လုပ်ငန်းရှင်တွေအနေနဲ့ HubSpot CRM ကို ဘာကြောင့်ရွေးသင့်တာလဲ - Myanmar's Leading Marketing Consulting Firm

လုပ်ငန်းရှင်တွေအနေနဲ့ HubSpot CRM ကို ဘာကြောင့်ရွေးသင့်တာလဲ

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိရဲ့ လုပ်ငန်းမှာ Marketing, Sales, Customer Service စတာတွေနဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် CRM Software ကောင်းတစ်ခုကိုရှာနေပါသလား။ Customer data ကအစ Report အဆုံး ဒေတာတွေ အကုန်လုံးကို platform တစ်ခုတည်းမှာပဲ ကြည့်ချင်ပါသလား။

လုပ်ငန်းကြီးကြီး၊ သေးသေး ဝယ်သူနဲ့ ကိုယ့်ရဲ့ကြားက ကောင်းမွန်တဲ့ relationship ဟာ သင့်လုပ်ငန်း အောင်မြင်ဖို့အတွက် အရမ်းအရေးပါပါတယ်။ မှန်ကန်တဲ့ CRM Software တစ်ခုသာဆိုရင် ဝယ်သူတစ်ယောက် ကိုယ့်လုပ်ငန်းနဲ့ စထိတွေ့ချိန်ကနေ ကာလကြာရှည်တဲ့ ဖောက်သည်တစ်ယောက် ဖြစ်တဲ့အထိ manage လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

CRM တစ်ခုရွေးတော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ Business Goal တွေ၊ Employee တွေရဲ့ လိုအပ်ချက်တွေနဲ့ ဝယ်သူတို့ရဲ့  လိုအင်တွေကိုပါ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ CRM Software မှာ ပထမဆုံးမြှုပ်နှံမှာဖြစ်ဖြစ်၊ အရင်သုံးနေတဲ့ CRM ကနေ ပြောင်းချင်တာဖြစ်ဖြစ် ကိုယ့်လုပ်ငန်းကို အကျိုးပြုပြီး လုပ်ငန်းရဲ့ ရည်ရွယ်ချက်နှင့် ဝယ်သူရဲ့ လိုအပ်ချက်တွေကို ဟန်ချက်ညီညီ ဖြည့်ဆည်းနိုင်မယ့် CRM Software တစ်ခုရဖို့ဆိုတာ အရေးကြီးတာပေါ့။ 

ဈေးကွက်ထဲမှာလည်း ရာနဲ့ချီတဲ့ CRM Software တွေရှိနေတာဆိုတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် CRM ကို ရွေးချယ်ရ ခက်ခဲတာမျိုး ဖြစ်နိုင်တာပေါ့။ Sales, Marketing နဲ့ Service အတွက် တစ်နေရာတည်းမှာ အသုံးပြုနိုင်မယ့် powerful software တစ်ခုရှာနေတာဆိုရင် ဒီ blog ကို ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

ဈေးကွက်ထဲမှာ CRM Software မြောက်များစွာ ရှိတဲ့ထဲက HubSpot ဟာဆိုရင် လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် Marketing, Sales, Customer Service, Content Management System (CMS) နဲ့ Operations တို့ကို Platform တစ်ခုထဲမှာ တစ်စုတစ်စည်းတည်း သုံးလို့ရအောင်လုပ်ပေးထားတဲ့ all-in-one platform တစ်ခုဖြစ်ပါတယ်။ Data Analysis နဲ့ Reporting တွေကိုပါ တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်တဲ့အတွက် လုပ်ငန်းရှင်တွေအတွက် အတော်လေး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ HubSpot CRM ကို ရွေးချယ်သင့်တဲ့ အဓိကအကြောင်းရင်းများကတော့-

  • အသုံးပြုရလွယ်ကူခြင်း
  • Automation တွေ ပြုလုပ်နိုင်ခြင်း
  • Cloud-based CRM ဖြစ်လို့ အချိန်နဲ့တစ်ပြေးညီဒေတာတွေ သိရှိနိုင်ခြင်း
  • အခြား software များဖြင့် အလွယ်တကူချိတ်ဆက်နိုင်ခြင်း
  • Mobile App ရှိခြင်း
  • ဒေတာတွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပြီး Reporting တွေအထိ ထုတ်လို့ရခြင်း
  • Marketing team အနေနဲ့ ROI တွေ track လုပ်လို့ရခြင်း
  • လက်ရှိအရောင်းဒေတာတွေအပြင် ခန့်မှန်းရောင်းအားတွေပါ ချမှတ်နိုင်ခြင်း
  • Department တိုင်း ဟန်ချက်ညီညီ အသုံးပြုနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

