Marketing Plan တစ်ခုအတွက် ROI ကို ဘယ်လိုတိုင်းတာမလဲ - Myanmar's Leading Marketing Consulting Firm

Marketing Plan တစ်ခုအတွက် ROI ကို ဘယ်လိုတိုင်းတာမလဲ

Marketing campaign တစ်ခု စနစ်ကျသေချာဖို့ marketing plan ဆွဲတဲ့အခါ ROI က လိုအပ်လာပါတယ်။ Return on investment ဆိုတာ

Marketing Plan တစ်ခုအတွက် ROI ကို ဘယ်လိုတိုင်းတာမလဲ?

Marketing campaign တစ်ခု စနစ်ကျသေချာဖို့ marketing plan ဆွဲတဲ့အခါ ROI က လိုအပ်လာပါတယ်။ Return on investment ဆိုတာ အရိုးရှုင်းဆုံးနားလည်ရရင် မိတ်ဆွေက အိမ်တစ်လုံးကို $80000 နဲ့ ဝယ်လိုက်တယ်။ $20000 ဖိုးကို အစအဆုံးပြင်ဆင်မွမ်းမံပြီး $140000 ဖိုးနဲ့ ရောင်းထွက်သွားတယ်ဆိုရင် သင့်အတွက် ROI ဟာ $40000 ပါ။

ဆိုတော့ marketing planning တစ်ခု campaign တစ်ခုကို လုပ်သာလုပ်နေတယ် အဲ့ဒီလုပ်နေတဲ့ အရာကနေ ကိုယ်က ဘယ်လိုပြန်ရဖို့တိုင်းတာရမလဲဆိုတဲ့ နည်းလမ်းကို အသေးစိတ် ၃ ချက်ရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်။

How to measure a ROI

Marketing Spend ကို တွက်ချက်ခြင်း

ROI ကိုတိုင်းတာတော့မယ်ဆိုရင် သိသင့်တာက commerce နဲ့ ပတ်သက်တဲ့ business knowledge တွေပါ ထည့်သွင်းစဉ်းစားရမှာပါ။ ကျနော်တို့အနေနဲ့ marketing plan တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ပြီးပြီဆိုရင် ကုန်ကျသမျှစရိတ်အထွေထွေကို မှတ်သားထားဖို့လိုပါတယ်။ ဥပမာ ကိုယ်က content တစ်ပုဒ်ကို ကိုယ့် business page ကနေတင်တော့မယ်ဆိုရင် media buying budget (boosting budget) ကို ပဲတွက်ချက်နေတာမဟုတ်ပဲ Content writer တစ်ယောက်အတွက် ပေးရတဲ့ စရိတ်က အစ အသေးစိတ်တွက်ချက်သင့်တာပါ။
Digital Marketing ပဲဖြစ်ဖြစ် Marketing ပဲဖြစ်ဖြစ် platform ပေါ်မှာတက်သွားတဲ့ engagements counts တွေ inbox ကို ဝင်လာတဲ့ lead တွေကို ထိုင်ကြည့်ပြီးပဲတွက်ချက်နေလို့မရပါဘူး။ Business တစ်ခုရဲ့ revenue တစ်ခုလုံးကို ကာမိဖို့ဆို Marketing Spend ကို သေချာတွက်ချက်နိုင်တဲ့ အမြင်ရှိမှ ကိုယ့် business ဟာ အမြင့်တစ်ခုဆီသွားဖို့ဖြစ်နိုင်လာပါလိမ့်မယ်။

သုံးသင့်တဲ့ Channel မှာပဲ Marketing Budget ကိုသုံးစွဲပေးခြင်း

Digital Marketing era အတွက် ဒီနေရာမှာ စကားစပြောဖို့ရှိလာပါတယ်။

ကျနော်တို့အနေနဲ့ Digital Marketing လုပ်တော့မယ်ဆိုရင် မဖြစ်မနေ သိသင့်တဲ့ media (၃) ခုရှိပါတယ်။

