Digital Marketing ကိုမဖြစ်မနေလုပ်ဖို့ ဘာကြောင့်လိုအပ်သလဲ? - Myanmar's Leading Marketing Consulting Firm

Digital Marketing ကိုမဖြစ်မနေလုပ်ဖို့ ဘာကြောင့်လိုအပ်သလဲ?

Digital Marketing ကို ယနေ့ခေတ်မှာ လုပ်ငန်းပေါင်းစုံက လုပ်နေကြတယ်။ စီးပွားရေး sector တိုင်းကလဲ လုပ်ဖို့တွန်းအားပေးနေကြပါတယ်။ ဒါပေမယ့် ဘာကြောင့်မဖြစ်မနေလုပ်သင့်တယ်ဆိုတာ မသိသေးတဲ့သူအချို့တွက် Digital Marketing ရဲ့ အရေးပါပုံတွေကို ပြောပြပေးသွားမှာပါ။

Digital Marketing ဆိုတာ expense မဟုတ်ပဲ investment ဆိုတာ အကြောင်းစုံသိစေနိုင်မယ့် အချက် ၆ ချက် ကို ဖော်ပြလိုက်ပါတယ်။

Brand Development

Business တွေအနေနဲ့ ကိုယ့် product (သို့) service ကို Market ထဲမှာ အတိုင်းအတာတစ်ခုအထိ ရောက်နေအောင် လုပ်ပြီးပြီ။ လူတွေကလဲ ကိုယ့်ကို brand တစ်ခုအဖြစ်မြင်နေပြီဆိုရင် brand အတွက် development program တွေ စသင့်ပါပြီ။ မြင်ယောင်ကြည့်ပါ သမိုင်း၀င် Coca Cola Brand တောင် ယနေ့ခေတ်အထိ Marketing Activities တွေ Digital Marketing Campaign တွေနဲ့ လူတွေရဲ့ မျက်စိရှေ့မှောက်က အပျောက်မခံပါဘူး။ Food Panda ဆိုရင်လဲ နေရာစုံအနှံ့ Digital ရော real world မှာပါ performance branding တွေလုပ်နေတာ တွေ့ကြမှာပါ။

လုပ်ငန်းရှင်တွေအနေနဲ့ brand တစ်ခုကို consumer တွေ လက်ထဲပေးပို့ပြီးရင် မျက်စိရှေ့က အပျောက်မခံအောင် လုပ်ဖို့ Digital Marketing က အကောင်းဆုံး စွမ်းဆောင်နိုင်ပါတယ်။ Brand Reputation ပိုင်းမှာလဲ ကိုယ့် brand က ဘယ်လို CSR တွေလုပ်နေတယ် ကိုယ့် company၊ ကိုယ့်လုပ်ငန်းက ဘယ်လိုမျိုး လူတော်လူကောင်းတွေနဲ့ brand ကို တည်ဆောက်ပြီး consumers တွေဆီ deliver လုပ်နေတယ်ဆိုတာ ပြသဖို့အတွက် Digital marketing ဟာ အကောင်းဆုံး marketing model ဆိုတာ သိသာထင်ရှားနေပါတယ်။

Buying Behaviors Changes

Consumers တွေရဲ့ buying behaviors တွေဟာ အများအားဖြင့် Digital Channels တွေပေါ်ကနေ အခြေခံလာပါတယ်။ Company တစ်ခုမှာ အလုပ်ဝင်လုပ်ချင်တာပဲဖြစ်ဖြစ် စားသောက်ဆိုင်တစ်ခုမှာ သွားစားချင်တာပဲဖြစ်ဖြစ် action တစ်ခုလုပ်ချင်တိုင်းမှာ သက်ဆိုင်ရာ brand ရဲ့ page၊ Review၊ Pages တွေရဲ့ Like အရေအတွက်ကို ကြည့်လာကြပါတယ်။

တကယ်လို့တစ်ခုခု ဝယ်ဖို့သုံးဖို့ ဆုံးဖြတ်တဲ့အခါမှာလည်း Search engine တွေမှာ အရင်ရိုက်ရှာလာကြပါတယ်။ ဒါဟာ ‌သိသိသာသာ ပြောင်းလဲလာတဲ့ လူတွေရဲ့ digital behaviors တွေပါ။ ဒါကြောင့် Digital Marketing ကို အသုံးပြုပြီး Buying Behaviors တွေအလိုက် customers တွေများများရှာသင့်ခြင်း ဖြစ်ပါတယ်။