အသုံးပြုရလွယ်ကူခြင်း

Software အသစ်တစ်ခုကို ပြောင်းသုံးတဲ့အခါမှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတစ်ခုက user တွေအနေနဲ့ အသုံးပြုရခက်ခဲတာပဲဖြစ်ပါတယ်။ CRM Software အသုံးပြုသူတွေရဲ့ အဓိက pain point တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ တော်တော်များများ ကြုံရတာက management က ဆုံးဖြတ်ပြီး software တွေ ဝယ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းသုံးရတဲ့ ဝန်ထမ်းတွေအနေနဲ့ software တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့က အချိန်ယူရပါတယ်။ အသုံးပြုရ ခက်ခဲတဲ့ CRM software တွေက ဝန်ထမ်းအပေါ် ဝန်ပိစေတာပေါ့။ HubSpot ကတော့ သူ့ရဲ့ လွယ်ကူရိုးရှင်းတဲ့ Software မျက်နှာပြင်ကြောင့် အသုံးပြုရလွယ်ကူတယ်ဆိုပြီး user တွေကြားမှာ နာမည်ကြီးပါတယ်။ Hub တွေ ပြောင်းသွားလည်း တူညီတဲ့ pattern နဲ့ပဲ ဖွဲ့စည်းထားတာကြောင့် အသုံးပြုရသူတွေအတွက် အခက်ခဲမရှိဘဲ မြန်မြန်ဆန်ဆန် ကျင့်သားရစေပါတယ်။

နားမလည်တာရှိခဲ့ရင်လည်း Software အသုံးပြုပုံ၊ အသုံးပြုနည်းတွေကို အသေးစိတ်ရှင်းပြထားတဲ့ HubSpot articles တွေ ရှိတဲ့အပြင် Free Educational Content တွေကို HubSpot Academy Website  မှာ သွားရှာကြည့်လို့ရပါသေးတယ်။

Cloud-based CRM ဖြစ်လို့ အချိန်နဲ့တစ်ပြေးညီဒေတာတွေ သိရှိနိုင်ခြင်း

HubSpot CRM က Cloud-based CRM ဖြစ်လို့ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်စက်ပစ္စည်းကမဆို ဒေတာတွေကို update လုပ်နိုင်၊ ကြည့်နိုင်ပါတယ်။ ဒေတာတွေဟာလည်း CRM data base မှာ အချိန်နဲ့တစ်ပြေးညီ အက်ပ်ဒိတ်ဖြစ်တာမို့ ဒေတာတွေ up to date မဖြစ်မှာ စိုးရိမ်စရာ မလိုပါဘူး။ 

Automation တွေ ပြုလုပ်နိုင်ခြင်း

HubSpot ရဲ့ Automated Workflow တွေဟာ effective ဖြစ်ပြီး manually လုပ်ရမယ့် task တွေလည်း လုပ်စရာမလိုတော့တဲ့အတွက် အချိန်ကုန်လည်း သက်သာစေပါတယ်။ Personalized marketing automation တွေ၊ mass data management၊ internal & external notifications တွေ၊ tasks assign လုပ်တာတွေကို ရိုးရှင်းမြန်ဆန်စွာ လုပ်နိုင်ပါတယ်။ ဥပမာ – client တစ်ယောက်က သင့်လုပ်ငန်းရဲ့ website မှာ form တစ်ခုဖြည့်သွားတယ်ဆိုပါစို့။ ဒီလိုအခြေနေမျိုးမှာဆိုရင် workflow နဲ့ ဘယ် form ဖြည့်သွားရင် ဘယ် email ပို့စသဖြင့် trigger ပြီး email တွေ ပို့လို့ရပါတယ်။

