HubSpot Analytics: Uncovering Data InsightHubSpot Analytics: Uncovering Data Insight - Myanmar's Leading Marketing Consulting Firm

HubSpot Analytics: Uncovering Data Insight

လုပ်ငန်းအတွက် Sales and marketing software တွေသုံးနေပေမယ့် ဒေတာတွေ ပြန့်ကျဲနေလို့ လိုချင်တဲ့ real time data တွေကို လွယ်လွယ် ကြည့်လို့မရ ဖြစ်နေပါသလား?

Report တစ်ခုကြည့်ဖို့ ဟိုဘက် software ကူးလိုက်၊ ဒီဘက် software ပြောင်းလိုက် လုပ်နေရလို့ အချိန်တွေ မလိုအပ်ပဲ ကုန်နေပါသလား?

ဒါတွေက သင်တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး။ Data Literacy Index Report အရ ၇၆% သော လုပ်ငန်းရှင်တွေလည်း ဒီ pain point တွေကို ကြုံတွေ့နေရပါတယ်။

အရင်တုန်းကတော့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ အတွေ့အကြုံတွေ၊ သိမှုခံစားချက်တွေပေါ် အခြေခံပြီး ဆုံးဖြတ်ကြတာများပါတယ်။ ဒီလိုတွေ ဆုံးဖြတ်ကြတဲ့အခါ အောင်မြင်တာတွေလည်း ရှိသလို၊ ကျရှုံးတာတွေလည်း ရှိတတ်ကြပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် HubSpot Software အကြောင်းကို ဒီ blog မှာ ပြောပြပေးသွားမှာဖြစ်လို့ လုပ်ငန်းရှင်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

HubSpot Software က SalesMarketingService စတဲ့ Team အားလုံးက အသုံးပြုနိုင်တဲ့ all-in-one CRM platform တစ်ခုဖြစ်ပါတယ်။ Sales Team အနေနဲ့ နေ့စဉ်အရောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို HubSpot CRM ထဲမှာ သိမ်းဆည်းနိုင်ပြီး Marketing Team အနေနဲ့ Social Media Post တင်တာတွေ၊ Email ပို့တာတွေနဲ့ Ads run တာတွေကို HubSpot CRM ထဲကနေ ပြုလုပ်နိုင်ပါတယ်။  

မြင်သာအောင်ပြောရမယ်ဆိုရင် လုပ်ငန်းတစ်ခုလုံးရဲ့ Sales & Marketing အပိုင်း ကို HubSpot CRM ပေါ်မှာ အခြေခံပြီး လည်ပတ်နိုင်ပါတယ်။

ဒီလို မတူညီတဲ့ Department တွေက Software တစ်ခုတည်းကို အတူတူ အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးကတော့ Reporting အားကောင်းတာပါပဲ။ HubSpot ရဲ့ reporting နဲ့ analytic tool ဟာ ပြန့်ကျဲနေတဲ့ raw data တွေကို လုပ်ငန်းရှင်တစ်ယောက်၊ မန်နေဂျာတစ်ယောက်အနေနဲ့ data-driven decision တွေ ချမှတ်နိုင်မယ့် report တွေဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

HubSpot ရဲ့ Reporting Dashboard မှာဆိုရင် ကြိုတင်ဖန်တီးထားတဲ့ Report template တွေကို ယူသုံးလို့ရသလို Custom report builder နဲ့လည်း ကိုယ်ကြည့်ချင်တဲ့ Data တွေကို ရွေးချယ်ကြည့်ရှုနိုင်ပါသေးတယ်။ 

