ဒီအချက် (၇)ချက်ကြောင့် Real Estate လုပ်ငန်းတိုင်း CRM Software ရှိသင့်တာပါ။

ဒီအချက် (၇)ချက်ကြောင့် Real Estate လုပ်ငန်းတိုင်း CRM Software ရှိသင့်တာပါ။

Real Estate လုပ်ငန်းတွေအတွက် Sales Management က အရမ်း အရေးကြီးပါတယ်။ Sales Manager, Business Owner နဲ့ Sales Executive တွေအားလုံးပါဝင်တဲ့ Sales Team တစ်ခုလုံးက Customer Data တွေကို အကျိုးရှိရှိသုံးပြီး Customer Relationship ကောင်းကောင်းဆောက်နိုင်ကာ၊ ဟန်ချက်ညီညီရောင်းနိုင်မှ Project တွေကနေ အမြတ်ထွက်မှာပါ။ များသောအားဖြင့် CRM Software မသုံးတဲ့ အိမ်ခြံမြေလုပ်ငန်းတွေဟာ

Customer Data တွေကို စီမံခန့်ခွဲရာမှာ အခက်ကြုံနေရတယ်။

crm-vs-excel
Source – nocrm.io

Real Estate လုပ်ငန်းအများစုဟာ Customer နဲ့ပတ်သက်တဲ့ အချက်အလက် (ဖုန်း၊ Email အစရှိသဖြင့်) တွေကို သိမ်းတဲ့အခါ Excel သို့မဟုတ် Spreadsheets တွေကို သုံးတတ်ကြပါတယ်။ ဒါကလည်း အစဉ်အလာလိုဖြစ်ပြီး အသုံးပြုရလွယ်ကူကာ၊ ငွေမကုန်လို့ပါ။ ဒါပေမယ့် လူအများနဲ့ တွဲလုပ်ရတဲ့ Real Estate လိုမျိုး လုပ်ငန်းမှာတော့ Excel တွေနဲ့ သိမ်းတာဟာ Sales Team တွေအတွက် ရေရှည်မှာ အဆင်မပြေပါဘူး။

hubspot-crm-myanmar
HubSpot CRM

HubSpot CRM လိုမျိုး CRM Software တစ်ခုကို သုံးမယ်ဆိုရင် Customer Data တွေကို တစ်နေရာတည်းမှာပဲ Secure ဖြစ်ဖြစ် သိမ်းဆည်းထားလို့ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Sales Team လူတွေ အလုပ်ထွက်သွားရင်လည်း ကိုယ့်ရဲ့ Customer Data တွေက ပြန့်ကြဲမနေဘဲ CRM Software ထဲမှာပဲ ရှိနေတော့ Customer Data ကို စီမံခန့်ခွဲရာမှာ လွယ်ကူစေပါတယ်။

အရောင်းတက်ချင်ပေမယ့် Leads Tracking လုပ်တဲ့ စနစ်ကောင်းကောင်းလိုနေတယ်။

hubspot-crm
HubSpot CRM

အရောင်းတက်ဖို့အစ Marketing က ဆိုသလိုပဲ Marketing ဘက်ကရှာပေးနေတဲ့ Leads တွေနဲ့ အဲ့ဒီ Leads တွေရဲ့ Quality ကောင်းမကောင်းကို Track လုပ်တဲ့ System လိုပါတယ်။ ဒီနေရာမှာ Leads တွေက ဘယ် Marketing Source တွေကနေ ဝင်လာလဲရယ်၊ Leads တွေက ဘယ် Lifecycle Stage တွေရောက်နေပြီလဲဆိုတာနဲ့ Lead Status ကို သိဖို့လိုပါတယ်။ ဒါမှလည်း Marketing ဘက်က ထုတ်ပေးတဲ့ Leads တွေက Qualified ဖြစ်မဖြစ်ကို သိရမှာပါ။

