေးလ်ပို့ချင်ရင်  ဘယ်လိုလုပ်ဆောင်ရမလဲ။  ဘယ်အဆင့်တွေကိုတော့ ကိုယ်တိုင်လုပ်ဆောင်ချင်ပြီး ဘယ်အဆင့်တွေကိုတော့ automation ဖြင့်လုပ်ဆောင်မယ်ဆိုတာကို ကြိုဆုံးဖြတ်ထားဖို့လိုတယ်။ 

ဥပမာ- HubSpot နှင့် automation လုပ်မယ်ဆိုပါက လုပ်နိုင်တဲ့အဆင့်တွေကတော့ 

  • Email ပို့ခြင်း
  • Email ကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပို့ပေးခြင်း
  • If/then branch ကို သုံး၍ ဘယ်အဆင့်ဆို ဘာဆက်လုပ်မည်ဟု ခွဲခြားလုပ်ဆောင်ပေးခြင်း
  • Email marketing campaign မှရရှိလာသော data နှင့် အချက်လက်များကို CRM တွင် တိုက်ရိုက် sync လုပ်ပေးခြင်း တို့ဖြစ်တယ်။ 

6. အီးမေးလ်ကမ်ပိန်းတွင် ထည့်သွင်းမည့် assets များ၊ template များကိုဖန်တီးပါ။

Asset တွေ ကြိုတင်ဖန်တီးထားခြင်းအားဖြင့် campaign စတာနဲ့   assets များကို marketing automation software ထဲထည့်ပြီး အလွယ်တကူ ပို့နိုင်တယ်။ ဒါ့အပြင်  ပို့မယ့် email အရေအတွက်၊ ပို့ချင်တဲ့ customers/ prospects list တွေ၊ ပေးပို့လိုသော အကြောင်းအရာတွေကိုလည်း  အတိအကျသိနိုင်တယ်။ 

7.  Automation workflow ကို စစ်ဆေးပြီး ကြိုစမ်းသပ်ကြည့်ပါ။

Automation Workflow ကို publish မလုပ်မီ စဉ်းစားရမည့်အချက်တွေကတော့ – ထည့်သွင်းထားတဲ့ contacts list တွေမှာ အမှားပါ၊မပါနှင့် ခန့်မှန်းထားသောပမာဏ ဟုတ်၊မဟုတ် စစ်ဆေးပါ။ 

Workflow အသေးစိတ်ကို စစ်ဆေးပါ။ Email ‘Send’ setting ကို မိမိရည်ရွယ်ထားသည့်အတိုင်း ဟုတ်၊မဟုတ် စစ်ဆေးပါ။  HubSpot တွင် စီစဉ်ထားသော automation ဟာ ရည်ရွယ်ထားသည့်အတိုင်း အလုပ်လုပ်ကြောင်း သေချာဖို့အတွက် workflow ကို စမ်းသပ်နိုင်တယ်။ 

8. Email automation process ကို လုပ်ဆောင်ပြီး progress နှင့် ရလဒ်ကို စောင့်ကြည့်ပါ။

Workflow automation ကို စမ်း သပ်ကြည့်ပြီး အဆင်ပြေပြီဆိုရင် publish လုပ်နိုင်ပါပြီ။ တစ်ခါတလေ အမှားလေးတွေ ပါသွားနိုင်တဲ့အတွက် ကွဲလွဲချက်တွေ ရှိလာရင် သိရအောင် စောင့်ကြည့်ရပါမယ်။ error များတွေ့လာပါက လိုအပ်သလိုချိန်ညှိရ ပြောင်းလဲဖို့ ဝန်မလေးပါနှင့်။ အဲဒီလိုလုပ်ဆောင်ခြင်းဖြင့် email marketing campaign များကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်တယ်။

Email Marketing Tool နဲ့ Campaign တွေအကြောင်း ဒီထက်ပိုပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ B360 ကို ဆက်သွယ်နိုင်ပါတယ်။