GLOSSARY
Brush up on the latest marketing, business and customer experience terms
Wondering what that acronym means? Type it in below and search the glossary.
Browse definitions by letter
#
301 Redirect
301 redirect ဆိုသည်မှာ ဝဘ်ဆိုဒ်တစ်ခု၏ စာမျက်နှာတစ်ခုမှ ဝဘ်ဆိုက်၏ အခြားစာမျက်နှာသို့ အမြဲတမ်း ပြန်လည်ညွှန်းဆိုခြင်းဖြစ်သည်။ ယာယီအားဖြင့် 302 redirect နဲ့ မတူတာက...
302 Redirect
302 redirect ဆိုသည်မှာ ဝဘ်ဆိုက်တစ်ခု၏ စာမျက်နှာတစ်ခုမှ ဝဘ်ဆိုက်တစ်ခု၏ အခြားစာမျက်နှာသို့ ယာယီပြန်ညွှန်းခြင်းဖြစ်သည်။ အမြဲတမ်းဖြစ်သည့် 301 လမ်းကြောင်းလွှဲခြင်းနှင့်မတူဘဲ၊ …
A
Abandoned Cart Email
ဝယ်ယူသူသည် Website၏ ငွေရှင်းခြင်းလုပ်ငန်းစဉ်ကို အပြီးမသတ်ဘဲ Website မှ ထွက်ခွာသွားသဖြင့် ငွေရှင်းခြင်းလုပ်ငန်းစဉ်မပြီးပြတ်သေးသော ပစ္စည်းကို အီးမေးလ်မှတဆင့် ထပ်မံ အသိပေးခြင်းဖြစ်သည်။
Advertising Campaign
Advertising Campaign ဆိုတာ သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတစ်ခုရဲ့ ရောင်းအားမြင့်တက်လာဖို့
Affiliate Marketing
Affiliate Marketing သည် Individual သို့မဟုတ် Organization များနှင့် မိတ်ဖက်ပြုပြီး ၎င်းတို့မှတဆင့် လုပ်ငန်းတစ်ခုသို့ ဝယ်ယူနိုင်ချေရှိသူများကို အောင်မြင်စွာ ရည်ညွှန်းစေခြင်းဖြင့် အရောင်းအဝယ်ဖြစ်သည့်အခါ ညွှန်းဆိုသူတို့ကို ဆုချသည့် စျေးကွက်ရှာဖွေရေး မိတ်ဖက်ပရိုဂရမ်တစ်ခုဖြစ်သည်။
Art Direction
Art Direction ဆိုတာ ရေးဆွဲဖန်တီးမယ့် Visual တစ်ခုကို ဘယ်လိုပုံစံမျိုးသွားမလဲ၊ ဘယ်လို Design Element တွေထည့်မလဲ၊ ဘယ်လို Mood and Tone သွားမလဲ စသည့်ဖြင့် လက်တွေ့ရေးဆွဲ မဖန်တီးခင် Direction ချတာဖြစ်ပါတယ်။
B
B2B (Business to Business)
B2B (Business to Business) ဆိုသည်မှာ လုပ်ငန်းတစ်ခုမှ အခြားလုပ်ငန်းတစ်ခုသို့ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်များကို ရောင်းချခြင်း ဖြစ်သည်။ ဥပမာ - ဖြန့်ချီရေးလုပ်ငန်း၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ကြော်ငြာလုပ်ငန်း၊ အကြံပေးလုပ်ငန်း၊ Website Development ဝန်ဆောင်မှုလုပ်ငန်း
B2C (Business to Consumer)
B2C (Business to Consumer) ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု၏ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုများကို ၎င်း၏ စားသုံးသူများထံ တိုက်ရိုက်ရောင်းချခြင်းကို ဆိုလိုသည်။
Big Idea