Buyers searching via social platform
Buyers searching via social platform

Affordability

အရင်ခေတ် TV commercial, Billboard ခေတ်တွေမှာ လူများများဆီ ရောက်အောင် သိန်းဆယ်ဂဏန်း ရာဂဏန်းပေးပြီး ပြခဲ့ရပါတယ်။ Digital Marketing ခေတ်မှာတော့ 10$ သုံးပြီး လူ သောင်းနဲ့ချီဆီ ရောက်အောင်ပြနိုင်ပါတယ်။ အဲ့ဒီ သောင်းနဲ့ချီတဲ့လူတွေမှာလည်း ကိုယ့် product နဲ့ Service အကြောင်းကိုပဲ စိတ်၀င်စားတဲ့ သူတွေကို ရွေးပြနိုင်ခြင်းဟာ ယခင် advertising၊ marketing နယ်ပယ်တွေနဲ့ လုံးဝမတူတော့တဲ့ တိုးတက်မှုပါ။ အဲ့တော့ ငွေနည်းနည်းပဲ ကုန်ကျပြီး ကိုယ့် brand ကို လူများများဆီရောက်အောင် ပို့မလားဆိုတာထပ် မိတ်ဆွေသာ လုပ်ငန်းရှင် ဖြစ်မယ်ဆိုရင် ပုံမှန်သုံးနေကျ marketing budget အတွက် Digital Marketing ကို investment လုပ်ရင် ကိုယ့်လုပ်ငန်းကို ဘယ်လောက် effective ဖြစ်စေမလဲဆိုတာ စဉ်းစားရမယ့် အရေးကြီးအချက်ဖြစ်ပါလိမ့်မယ်။

Demand Prediction

ကိုယ့်ရဲ့ ဘယ် product ကြော်ငြာပို့စ်ကတော့ လူကြိုက် ဘယ်လောက်ပဲရှိနေတယ်၊ ကိုယ့်ရဲ့ ဘယ် product က တော့ လူကြိုက်အရမ်းများပြီး chat-box အထိ လာအမေးများနေတယ် အစရှိတဲ့ အသေးစိတ်အချက်လက်တွေက နောက်ကွယ်က business အတွက်ပါ အသုံး၀င်နိုင်တဲ့ insight တွေပါ။ Digital Marketing ဟာ consumer တွေကို real time brand message တွေ ပေးနိုင်တာတင်မဟုတ်ပါဘူး။ ကိုယ့် product နဲ့ market demand ကို ချိန်ညှိပြီး သေချာ prediction ထုတ်ပေးနိုင်တဲ့ value added marketing model တစ်ခုဖြစ်ပါသေးတယ်။

Real Time Tracking

ကိုယ့် product ကို ကြော်ညာဖို့အတွက် စီစဉ်တဲ့အခါ ကိုယ့် customer တွေက မနက် ၁၀ နာရီမှာ အကြည့်များကြတာလား။ ည ၉ နာရီမှာမှကြည့်တတ်ကြတာလား။ ကိုယ့် page ကို အများဆုံး လာ engage တာက ရုံးပိတ်ရက်တွေလား ဖွင့်ရက်တွေလား စတာတွေကို အကောင်းဆုံး tracking လုပ်နိုင်တာဟာ Digital Marketing မှာပဲ ရှိပါတယ်။ ဒီလို track လုပ်ပေးနိုင်တာကြောင့် ကိုယ့် product ကို လူများများဆီရောက်အောင် ပို engagement ကောင်းအောင် လုပ်နိုင်ပါတယ်။

Huge ROI

ဆိုင်အသစ်ဖွင့်တာပဲဖြစ်ဖြစ်၊ product အသစ်တစ်ခု launch လုပ်ချင်တာပဲဖြစ်ဖြစ် marketing message ကို consumer တွေဆီ ပေးပို့တော့မယ်ဆိုရင် offline မှာ လက်ကမ်းစာစောင်ဝေရမယ်။ event တွေ လုပ်ရပါမယ်။ ဒီအတွက် printing ဖိုးတွေ၊ လူအားတွေ၊ event တွက်ကုန်ကျမယ့် ကုန်ကျငွေက သိန်းပေါင်းများစွာ ကုန်ကျနိုင်ပါတယ်။

ဒီနေရာမှာ digital marketing မှာ10$ လောက် ၅ ရက်သုံးပြီး consumers များများဆီ ပြမယ်။ အဲ့ဒီနောက် ကိုယ် product ကို လူသိများလာပြီး purchase လုပ်ကြပြီဆိုရင် သုံးလိုက်တဲ့ digital platform ပေါ်က ကြော်ငြာခနဲ့ရလိုက်တဲ့ အမြတ် ကာမိတာပါပဲ။

ကိုယ့် product ရဲ့ nature ပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဆိုပေမယ့် digital marketing ကတော့ ရွေးကိုရွေးချယ်သင့်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

ယခု အချက်တွေကို ကြည့်ပြီး သင့်လုပ်ငန်းအတွက် marketing investment လုပ်ရာမှာ အထောက်အကူဖြစ်မယ် မျှော်လင့်ပါတယ်။

ကျွန်တော်တို့ Beyond 360 မှာလည်း မိတ်ဆွေတို့လုပ်ငန်းအတွက် ထိရောက်တဲ့ one-stop digital marketing service တွေ ဆောင်ရွက်ပေးနေတာကြောင့် ဒီလင့်ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။