နောက်တစ်မျိုးပြောရရင် သင်ပို့ထားတဲ့ email ထဲက Link A ကို click ရင် ဘယ် follow up email ကိုပို့၊ Link B ကို click ရင် ဘယ် action ကိုလုပ် စသည်ဖြင့် ကိုယ်လိုသလို ဖန်တီးပြီး automation တွေ ပြုလုပ်နိုင်ပါတယ်။ 

Customer တွေရဲ့ stage တွေ၊ activity တွေစတဲ့ customer journey တစ်လျှောက်ကိုလည်း manually update လုပ်စရာမလိုဘဲ အလိုအလျောက် update လုပ်ပေးပါတယ်။ Marketing rep ကဖြစ်ဖြစ်၊ Sales rep ကဖြစ်ဖြစ် customer တွေနဲ့ လုပ်လိုက်တဲ့ activity တွေကိုလည်း အလိုလျောက် update ပေးတာမို့ record တွေမကျန်ခဲ့မှာ စိုးရိမ်ရတာမျိုး မရှိပါဘူး။ 

အခြား software များဖြင့် အလွယ်တကူချိတ်ဆက်နိုင်ခြင်း

HubSpot ဟာ အခုဆို Ecosystem တစ်ခုလို့တောင် ပြောလို့ရပါတယ်။ HubSpot App Marketplace မှာ Apps တွေ ထောင်နဲ့ချီရှိတဲ့အတွက် ချိတ်ချင်တဲ့ app ကိုရှာပြီး လွယ်လွယ်ကူကူ ချိတ်လို့ရပါတယ်။ ဥပမာ – တခြားသော Platform တွေဖြစ်တဲ့ WordPress, Slack, Zoom, Salesforce, Databox စတာတွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် Marketplace မှာ Free Theme တွေ၊ Template တွေအပြင် provider တွေ၊ partner တွေ ရောင်းထားတဲ့ theme တွေ၊ template တွေလည်း ရှိတဲ့အတွက် Landing page တွေ၊ Website page တွေအတွက် ကိုယ့် brand နဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး install လုပ်၊ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

Mobile App ရှိခြင်း

HubSpot CRM ဟာ Mobile App ပါရှိတဲ့အတွက် Sales Rep တွေ၊ Service Rep တွေ၊ Marketer တွေ အနေနဲ့ data တွေကို on the go ကြည့်နိုင်ပြီး ရုံးချိန်ပြင်ပရောက်နေတဲ့အခါမျိုးမှာ သက်ဆိုင်ရာ activities တွေကို ကိုယ့်ဖုန်းထဲမှာပဲ လွယ်လွယ်ကူကူလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမျိုးမှာမဆို အင်တာနက်ရှိနေသရွေ့ customer record တွေကို ကြည့်ရှုနိုင်ပြီး tasks တွေကိုပါ manage လုပ်နိုင်မှာပါ။

ဒေတာတွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပြီး Reporting တွေအထိ ထုတ်လို့ရခြင်း

HubSpot မှာ analytic tool တွေ ပါပြီးသား ဖြစ်သလို report ပေါင်းရာကျော်ရှိတဲ့ built-in report library လည်း ပါဝင်ပါတယ်။ ဒီနှစ်ခုထဲမှာမှ ကိုယ်လိုချင်တဲ့ report မပါသေးဘူးဆိုရင် custom report တွေလည်း စိတ်ကြိုက်ဖန်တီးနိုင်တာဖြစ်လို့ ကိုယ် data ထည့်ထားရင် ထည့်ထားသလို craft လုပ်နိုင်တာကြောင့် HubSpot ရဲ့ reporting feature က တော်တော်လေး အားကောင်းတဲ့ feature တစ်ခုဖြစ်ပါတယ်။

Marketing team အနေနဲ့ ROI တွေ track လုပ်လို့ရခြင်း

HubSpot ဟာ Marketing team အနေနဲ့ လိုအပ်တဲ့ tool တွေကို တစ်နေရာတည်းမှာ ရနိုင်တဲ့အပြင် Ads feature မှာဆိုရင် ROI ကိုပါ ကြည့်လို့ရတာ ဖြစ်ပါတယ်။ Ads account နဲ့လည်း ချိတ်ထားလို့ရတာကြောင့် ads တွေရဲ့ Performance, Cost per click တွေ နဲ့ ROI တွေကိုပါ တစ်ခါတည်းသိနိုင်ပါတယ်။