Big Idea ဆိုတာ Advertising Campaign တစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ Key Message ဖြစ်ပါတယ်။ Big Idea ဆိုတာ Target Audience နဲ့ အကောင်းဆုံးဆက်စပ်မှုရှိရမှာဖြစ်ပြီး Campaign မှာပါဝင်တဲ့ အိုင်ဒီယာ အားလုံးကို Big Idea ပေါ်မူတည်ပြီး စဉ်းစားရပါတယ်။
Brand Persona
Brand Persona ဆိုတာ ကိုယ့် Brand ဟာလူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ပုံဖော်ရတာဖြစ်ပါတယ်။
Briefing
အလုပ်တစ်ခုမစတင်ခင်မှာ Product အကြောင်း၊ Service အကြောင်း၊ ဖြစ်ချင်တဲ့ ရလဒ်တွေ၊ ပုံဖော်စိတ်ကူးထားသော အရာတွေ၊ Product နှင့် ဆက်စပ်တဲ့ သတင်းအချက်အလက်တွေ၊ Brand Guideline တွေ၊ Do's and Dont's တွေကို ကြိုတင်ရှင်းပြပေးခြင်း ဖြစ်ပါတယ်။
Business Development Representative
Salesအပိုင်းကိုဆောင်ရွက်ရပြီးတော့inbound leadအတွက်အဓိကတာဝန်ရှိသောသူ။
Brand Guideline
ကိုယ့် Brand ရဲ့ အကြောင်း ကြော်ငြာတဲ့အခါ ပါဝင်ရမယ့် Logo ၊ သုံးရမယ့်အရောင့်၊ Font၊ လုပ်ရမယ့်အရာတွေ၊ ရှောင်ရမယ့်အရာတွေ၊ အဓိကပေးရမယ့် Key Message စတာတွေကို တသမတ်တည်းဖြစ်အောင် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
C
Call to Action (CTA)
CTA ဆိုသည်မှာ Target Audience အနေဖြင့် Marketing Message တစ်ခုကို လက်ခံရရှိပြီးနောက် နောက်တစ်ဆင့်လုပ်ဆောင်စေလိုသည့် အပြုအမူဖြစ်သည်။
Click-Through Rate (CTR)
Click-Through Rate (CTR) ဆိုသည်မှာ ကြော်ငြာတစ်ခုကို မြင်ပြီးနောက် ကလစ်နှိပ်သည့် လူဦးရေ ရာခိုင်နှုန်းဖြစ်သည်။
Closed Lost
Customersဘက်ကကိုယ့်service/productကိုအကြောင်းအမျိုးမျိုးကြောင့်ငြင်းဆိုလိုက်တဲ့အခြေအနေ။
Closed Won
Customersဘက်ကကိုယ့်service/productကိုသဘောကျပြီးတော့ဝယ်ယူဖို့သဘောတူလိုက်တဲ့အခြေအနေ။
Consumer Journey
Consumer Journey ဆိုတာ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူမသုံးစွဲခင် Customer တွေကြုံတွေ့ရတဲ့ ခရီးစဉ် အဆင့်တွေဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုအကြောင်းကို စတင်သိရှိခြင်း
Contact
သင့် CRM တွင် လူပုဂ္ဂိုလ်၏ အချက်လက်ကို သိမ်းဆည်းရာတွင် အသုံးပြုသည့်အရာ
Conversion
ကိုယ့်service/productsနဲ့ပတ်သတ်ပြီးသတင်းအချက်အလက်တခုခုကိုရယူလိုသူ(သို့မဟုတ်)ကိုယ့်service/productကိုဝယ်ယူသောသူကိုဆိုလိုသည်။
Copy
Customer တွေ မိမိရဲ့ ကုန်ပစ္စည်းတွေကိုစိတ်ဝင်စားပြီး ဝယ်ယူဖို့ ဆွဲဆောင်တဲ့ ကြော်ငြာစာသားမှန်သမျှကို Copy လို့ခေါ်ပါတယ်။