Sales Performance တွေကို တိုင်းတာရာမှာ အဓိကကျတဲ့ နံပါတ်တွေဖြစ်တဲ့ Deals အရေအတွက်၊ Gross Profit Report, Revenue Forecasting အစရှိတာတွေကို ကြည့်ရှုနိုင်ပါတယ်။ ဒ့ါအပြင် Sales Repတွေအနေနဲ့ နေ့စဉ် Manual Report ရေးတင်စရာမလိုဘဲ Sales team ရဲ့ activity တွေ၊ ဘယ် rep ကတော့ email ဘယ်လောက်ပို့ထားလဲ၊ ဖုန်းဘယ်လောက်ခေါ်ထားလဲ၊ task ဘယ်လောက် complete ဖြစ်ထားလဲ စတဲ့ activity တွေ၊ performance တွေကိုလည်း real time data အနေနဲ့ ကြည့်နိုင်တာမို့ ဘယ်သူက ပိုပြီး အလုပ်လုပ်နေလဲဆိုတာ ထင်သာမြင်သာရှိတဲ့ Analytics Tool တွေနဲ့ Tracking လိုက်လို့ရပါတယ်။

visualization-of-sales-performance-in-the-HubSpot-Reporting-tool
Visualization of sales performance in the HubSpot Reporting tool

Marketing data အနေနဲ့ဆိုရင်လည်း marketing performance တွေကို dashboard တစ်ခုတည်းမှာ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ Customer lifecycle ကို သေချာ track လုပ်နိုင်ပြီး interaction စတာကနေ deal close ဖြစ်တဲ့အထိ attribution တွေကိုပါ သေချာသိနိုင်တဲ့အထိ powerful ဖြစ်ပါတယ်။ 

HubSpot Marketing Hub မှာ LinkedIn, Facebook, Instagram, Twitter စတဲ့ Social Media Platform တွေကို တိုက်ရိုက်ချိတ်ဆက်နိုင်တာကြောင့် ဒေတာတွေကြည့်ဖို့ platform တစ်ခုချင်းစီ ပြောင်းနေစရာမလိုပဲ HubSpot တစ်နေရာတည်းမှာပဲ platform အားလုံးရဲ့  performance တွေကို monitor လုပ်လို့ရပါတယ်။ Social အကောင့်အားလုံးက post တွေရဲ့ impression တွေ၊ clicks တွေ၊ interaction တွေ၊ session တွေကို HubSpot တစ်နေရာတည်းထဲမှာပဲ အလွယ်တကူကြည့်လို့ရပါတယ်။ 

Sales productivity dashboard
Sales productivity dashboard

ဒါ့အပြင် Ads account နဲ့လည်း ချိတ်ထားလို့ရတာကြောင့် ads တွေရဲ့ Performance, Cost per click တွေ နဲ့ ROI တွေကိုပါ တစ်ခါတည်းသိနိုင်ပါတယ်။

ဒါအပြင့် အသေးစိတ် report တွေဖြစ်တဲ့ Landing page views တွေ၊ marketing email တွေကို ဘယ်သူတွေက ဘယ်လောက်ဖွင့်ကြည့်ကြသလဲ၊ ဘယ် link တွေကို ဘယ်လောက် click ကြလဲစတဲ့အချက်တွေအပြင် lead အများဆုံးဝင်တဲ့ source တွေ၊ Deal တွေ အများဆုံးဖန်တီးနေတဲ့ source တွေကိုပါ HubSpot report မှာကြည့်နိုင်မှာပါ။

Website အနေနဲ့ဆိုရင်လည်း website traffic တွေကိုလည်း သေချာ track လုပ်နိုင်တဲ့အပြင် traffic တွေ ဘယ် source ကလာလဲ၊ ဘယ် page က lead အများဆုံးရနေလဲပါ ကြည့်နိုင်ပါတယ်။ ကိုယ့် CRM ထဲမှာရှိနေတဲ့ client က ကိုယ့် website ကို ဝင်ကြည့်နေရင်လည်း သိနိုင်တာမို့လို့ ဒါဟာ လုပ်ငန်းရှင်တွေအတွက်တော့ အားသာချက်တစ်ခုပါပဲ။