ဒါအပြင့် အသေးစိတ် report တွေဖြစ်တဲ့ Landing page views တွေ၊ marketing email တွေကို ဘယ်သူတွေက ဘယ်လောက်ဖွင့်ကြည့်ကြသလဲ၊ ဘယ် link တွေကို ဘယ်လောက် click ကြလဲစတဲ့အချက်တွေအပြင် lead အများဆုံးဝင်တဲ့ source တွေ၊ Deal တွေ အများဆုံးဖန်တီးနေတဲ့ source တွေကိုပါ HubSpot report မှာကြည့်နိုင်မှာပါ။

Website အနေနဲ့ဆိုရင်လည်း website traffic တွေကိုလည်း သေချာ track လုပ်နိုင်တဲ့အပြင် traffic တွေ ဘယ် source ကလာလဲ၊ ဘယ် page က lead အများဆုံးရနေလဲပါ ကြည့်နိုင်ပါတယ်။ ကိုယ့် CRM ထဲမှာရှိနေတဲ့ client က ကိုယ့် website ကို ဝင်ကြည့်နေရင်လည်း သိနိုင်တာမို့လို့ ဒါဟာ လုပ်ငန်းရှင်တွေအတွက်တော့ အားသာချက်တစ်ခုပါပဲ။

လက်ရှိအရောင်းဒေတာတွေအပြင် ခန့်မှန်းရောင်းအားတွေပါ ချမှတ်နိုင်ခြင်း

ရောင်းလက်စ deal တွေ၊ ရောင်းထားပြီးသား deal တွေ၊ လိုက်နေတဲ့ deal တွေစတဲ့ လုပ်ငန်းရဲ့ အရောင်းဒေတာအားလုံးကို HubSpot ထဲမှာ မှတ်ထားလို့ရပါတယ်။ Deal တွေ ရောက်နေတဲ့ အဆင့်အလိုက် weighted revenue တွက်‌ပေးသလို forecasting တွေနဲ့ goal တွေပါ ချမှတ်လို့ရတာမို့ sales team အတွက် အရမ်းအဆင်ပြေတဲ့ software ဖြစ်ပါတယ်။

Department တိုင်း ဟန်ချက်ညီညီ အသုံးပြုနိုင်ခြင်း

Cross functional team တွေ အတူတကွလုပ်ဆောင်နိုင်ခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် support ပေးတဲ့အချက်တစ်ချက်ပါ။ Team တွေ၊ department တွေက ပူးပေါင်းလုပ်ဆောင်မှ တူညီတဲ့ value တစ်ခုကို customer တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် sales team နဲ့ marketing team ဟာ နားလည်မှုရှိရှိနဲ့ align ဖြစ်အောင် လုပ်နိုင်မှ customer journey အတိုင်း ကိုက်ညီတဲ့ content မျိုးကို ပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ customer တွေကလည်း ကောင်းမွန်တဲ့ end to end experience ကို ခံစားရမှာဖြစ်ပါတယ်။

HubSpot CRM မှာဆိုရင် ဒီလို collaboration တွေကို အလွယ်တကူပြုလုပ်နိုင်ပြီး ကိုယ့် team ရဲ့ အခြေအနေ၊ တစ်ဖက် team ရဲ့ progress တွေကို သိနိုင်ပါတယ်။ Customer တွေရဲ့ contact information တွေ၊ data တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။ Customer နဲ့ Sales/ Service rep ကြားက interaction တွေ၊ ဒီ customer နဲ့ ပတ်သတ်ပြီး Marketing team ရဲ့ activity တွေ၊ email conversation တွေ၊ phone call တွေ၊ meeting တွေကို log လုပ်ပြီး မှတ်ထားပေးတာကြောင့် team တွေအကြား info လွတ်သွားတာ၊ နားလည်မှု လွဲတာတွေကို ဟန့်တားနိုင်ပါတယ်။

ဒီအချက်တွေကြောင့် HubSpot CRM ဟာ လုပ်ငန်းတွေအတွက် ရွေးချယ်သင့်တဲ့ software ကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် HubSpot CRM ကို စမ်းသုံးကြည့်ချင်တယ်ဆိုရင် B360 ကို အခုပဲ ဆက်သွယ်လိုက်ပါ။