Top 5 Email Marketing Tips To Improve Performance - Myanmar's Leading Marketing Consulting Firm

Top 5 Email Marketing Tips To Improve Performance

များစွာသော marketing activities တွေထဲကမှ email marketing ဟာ lead တွေ convert လုပ်ဖို့၊ prospects တွေနဲ့ engage လုပ်ဖို့၊ keep in touch လုပ်နေဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ email marketing တွေ လုပ်ဆောင်နိုင်ဖို့တော့ အရေးကြီးပါတယ်။

Email marketing လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်တွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အားလုံးရဲ့ တူညီတဲ့ရည်ရွယ်ချက်တစ်ခုကတော့ ကိုယ်ပို့လိုက်တဲ့ email ကို ဖွင့်ကြည့်ဖို့၊ email performance ကောင်းဖို့ ဖြစ်ပါတယ်။ ဒီတော့ open rate တက်အောင် email performance ကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

1. Audience Segmentation

ကိုယ့် prospects အကုန်လုံးကတော့ တူညီတဲ့ stage မှာ ရှိနေမှာမဟုတ်ပါဘူး။ သူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေဟာလည်း ကွဲပြားမှာ အသေချာပါဘဲ။ ဒါကြောင့် သက်ဆိုင်ရာ content တွေ၊ သူတို့သိချင်တဲ့ အကြောင်းရာတွေ ပို့ပေးဖို့လိုပါတယ်။ ဒီနေရာမှာ audience segmentation ကအရေးကြီးပါတယ်။ Audience Segmentation လုပ်ပြီး ပေးပို့ခြင်းက Open rate တွေ မြင့်စေတယ်။ Unsubscribe လုပ်တဲ့နှုန်းတွေ ‌နည်းစေတယ်။ Leads တွေရအောင်လည်း convert လုပ်နိုင်စေပါတယ်။

2. Clear and Concise CTA

Email တစ်ခုချင်းစီမှာ goal တစ်ခုတော့ရှိမှာ ဖြစ်ပါတယ်။ ကိုယ်က ကိုယ့် email ဖတ်တဲ့သူတွေကို ဘာလုပ်စေချင်တာလဲ၊ form ဖြည့်စေချင်တာလား၊ တစ်ခုခု Download လုပ်စေချင်တာလား၊ ဈေးဝယ်သွားစေချင်တာလား စသဖြင့်ပေါ့။ ဒါကြောင့် အဲ့ CTA (call to action) ကို ဖတ်ရတဲ့သူတွေအတွက် သိသာထင်ရှားအောင် လုပ်ပေးဖို့ လိုပါတယ်။ ကိုယ်က website traffic ကို တက်ချင်စေတယ်ဆို blog တွေပို့ပြီး အဲ့ blog တွေမှာ ‘Read More’ CTA ထည့်ပြီး Website ကို ခေါ်သွားတာမျိုးပေါ့။

3. Remove unengaged subscribers

နောက်ထပ် tip တစ်ခုကတော့ engage မဖြစ်တဲ့ subscriber တွေကို ဆက်မပို့တော့ဖို့ ဖြစ်ပါတယ်။ Unegaged subscriber တွေကို ပို့ခြင်းက သင့်ရဲ့ email delivery rate ကို ကျစေပါတယ်။ တစ်ခါတစ်လေ ကိုယ့် email ကို မဖွင့်တာများလာရင် ကိုယ်နောက်ထပ် ထပ်ပို့နေတဲ့ mail တွေက တစ်ဖက်လူရဲ့ spam ထဲကို ရောက်သွားတတ်ပါတယ်။ အဲ့တာကြောင့် email marketing campaign တွေလုပ်တဲ့အခါ အချိန်အတော်ကြာအထိ engage မဖြစ်တဲ့ subscriber တွေကို ဖယ်ဖို့ မမေ့ပါနဲ့။ HubSpot Marketing Hub မှာဆိုရင် ကိုယ့် previous marketing email တွေကို analyse လုပ်ပြီး Unengage contacts တွေ မှတ်ပေးထားတဲ့အတွက် လွယ်လွယ်ကူကူပဲ ‘Don’t Send to Unengaged Customers’ ကို check လုပ်ပြီး ဖယ်လိုက်နိုင်ပါတယ်။ 

4. Short and Effective Subject lines

ကိုယ့် email ဖွင့်ကြည့်ခံရ၊ မရဆိုတာ Subject lines တွေအပေါ် အများကြီး မူတည်ပါတယ်။ Subject lines တွေက interesting ဖြစ်ရမယ်၊ relevant ဖြစ်ရမယ်၊ တိုတိုနဲ့ လိုရင်းလည်း ရောက်ပါမယ်။ Subject lines ကို အများဆုံးစာလုံးရေ ၃၅ လောက်နဲ့ ရေးရင် အကောင်းဆုံးပါ။ ဒါမှ mobile view မှာလဲ Subject line က အပြည့်ပေါ်နိုင်မှာပါ။ နောက်တစ်ခုက Subject line ကို Preview text section မှာ ဘယ်တော့မှ မရေးပါနဲ့။ အဲ့လိုရေးတာက Subject line ရဲ့ Unquie ဖြစ်တာကို သိသာစေတော့မှာ မဟုတ်ပါဘူး။

5. Personalised Email

အားလုံးကို general ခြုံပို့တဲ့ email ထက်စာရင် ကိုယ့်ကို ရည်ရွယ်ပြီး ပို့တဲ့စာတွေကို ပိုနှစ်သက်ကြပါတယ်။ research တွေအရ Subject line တွေမှာ Personalization Token သုံးပြီး ပို့တဲ့ email တွေက open rate 40% ထိ မြင့်တက်လာတယ်လို့ တွေ့ရပါတယ်။ HubSpot Marketing Hub မှာဆိုရင် CRM ထဲက data တွေကို အမျိုးမျိုး personalize လုပ်ပြီး email တွေ ဖန်တီးနိုင်ပါတယ်။ Name ကိုဖြစ်ဖြစ်၊ email address ဖြစ်ဖြစ် လိုသလို customize လုပ်နိုင်ပါတယ်။ 

ဒီအချက် ၅ ချက်ကို သုံးပြီး ကိုယ့် email marketing campaign တွေရဲ့ performance ကို မြင့်အောင် လုပ်ဆောင်နိုင်ပါတယ်။ HubSpot Email Marketing Tool ကို သုံးပြီး effective email marketing campaign တွေ လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဆုံး HubSpot Certified Gold Partner ဖြစ်တဲ့ B360 ကို အခုပဲ ဆက်သွယ်လိုက်ပါ။