LinkedIn Marketing - Myanmar's Leading Marketing Consulting Firm

LinkedIn Marketing

LinkedIn Marketing ကို ထိရောက်အောင် ဘယ်လို အသုံးပြုမလဲ?

linkedin-marketing-myanmar
LinkedIn

B2B ကုမ္ပဏီတွေအတွက် ကိုယ်လိုချင်တဲ့ Quality Leads နဲ့ Result တွေ ရဖို့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn ကို အသုံးချနိုင်ပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ပတ်သတ်တဲ့ Contents တွေမှာလည်း Conversion Rate တစ်ခုအဖြစ် ကောင်းကောင်းရှိနေတာကို တွေ့ရပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ LinkedIn မှာကြော်ငြာထည့်တဲ့ B2B ကုမ္ပဏီအများစုက လိုချင်တဲ့ Result ကို မရကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အရည်အသွေးပြည့်မီတဲ့ LinkedIn Ads တွေကို ပြုလုပ်တဲ့အခါမှာ Testing လုပ်ဖို့ အချိန်ပိုယူရတာကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံး ကြော်ငြာပို့စ်တွေ တင်နိုင်ဖို့အတွက် B360 Marketing Consulting Firm ကနေ လိုက်နာသင့်တဲ့ Solutions တွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Contents များများတင်ပေးပါ။

ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Contents တွေများများတင်ပေးပါ။ E-book, Seminar, Infographic အလားတူ သက်ဆိုင်ရာ ပို့စ်တွေကို တင်ပေးပါ၊ Share ပေးပါ။ လုပ်ငန်း LinkedIn Page ဟာ အမြဲ active ဖြစ်နေပါစေ။

ပုံတွေ၊ ဗွီဒီယိုတွေ သုံးပါ။

Simple is Better ဆိုသလို တစ်ခါတစ်လေမှာ ပုံတစ်ပုံတည်းသုံးပြီး ဖော်ပြတာတွေကလည်း အဆင်ပြေပါတယ်။ ကိုယ် ဘာတွေလုပ်ပေးနိုင်တယ်၊ Clients တွေအတွက် ဘယ်လို Offer တွေရှိတယ် ဆိုတာကို စာ၊ ပုံ တို့နဲ့ သေချာဖော်ပြပေးပါ။ တစ်ချက်ဖတ်ရုံနဲ့ နားလည်သဘောပေါက်စေဖို့၊ ပုံပေါ်က စာလုံးအရေအတွက် နည်းနည်းနဲ့ ထိရောက်ဖို့လိုပါတယ်။LinkedIn မှာ အမြင်အာရုံ ဆွဲဆောင်မှုရှိတဲ့ အရောင်တောက်တောက် စာလုံးတွေ အသုံးပြုဖို့ အကြံပြုပါတယ်။

Copy ပုံစံအမျိုးမျိုးကို ပြောင်းလဲပြီး သုံးကြည့်ပါ။

ကိုယ့်လုပ်ငန်းရဲ့ copy ကို brand voice နဲ့ရော audience နဲ့ပါ လိုက်ဖက်အောင် တင်သင့်ပါတယ်။ အသုံးနှုန်းတွေလည်း ပြောင်းလဲသုံးကြည့်သင့်ပါတယ်။ ဥပမာ-

– “You” နဲ့“We” အသုံးအနှုန်း နှစ်ခု ဘာကွာလဲစမ်းကြည့်ပါ၊
– အာရုံစိုက်စေချင်တဲ့ စာလုံးကို ကွင်းထဲထည့်ပြီး ရေးပါ ( e.g. “[E-book]”)၊ ကွင်းဖြုတ်ပြီးလည်း ရေးကြည့်ပါ၊
– Job Title တွေကို ဖော်ပြပြီး သုံးကြည့်ပါ၊ မဖော်ပြဘဲလည်း သုံးကြည့်ပါ။

Call-To-Action ပါအောင် ထည့်ပါ။

“Try, Download, Sing up, Subscribe, Learn, Request” အစရှိတဲ့ CTA (Call To Action) စကားလုံးများ သုံးပါ။ Call-to-action ထည့်သုံးခြင်းဟာ တွေဝေနေတဲ့ Client တွေကို စမ်းကြည့်ဖို့၊ သုံးကြည့်ဖို့ အများကြီးတွန်းအားပေးပါတယ်။