ကိုယ့်ရဲ့ Sales Team က လူတွေ ဘာတွေလုပ်နေလဲ မသိဖြစ်နေတယ်။

Hubspot-CRM-sales-analytics
HubSpot CRM Sales Analytics

Sales Team Management လုပ်ဖို့က Real Estate လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးပါ။ No Sales No Business လို့ဆိုကြသလိုပဲ ရုံးတစ်ရုံးမှာ Sales Team က အလုပ်သေချာ မလုပ်နိုင်ရင် လုပ်ငန်းရပ်တည်ဖို့ မလွယ်ပါဘူး။ Sales Team က လူတွေကို ဘယ်လို manage လုပ်နေလဲ ပြန်စဉ်းစားကြည့်ပါ။ Sales Rep တွေအတွက် KPI တွေ ချမှတ်နေယုံနဲ့ မလုံလောက်ပါဘူး။ Sales Person Activities တွေကို Tracking လုပ်ဖို့ လိုပါတယ်။ Phone Call ခေါ်တာတွေ၊ Email ပို့တာတွေ၊ Deal တစ်ခုကို Close ဖို့ ပျှမ်းမျှကြာချိန်၊ Meeting Outcomes တွေ၊ တစ်နေ့တာလုပ်နေတဲ့ Sales Related Tasks တွေကို သိမှ Performance အားနည်းတဲ့ Sales Repတွေကို Coaching ပေးပြီး Sales Team Performance ကို ဆွဲတင်နိုင်မှာပါ။ ဒီလိုလုပ်ဖို့ဆိုတာကလည်း HubSpot CRM လိုမျိုး Sales Management လုပ်လို့ရတဲ့ CRM ကို သုံးဖို့ လိုလာပါပြီ။

Sales Team အတွက် Sales Process ကောင်းကောင်း မချနိုင်ဘူးဖြစ်နေတယ်။

sales-process
Sales Process

Sales Team တစ်ခုအတွက် ရှင်းလင်းတဲ့ Sales Process မရှိဘူးဆိုရင် ရောင်းအားတက်လည်း ခဏပဲဖြစ်ပြီး တော်တဲ့ Sales Rep တွေအပေါ် အရမ်းမှီခိုရတဲ့အတွက် ရေရှည်မှာ လုပ်ငန်းဟာ Sustainable ဖြစ်မှာမဟုတ်ပါဘူး။

Customer Segmentation ကောင်းကောင်းလုပ်နိုင်ပြီး ပိုကောင်းတဲ့ Customer Experiences ပေးနိုင်ဖို့ ခက်ခဲနေတယ်။

customer-segmentation-myanmar
Customer Segmentation

Real Estate လုပ်ငန်းတွေမှာဆို မတူညီတဲ့ Customer Segment တွေရှိတတ်ပါတယ်။ အဲ့ဒီ Customer တွေကို သူတို့ရဲ့ Spending, Demographics, Psychographic နဲ့ Lifecycle Stage စတာတွေအပေါ်မူတည်ပြီး ကိုယ်ရောင်းချင်တဲ့ Project အလိုက် Segmentation ခွဲထားမယ်ဆိုရင် Customer တွေအတွက်ပိုပြီး Customized ဖြစ်တဲ့ ဝန်ဆောင်မှုတွေရောင်းလို့ရပါတယ်။ ဒါမှလည်း Customer တွေအနေနဲ့ သူတို့နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ရရှိပြီး ကိုယ့်ရဲ့ Brandနဲ့ ရေရှည်အလုပ်လုပ်မှာဖြစ်တဲ့အပြင် စိတ်ကျေနပ်မှုရရှိတဲ့အတွက် အခြားသူတွေကိုပါ ပြန်ညွှန်းပေးမှာပါ။

hubspot-crm-lifecycle
HubSpot CRM Lifecycle

Customer Segmentation လုပ်မယ်ဆိုရင် အဓိကက Customer Data တွေကို သေချာ အသုံးချဖို့လိုအပ်ပြီး သာမာန် Excel ထဲမှာ မှတ်ထားပြီး Segment လုပ်တာထက် CRM Software တွေကို အသုံးပြုတာက ပိုပြီး စနစ်ကျပါတယ်။