SEO reporting tool in HubSpot
SEO reporting tool in HubSpot

HubSpot မှာ data တွေကို reporting dashboard မှာကြည့်နိုင်တဲ့အပြင်

  • Sales data တွေကြည့်ဖို့ Sales Analytic tool 
  • Contact နဲ့ပတ်သတ်တဲ့ insight တွေ သိနိုင်မယ့် Contact Analytic tool
  • Service data တွေကြည့်နိုင်မယ့် Service Analytic tool
  • Website traffic data တွေ ကြည့်နိုင်မယ့် Traffic Analytic tool တွေလည်း ရှိပါတယ်။

Sales Analytic Tool ကတော့ Sales Manger တွေ၊ Owner တွေ အလိုအပ်ဆုံး tool လို့ ပြောလို့ရပါတယ်။ SAT မှာ Coach Reps and Teams, Forecast and Pipeline, Sales Outcome ဆိုပြီး အပိုင်း ၃ ပိုင်းခွဲထားပါသည်။ 

Coach Rep and Teams မှာတော့ sales team ရဲ့ activity တွေ၊ ဘယ် rep ကတော့ email ဘယ်လောက်ပို့ထားလဲ၊ ဖုန်းဘယ်လောက်ခေါ်ထားလဲ၊ task ဘယ်လောကက် complete ဖြစ်ထားလဲ စတဲ့ activity တွေ၊ performance တွေကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဘယ်သူကတော့ deal ဘယ်လောက် create လုပ်ထားတယ်။ Lead တစ်ခုဝင်လာရင် response time ဘယ်လောက်ယူသလဲ စသဖြင့်ပါ သိနိုင်ပါတယ်။ 

Forecast and Pipeline မှာ deal change history၊ Deal Funnel၊ Deal Push rate စတာတွေရဲ့ data တွေကို ကြည့်နိုင်ပါတယ်။

Sales Outcome မှာတော့ Average deal size, Deal velocity, Deal Won and lost စတဲ့ report တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Contact Analytic မှာဆို ဘယ် source ကနေ contact တွေလာနေသလဲကို list အလိုက်ဖြစ်စေ၊ contact အားလုံးဖြင့်ဖြစ်စေ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 

Service Analytic tool မှာဆိုရင်တော့ Customer satisfaction နဲ့ Team performance ဆိုပြီးနှစ်ပိုင်း ရှိပါတယ်။ Customer satisfaction score ကို အဓိက ပြပေးတာဖြစ်ပြီး Team performance အောက်မှာ ticket တွေဖြေရှင်းဖို့ ပျမ်းမျှကြာချိန်၊ support volume တွေ၊ pipeline မှာရှိတဲ့ ticket ကြာချိန်တွေနဲ့ process တွေကို ကြည့်နိုင်ပါတယ်။

Traffic analytic မှာဆိုရင် website page view ၊ sessions၊ bounce rate အစရှိတာတွေကို track လုပ်နိုင်၊ သိနိုင်ပါတယ်။ 

Various types of analytical tools available in HubSpot
Various types of analytical tools available in HubSpot

အချုပ်ပြန်ပြောပြရမယ်ဆိုရင်တော့ HubSpot မှာ analytic tool တွေ ပါပြီးသား ဖြစ်သလို report ပေါင်းရာကျော်ရှိတဲ့ built-in report library လည်း ပါဝင်ပါတယ်။ ဒီနှစ်ခုထဲမှာမှ ကိုယ်လိုချင်တဲ့ report မပါသေးဘူးဆိုရင် custom report တွေလည်း စိတ်ကြိုက်ဖန်တီးနိုင်တာဖြစ်လို့ ကိုယ် data ထည့်ထားရင် ထည့်ထားသလို craft လုပ်နိုင်တာကြောင့် HubSpot ရဲ့ reporting feature က တော်တော်လေး အားကောင်းတဲ့ feature တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ သင့်လုပ်ငန်းစနစ်တကျအောင်မြင်ဖို့အတွက် operation ကိုလည်း streamline ဖြစ်စေပြီးတော့ ဒေတာတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ တစ်နေရာတည်းမှာ စုစည်းပေးနိုင်မယ့် HubSpot CRM Software ကို စမ်းသုံးကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် B360 ကို အခုပဲ ဆက်သွယ်လိုက်ပါ။