Call-to-action-buttons

Target Areas ကို များများထားပေးပါ။

LinkedIn မှာ Target Audience ရွေးချယ်စရာ တော်တော်များများ ပေးထားပါတယ်။ Target Audience ကို Job Title ပေါ်မှာ မူတည်ပြီး ရွေးပေးသင့်ပါတယ်။ ကိုယ်က ဘယ်လို ကြော်ငြာမျိုး လုပ်ချင်လဲ ဆိုတာလည်း မူတည်ပါတယ်။ Target Audience ကို Job Title မှာသာမကပဲ Company Size, Industry, Skill, Location တွေပေါ်မှာပါ မူတည်ပြီးလည်း ရွေးချယ်ပေးဖို့ LinkedIn ကနေ အကြံပြုထားပါတယ်။ Audience များများ လိုချင်ရင် Audience Size က အနည်းဆုံး 50,000 ကနေ 100,000 အကြားရှိဖို့ အကြံပေးထားပေမယ့် Sponsored Content တစ်ခုရဲ့အကောင်းဆုံး Result အတွက်ဆိုရင်တော့ Audience Size 300,000 အထိရှိဖို့လိုပါတယ်။ ကိုယ်သုံးတဲ့ Budget ပေါ်လည်း မူတည်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ကိုယ် ဘယ်လောက်ရင်းလိုက်ပြီး အမြတ်ဘယ်လောက်ပြန်ရလဲဆိုတာ သိနိုင်ဖို့အတွက် Tracking Links တွေ မဖြစ်မနေ လိုအပ်ပါတယ်။ Tracking Links အတွက် Google Analytics ရဲ့ Campaign URL Builder, WordPress ရဲ့ Tracking Link Generator လို Free Tools တွေကို စမ်းသုံးကြည့်လို့ရပါတယ်။ သင့်တော်တဲ့ Budget နဲ့သုံးကြည့်ပါ။ Ads အများစုက LinkedIn မှာ ကြော်ငြာဖို့အတွက် တစ်ပတ်ကို ပျမ်းမျှဒေါ်လာ ၁၀၀ ခန့်အထိ သုံးကြပါတယ်။

Cost Per Click

Click တစ်ချက်ချင်းစီအတွက် ပေးချေရမယ့် ပုံစံနဲ့ သုံးကြည့်ဖို့ LinkedIn က တိုက်တွန်းထားပါသေးတယ်။ ကိုယ့်ရဲ့ Audience (50,000 – 100,000) ကြားသာဖြစ်မယ်ဆိုရင် ကြော်ငြာပို့စ်အတွက် Budget ကိုပိုသုံးဖို့ လိုပါလိမ့်မယ်။ လုပ်ငန်းတူကြော်ငြာတွေနဲ့ Audience ပမာဏ နည်းနည်းကို အပြိုင်ဆွဲဆောင်ရမှာကြောင့် ဖြစ်ပါတယ်။

  • ကြော်ငြာပို့စ်တွေ စမ်းတင်ပါ။ ဘယ်ပိုစ့်က Performance ပိုကောင်းလဲဆိုတာ သိနိုင်ဖို့ CPC ကို Track လုပ်ပါ။ Budget ကို မနည်းမများစေပဲ သေချာချင့်ချိန်ပြီးသုံးပါ။
  • ကိုယ့်ရဲ့ ကြော်ငြာတွေအပေါ်မှာ သုံးသပ်ချက်ပြုလုပ်ပါ။
  • Result တွေကို နှိုင်းယှဉ်ပါ။
  • Measure လုပ်ပါ။
  • Ads Run ပြီးရင် ပစ်မထားပဲ ကိုယ် Run ထားတဲ့ Ads တွေကို စောင့်ကြည့်၊ သုံးသပ်နေဖို့လည်း လိုပါတယ်။ ဘယ်နည်းက ပိုထိရောက်တယ်၊ မထိရောက်ဘူး စတဲ့ မှတ်စု၊ ထင်မြင်ချက်၊ သုံးသပ်ချက်တွေကို Report ထုတ်၊ မှတ်တမ်းတင်ပါ။

ဖော်ပြပါ နည်းလမ်းတွေကို LinkedIn ရဲ့ Quality Ads တွေမှာ ဂရုတစိုက် လိုက်နာလုပ်ဆောင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ Quality Leads နဲ့ Result တွေကို အချိန်တိုအတွင်း Budget အများကြီး သုံးစရာမလိုဘဲ ရရှိနိုင်မှာဖြစ်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။