Traditional Marketing ပဲ လုပ်ဖြစ်နေပြီး အရောင်းမတက်ဘူးဖြစ်နေတယ်။

Marketing

Real Estate လုပ်ငန်းမှာ Technology ကို အသုံးပြုတာ နည်းနေပါသေးတယ်။ Traditional Marketing ရဲ့ အားနည်းချက်က Customer Journey တစ်ခုလုံးကို သေချာ Tracking မလုပ်နိုင်ဘဲ ဘယ် Channel က ROI ကောင်းအခုနောက်ပိုင်းတော့ Facebook ကြော်ငြာတွေပြုလုပ်ပြီး Marketing လုပ်တာတို့၊ Website ပြုလုပ်တာတို့ လုပ်လာကြပါပြီ။ ဒါပေမယ့် Digital Marketing ကို သေသေချာချာ 360 Run မယ်ဆိုရင် Real Estate လုပ်ငန်းတွေအတွက် ပိုပြီး အကျိုးရှိပါတယ်။ ဒီလို Digital Channel အစုံက ဝင်လာတဲ့ Customer Leads တွေကို Manage လုပ်ဖို့အတွက် CRM Software တွေကလည်း ကျွဲကူးရေပါ ဆိုသလို လိုအပ်လာတာပါ။

Report ကို မြန်မြန်နဲ့ ကောင်းကောင်းကြည့်ဖို့ ခက်နေတယ်။

HubSpot CRM Report

ကိုယ့်ရဲ့ Sales Team က လစဉ် ဘယ်လောက်ဖိုး ရောင်းနေရလဲဆိုတာကို Excel နဲ့ မှတ်ပြီး လကုန်မှ ပြန်ကြည့်နေရတဲ့အတွက် လုပ်ငန်းရှင်တွေ၊ Sales Manager တွေဟာ မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ခဲယဉ်းပါတယ်။ နောက်ပြီး Marketing ဘက်က တက်လာတဲ့ Report တွေကလည်း Sales Team ဘက်ကပေးတဲ့ Report တွေနဲ့ သီးခြားစီဖြစ်နေတော့ ဘယ်ကြော်ငြာတွေ၊ ဘယ် Platform တွေကနေ ရောင်းအားတက်နေလည်း၊ လူမေးများနေလည်းဆိုတာကို မသိနိုင်ဘူးဖြစ်နေတတ်ပါသေးတယ်။ Measurement ကောင်းကောင်း မလုပ်နိုင်တဲ့အခါ အကျိုးအမြတ်နဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို Manage လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ Peter Drucker ရဲ့ ကမ္ဘာကျော်စကားအရဆိုရင် “If you can’t measure it, you can’t manage it.” ပေါ့ဗျာ။

If you can't measure it, you can't manage it.
By Peter Drucker

အခု ဒီ Blog Post လေးကိုဖတ်နေတဲ့ လူကြီးမင်းက Real Estate လုပ်ငန်းရဲ့ Management Level တစ်ခုခုမှာ လုပ်နေတဲ့သူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ Real Estate လုပ်ငန်းမှာ CRM Software တွေဆိုတာ မရှိမဖြစ် အသက်ပါ။ အရင်က အဆင်ပြေသလို လုပ်နေခဲ့ကြပေမယ့် အခုအချိန်မှာတော့ ပိုပြီး လုပ်ငန်းကို တိုးတက်အောင် နောက်တစ်ဆင့်မြှင့်ဖို့ နည်းပညာနဲ့ နည်းစနစ် အကူအညီတွေလိုပါလိမ့်မယ်။ BEYOND 360 Marketing Technology Firm နဲ့ ဆက်သွယ်ပြီး CRM နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုကို ရယူလိုက်ပါ။