HubSpot Unified Hubs : The Key to Business Growth - Myanmar's Leading Marketing Consulting Firm

HubSpot Unified Hubs : The Key to Business Growth

အပြိုင်အဆိုင်တွေ အရမ်းများတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ကိုယ့်လုပ်ငန်းက အခြားလုပ်ငန်းများထက် နှာတစ်ဖျားသာဖို့အတွက်ဆို software တွေ၊ system တွေ လိုလာပါပြီ။ ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် customer တွေများများ ရဖို့လိုသလို၊ ရှိပြီးသား customer တွေကိုလည်း ကောင်းမွန်တဲ့ experience တွေ ပေးပြီး ထိန်းထားဖို့ လိုတာပေါ့။ ဒီနေရာမှာ CRM က အရေးပါလာပြီ ဖြစ်ပါတယ်။ Customer Relationship Management နိုင်မှ လုပ်ငန်းက တိုးတက်သထက် တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် CRM software market မှာ market leader software အနေနဲ့ ရပ်တည်နေတဲ့ HubSpot အကြောင်းနဲ့ ကိုယ့်လုပ်ငန်းတစ်ခုလုံးကို ဒီ HubSpot platform ပေါ်မှာ ဘယ်လိုအခြေပြုပြီး လည်ပတ်နိုင်သလဲဆိုတာ ပြောပြပေးသွားမှာပါ။ 

HubSpot မှာဆိုရင် လုပ်ငန်းလည်ပတ်မှု ချောမွေ့စေရန်အတွက် Marketing, Sales, Customer Service, Content Management System (CMS) နဲ့ Operations တို့ကို Platform တစ်ခုထဲမှာ တစ်စုတစ်စည်းတည်း HubSpot Unified Hubs အဖြစ်သုံးလို့ရအောင် provide လုပ်ထားပါတယ်။ HubSpot Unified Hubs ဆိုတာ Marketing၊ Sales ကစလို့ Customer Service, Operations နှင့် Content Management System (CMS) အထိ တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားတဲ့အပြင် Data Analysis နဲ့ Reporting တွေကိုပါ တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်တဲ့ all-in-one platform တစ်ခုဖြစ်ပါတယ်။ 

HubSpot Unified Hubs မှာဆိုရင် _

Marketing activities တွေ လုပ်တဲ့အခါ မတူညီတဲ့ tools တွေ အများကြီးသုံးရပါတယ်။ Data တွေကို collect လုပ်ဖို့၊ data analysis လုပ်ဖို့၊ Ads တွေ Campaign တွေ run ဖို့၊ Email marketing လုပ်ဖို့၊ Report တွေပြန်ကြည့်ဖို့ ဒါတွေလုပ်ဖို့ဆိုရင် tools တွေအများကြီး သုံးကြရပါတယ်။

HubSpot Marketing Hub ကတော့ ဒီ tools တွေအားလုံးကို တစ်နေရာတည်းမှာ စုပေးထားတာ ဖြစ်ပါတယ်။ CRM နဲ့ပါတွဲထားတဲ့အတွက် Customer တွေရဲ့ Data တွေကို တစ်နေရာတည်းမှာ အလွယ်တကူ access ရနိုင်တယ်။ Landing Page တွေ၊ Blogs တွေကိုလည်း coding မလိုဘဲ ဖန်တီးနိုင်တယ်။ Social media management လုပ်နိုင်တယ်။ Ads တွေ၊ Campaigns တွေကိုလည်း ဒီ Hub ထဲကပဲ run တဲ့အတွက် Analyzing နဲ့ Reporting ပြန်လုပ်တဲ့အခါမှာလည်း အခြား software တွေကို တဆင့် ပြန်ပြောင်းစရာမလိုဘဲ တစ်နေရာတည်းမှာ အကုန် connect လုပ်ပေးထားတာ ဖြစ်ပါတယ်။

Sales Hub ဆိုတာကတော့ အရိုးရှင်းဆုံး ပြောရရင် Sales Management System တစ်ခုပါ။ ကိုယ့် Product တွေ၊ Service တွေ ကိုစိတ်ဝင်စားနေတဲ့ Potential Customer, Prospect တစ်ယောက်ကို ကိုယ့်ရဲ့ Loyal Customer တစ်ယောက် ဖြစ်လာအောင် လုပ်ရတဲ့ ခရီးစဉ်တစ်လျှောက်မှာ သုံးဖို့လိုအပ်တဲ့ Features တွေ၊ Tool တွေ ပါဝင်တဲ့ Sales software တစ်ခုဖြစ်ပါတယ်။ Sales Hub ဆိုတဲ့အတိုင်း sales process တွေကို တစ်နေရာတည်းမှာ friction မရှိစေဘဲ လုပ်နိုင်စေမယ့် Hub တစ်ခုလို့ ပြောလို့ရပါတယ်။ Sales Hub မှာဆိုရင် Sales close မြန်မြန်လုပ်နိုင်မယ့် tool တွေ၊ task management လုပ်နိုင်မယ့် feature တွေ၊ Quote management နဲ့ Sales Analytics tools တွေပါဝင်ပါတယ်။ 

Service Hub ဆိုတာ customer တွေကို seamless experience ပေးနိုင်အောင် ပြုလုပ်ပေးထားတဲ့  Hub တစ်ခုဖြစ်ပါတယ်။ Customer service နဲ့ပတ်သတ်တဲ့ task မှန်သမျှကို ဒီ HubSpot Service Hub ကနေ ticket ဖွင့်ပြီး တိုက်ရိုက်လုပ်နိုင်တဲ့အပြင် Feedback survey တွေ၊ knowledge base တွေ၊ custom portal တွေပါ ဖန်တီးနိုင်ပါတယ်။ 