Cross-selling
ရှိနေပြီးသားcustomersကိုနောက်ထပ် additional service/productတွေထပ်ဝယ်ချင်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။
D
Deal
လူတွေကိုယ့် service/productကို ဝယ်ယူနိုင်ချေရှိတဲ့ အခွင့်အလမ်းကိုဆိုလိုသည်။
Director Board
Director Board ဆိုတာ Story Board ရေးဆွဲပြီးနောက် Director က ဘယ်လိုရိုက်ချက်တွေ၊ ဘယ်လို Camera Angle တွေ၊ ကြာချိန်တွေစသည်ဖြင့် အသေးစိတ် ကြိုသိအောင် လုပ်ဆောင်ပေးထားတဲ့ Board ဖြစ်ပါတယ်။
Domain
Domain ဆိုသည်မှာ ဝဘ်ဆိုဒ် သို့မဟုတ် ဝဘ်ဆိုက်၏ အွန်လိုင်းစာမျက်နှာကို ရှာဖွေရန် တစ်စုံတစ်ဦးအသုံးပြုမည့် ဝဘ်လိပ်စာအမည်စာရင်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတိကျသောလမ်းညွှန်ချက်များပါရှိသည့်သတ်မှတ်အခွင့်အာဏာတစ်ခုမှ ထိန်းချုပ်ထားသောကွန်ပျူတာများနှင့် စက်ပစ္စည်းများ၏ ကွန်ရက်တစ်ခုဖြစ်သည်။
E
Email Marketing
Email Marketing သည် Direct Marketing ပြုလုပ်သည့် နည်းတစ်မျိုးဖြစ်ပြီး ဝယ်ယူနိုင်ချေရှိသူများနှင့် ဝယ်ယူဖူးသူများ၏ Email လိပ်စာများကို အသုံးပြုကာ Email ပေးပို့ခြင်းဖြင့် စျေးကွက်ရှာဖွေခြင်း (၀ါ) Marketing ပြုလုပ်ခြင်းဖြစ်သည်။
H
Hyperlink
Hyperlink သည် အခြားသော web page နှင့် resource များကို ချိတ်ဆက်ပေးသည့် document တခုတွင်ရှိသော icon, graphic (သို့) မျဉ်းသားထားသော စကားစုဖြစ်သည်။
K
KV
KV (Key Visual) ဆိုတာ Advertising Campaign တစ်ခုရဲ့ အဓိကအကျဆုံး Visual ဖြစ်ပါတယ်။
L
Lead
သင့်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို တစ်မျိုးတစ်ဖုံဖြင့် စိတ်ဝင်စားကြောင်း ပြသသည့် ပုဂ္ဂိုလ် (သို့) ကုမ္ပဏီ
Lead Nurturing
အရည်သွေးကောင်းသော Lead များရှာဖွေရန် ဆက်သွယ်ရေးစနစ်များ (အီးမေးလ်များ၊ ဆိုရှယ်မီဒီယာ မက်ဆေ့ချ်များ စသည်) ဖြင့် အဆက်သွယ်မပြတ်စေရန် ပြုလုပ်ပြီး တဖြည်းဖြည်း အရောင်းလမ်းကြောင်းပေါ်ရောက်အောင် တင်ပေးသည့် အလေ့အကျင့်တစ်ခုဖြစ်သည်
M
Marketing Qualified Lead
မားကတ်တင်းပြုလုပ်ရန် အရည်အသွေးပြည့်မီသော ပုဂ္ဂိုလ် (သို့) ကုမ္ပဏီ
Meta Description
Meta Description သည် webpageတခု၏ အကြောင်းအရာကို အကျဉ်းချုပ်ဖော်ပြသည့် HTML tagတစ်ခုဖြစ်သည်။
Meta Tags
Meta Tag များသည် Web page ၏ အကြောင်းအရာများကို သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေသော HTML Tag များဖြစ်သည်။
Meta Title
Meta Title သည် HTML code တွင် သတ်မှတ်ထားသည့် webpage တစ်ခု၏ ခေါင်းစဉ်ဖြစ်သည်။