  • Paid media
  • Owned media
  • Earned media

Paid Media ဆိုတာကတော့ ကျွန်တော်တို့က social media ပေါ်မှာပဲဖြစ်ဖြစ်၊ YouTube မှာပဲဖြစ်ဖြစ် Google မှာပဲဖြစ်ဖြစ် သူတစ်ပါး platform ပေါ်မှာ သွားကြော်ငြာရတဲ့အတွက် ပိုက်ဆံပေးရတဲ့ media တွေကိုဆိုလိုတာပါ။

Paid media တွေမှာ Facebook၊ YouTube၊ Google ads စတာတွေ ပါဝင်ပါတယ်။

Owned Media ကတော့ ကိုယ့်ကိုယ်ပိုင် media တစ်ခုပါ။ Traffic များရင် owned media ဟာ ကိုယ့် business အတွက် profit generate လုပ်ဖို့ စျေးအသက်သာဆုံး media ပါပဲ။ Owned media မှာ Website တို့၊ Landing page တို့ပါဝင်ပါတယ်။ Owned Media ရဲ့ အားသာချက်က ကိုယ့်ကိုယ်ပိုင် အိမ်တစ်လုံးကို ပိုင်ဆိုင်ထားလိုက်ရသလိုပါပဲ။ အိမ်ငှားခပေးစရာမလို၊ ပြင်ဆင်ခ ကုန်စရာမလိုတော့ဘဲ နေစရာ အိမ်တစ်လုံးရလိုက်သလိုပါပဲ။ Owned Media တစ်ခု၊ ကိုယ့်ရဲ Website တစ်ခုမှာ blog section တွေ၊ transaction flow တွေ company profile တွေကို ပြည့်ပြည့်စုံစုံထည့်လို့ရတာမို့ paid media လို သူများကို ပိုက်ဆံပေးစရာ မလိုတော့ပါဘူး။

Earned Media ကတော့ ကိုယ်က တင်နေစရာမလိုပဲ ကိုယ့် customer တွေ ကိုယ့် fan တွေကိုယ်တိုင်က ပြန်တင်ပေးတဲ့ content တွေပါ။ Viral Media လို့လဲခေါ်ပါတယ်။ User တွေက generate တဲ့ content တွေလို့လဲခေါ်သလို hashtag နဲ့ brand တွဲတင်တဲ့ ပုံတွေကလဲ earned media ကို ရရှိလိုက်တာပါပဲ။

အဲ့ဒီသုံးချက်ကို သိပြီးပြီဆိုတာနဲ့ကိုယ့် business အတွက်ကတော့ ဘယ် channel မှာ Marketing budget ကို သုံးသင့်လဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်သွားမှာ အသေအချာပါပဲ။

Marketing media channels

Competitors များရဲ့ Marketing Efficiency ကို နှိုင်းယှဉ် ကြည့်ခြင်း

Marketing ROI ကို တွက်ချက်ရတဲ့အခါ ကိုယ့်စိတ်မှန်းကြီးနဲ့ပဲ organization တစ်ခုကို ဆက်သွားနေလို့မဖြစ်ပါဘူး။ အနီးစပ်ဆုံး Competitors ၃ ယောက်ရဲ့ websiteကို ချက်ချင်းပြေးကြည့်လိုက်ပါ။ သူတို့ဘယ်လို website ကို အသုံးပြုထားလဲ၊ သူတို့ post တွေကို လူတွေက ဘယ်လို engage လုပ်နေလဲ၊ သူတို့ရဲ့ social sharing button တွေက ဘယ်လိုအလုပ်လုပ်လဲ စသဖြင့် လေ့လာသင့်ပါတယ်။နောက် content marketing ကို ဘယ်လိုစီစဉ်ထားလဲ၊ SEO လုပ်ထားလား စတာတွေကို လိုက်ကြည့်ခြင်းက competitor တစ်ယောက်ရဲ့ Marketing budget ဘယ်လောက် အကြမ်းဖျင်းသုံးထားလဲဆိုတာ
ခန့်မှန်းကြည့်နိုင်ပါတယ်။

ယခု အချက်တွေကို ကြည့်ပြီး မိတ်ဆွေက ကိုယ့် Marketing Plan တစ်ခုအတွက် ROI တစ်ခုကို မှန်မှန်ကန်ကန် တိုင်းတာလို့ရမယ့် နည်းလမ်းတွေ မြင်လာမိမယ်မျှော်လင့်ပါတယ်။