Operations Hub ကတော့ customer တွေရဲ့ data စီမံခန့်ခွဲမှုကို အလိုအလျောက်လုပ်ဆောင် နိုင်ပြီး data quality ကိုပါ improve ဖြစ်အောင်လုပ်နိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။  Data format တွေကို ပြန်ပြင်နိုင်သလို bulk deduplication တွေလည်း လုပ်နိုင်ပါတယ်။ Third – party app တွေနဲ့ HubSpot ချိတ်ဆက်ပြီး data တွေ sync၊ mapping တွေလည်း လုပ်နိုင်မှာပါ။ 

Cloud-based Content Management System ဖြစ်တဲ့ CMS Hub ကိုအသုံးပြုပြီး  Websites ဒီဇိုင်းတွေကို Technical Skill မလိုအပ်ဘဲ ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ Web Content များကိုလည်း Manage လုပ်နိင်သလို SEO (Search Engines Optimization) အတွက်လည်း content တွေကို optimize လုပ်ပေးပါတယ်။ နောက်ပြီး security feature တွေဖြစ်တဲ့ SSL encryption, two-factor authentication, and content delivery network (CDN) integration တွေလည်းပါဝင်တဲ့ Hub တစ်ခုဖြစ်ပါတယ်။

Benefits of HubSpot CRM

ဒီလိုမျိုး Sales၊ marketing နဲ့ service teams တွေ အတူတကွ စည်းချက်ညီညီ လုပ်ဆောင်နိုင်တဲ့ HubSpot Unified Hubs ကို အသုံးပြုပြီး သင့်လုပ်ငန်းကို ဘယ်လိုအကျိုးရှိစေနိုင်လဲဆိုရင်တော့ _

Streamlined Operations

တခြားဆော့ဖ်ဝဲလ်တွေကို တစ်ဆင့်ပြောင်းသုံးစရာမလိုဘဲ တစ်နေရာတည်းမှာ အကုန်လုပ်နိုင်တဲ့ All-in-one platform ဖြစ်တာကြောင့် ဆော့ဖ်ဝဲလ်တွေအများကြီးကို Manage လုပ်စရာမလိုတဲ့ အတွက် ဝန်ထမ်းများကို အခက်အခဲများမရှိစေဘဲ အချိန်ကုန်သက်သာစေနိုင်ပါတယ်။

360-Degree Customer View

HubSpot’s CRM ကိုအသုံးပြုပြီး Customer တွေရဲ့ activity တွေ၊ ကိုယ့် organization နဲ့ customer ကြားက interaction တွေကို 360 degree မြင်နိုင်ပြီး Customer တွေရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်စေနိုင်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ Personalized Experiences တွေကိုပေးနိုင်ပါတယ်။

Improved Collaboration

HubSpot Platform နဲ့ လုပ်ငန်းရဲ့ Department တိုင်းကို ချိတ်ဆက်လုပ်ဆောင်နိုင်ပြီး team တွေအကြား informationတွေ လွတ်သွားတာ၊ နားလည်မှု လွဲတာတွေ ကို ဟန့်တားနိုင်သလို  Cross functional team တွေ အတူတကွအလုပ်လုပ်နိုင်တဲ့အတွက် လုပ်ငန်းအောင်မြင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

Automated Workflows

HubSpot CRM ထဲမှာ Follow-up email workflow တွေ Email sequences တွေလုပ်နိုင်တဲ့ အပြင် အခြား daily tasks တွေကိုလည်း  automate ပြုလုပ်ထားလို့ရပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ တစ်ခြားအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေကို  အချိန်ပိုပေးနိုင်ပြီးတော့ သင့်လုပ်ငန်းကို မြန်ဆန်စေပါတယ်။

Data-Driven Decision-Making

HubSpot Unified Hubs ကို သုံးပြီး ရလာတဲ့ Data တွေကို HubSpot ထဲက Reporting tool နဲ့ ROI ကို track လုပ်လို့ရမယ်၊ Analyse လည်းလုပ်လို့ရနိုင်သလို report တွေကိုလည်း customized လုပ်ပြီး စိတ်ကြိုက်ထုတ်လို့ရနိုင်ပါတယ်။ ထို report တွေကိုအသုံးပြုပြီး သင့်လုပ်ငန်းအတွက် တိကျတဲ့ results တွေရရှိဖို့ ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

ဒီလို အကျိုးကျေးဇူးတွေကြောင့် HubSpot ကို ယနေ့ဒစ်ဂျစ်တယ်စီးပွားရေးခေတ်မှာ လုပ်ငန်းတိုးတက်စေဖို့အတွက် သော့ချက်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ Marketing, Sales, Customer Service, Operations နဲ့ Content Management တို့ကို တစ်စုတစ်စည်းတည်း platform တစ်ခုအဖြစ် ပေါင်းစပ်ခြင်းအားဖြင့် Customer Experiences ကို မြှင့်တင်နိုင်မယ်၊ လုပ်ငန်းလည်ပတ်မှုကို လည်း ချောမွေ့စေပြီးတော့ လုပ်ငန်းကိုရှေ့ဆက်တိုးနိုင်ဖို့အတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက် များကိုပါချနိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့် HubSpot ဟာ လုပ်ငန်းအကျိုးစီးပွားတိုးတက်ဖို့အတွက် အထောက်အကူပြုနိင်ပြီးတော့ အလွန်အရေးပါတဲ့ system တစ်ခုဖြစ်တာမို့လို့ သင့်လုပ်ငန်းအတွက် အခုပဲ B360 ကို ဆက်သွယ်လိုက်ပါလို့ အကြံပြုပါတယ်။