P
Page Title
Page title သည် browser window ၏ ထိပ်ဆုံး နှင့် search engine result များတွင် ပေါ်လာသည့် web page တစ်ခု၏ ခေါင်းစဉ်ဖြစ်ပါသည်။ page title ကို HTML page တခု၏ title element ဖြင့် သတ်မှတ်ထားပါသည်။
Prospect
မိမိရဲ့ product/serviceကို စိတ်ဝင်စားနေပြီး ဝယ်ယူနိုင်ချေရှိတဲ့သူကိုဆိုလိုသည်။
S
Sales Development Representative
Salesအပိုင်းကိုဆောင်ရွက်ရပြီးတော့outbound leadအတွက်အဓိကတာဝန်ရှိသောသူ။
SEO
SEO ၏ အရှည်ကောက်မှာ 'Search Engine Optimization' ဖြစ်ပြီး google တွင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ရှာဖွေသည့်အခါ ထိပ်ဆုံးတွင် ပြသပေးသည့် ဈေးကွက်ရှာဖွေရေးနည်းပညာတစ်ခုဖြစ်သည်။
Server
Server ဆိုသည် မှာ အင်တာနက်အတွင်းရှိ ဒေတာ အရင်းအမြစ်များ၊ ဝန်ဆောင်မှုများ၊ သို့မဟုတ် ပရိုဂရမ်များကို စီမံခန့်ခွဲခြင်း ၊သိုလှောင်မှုပြုလုပ်ခြင်းနှင့်ကွန်ရက်တစ်ခုမှတစ်ဆင့် clients ဟုခေါ်သော အခြားကွန်ပျူတာများသို့ ပံ့ပိုးပေးသည့် ကွန်ပျူတာ သို့မဟုတ်ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။
Social Selling
မိမိရဲ့ social mediaကို အသုံးပြုပြီး ကိုယ်ရဲ့ product/serviceတွေကို လူတွေစိတ်ဝင်စားလာအောင် ပြုလုပ်ခြင်းဖြစ်သည်။
Story Board
Storyboard ဆိုတာ ကြော်ငြာ Video တစ်ခုမရိုက်ခင် ဘယ်လိုပုံစံမျိုးရိုက်မယ်ဆိုတာကို ကြိုပြီးသိရှိစေဖို့ ရေးဆွဲရတဲ့ ပုံအကြမ်းဖြစ်ပါတယ်။
T
Tagline/Slogan
Tagline/Slogan ဆိုတာ ကိုယ့် Brand အကြောင်းကို တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ ကိုယ်စားပြုနိုင်တဲ့ စာသားဖြစ်ပါတယ်။
U
Up-selling
Customersတွေ ဝယ်ယူချင်တာထက် ပိုမိုကောင်းမွန်ပြီးupgradeဖြစ်တဲ့service/productတွေကိုဝယ်ယူချင်လာအောင်လုပ်ဆောင်ခြင်းဖြစ်သည်။
W
Website
Website ဆိုသည်မှာ တူညီသော ဒိုမိန်းရှိ ဝဘ်စာမျက်နှာများ ကိုစုစည်းထားပြီး browserကို အသုံးပြု၍ ဝဘ်ဆိုက်တစ်ခုသို့ ဝင်ရောက်နိုင်သည်။ ဝဘ်ဆိုဒ်များကို အစိုးရ၊ ပညာရေး၊ e-commerce၊ ကုမ္ပဏီအစုစုစသည်ဖြင့် ရည်ရွယ်ချက်များစွာဖြင့် ဖန်တီးနိုင်သည်။
Website Integration
Website Integration ဆိုသည်မှာ ဝဘ်ဆိုဒ်တစ်ခုမှ အချက်အလက်များကို အခြားအပလီကေးရှင်း၊ စနစ် သို့မဟုတ် ဝဘ်ဆိုက်သို့ ပေးပို့ခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်သည်။ မတူညီသော အရင်းအမြစ်များမှ ဒေတာများကို ချိတ်ဆက်လိုသောအခါတွင် Website Integration သည် အသုံးဝင်ပါသည်။