Tech Brand တွေအတွက် မှီငြမ်းစရာ အမိုက်စား Brand Guidelines ၈ ခု - Myanmar's Leading Marketing Consulting Firm

Tech Brand တွေအတွက် မှီငြမ်းစရာ အမိုက်စား Brand Guidelines ၈ ခု

Tech Brand တစ်ခု အောင်မြင်ဖို့ Branding က အရေးကြီးတယ်ဆိုတာကို မယုံဘူးဆိုရင်တော့ Tech Brand တွေရဲ့ Brand Guideline တွေကို အောက်မှာ ကြည့်လို့ရပါတယ်။

ခေတ်တွေက တိုးတက်လာလိုက်တာ အခုဆို Tech Brand တွေ၊ Startup တွေလည်း မြန်မာနိုင်ငံမှာ အတော်ကိုများလာပါပြီ။ Product တွေအပြိုင်အဆိုင်ထုတ်ကြတဲ့အခါ Product ရဲ့ Technical, Performance အပိုင်းတွေကိုပဲ ဦးစားပေးနေလို့မရတော့ဘဲ Branding အပိုင်းကိုပါ ဂရုစိုက်ဖို့လိုလာပါတယ်။

နည်းပညာပိုင်းကတော့ အားကောင်းပြီး အသွင်အပြင်မလှမပနဲ့ အရောင်တွေကလည်း အတည်တကျမရှိပဲ၊ Icon တွေကလည်း Guideline သေသေချာချာမရှိပဲ Free ရတဲ့ Source တွေကသုံးထားတာမျိုး၊ Product တွေ ကြော်ငြာ ဒီဇိုင်းတွေကလည်း တစ်ခါဆွဲ တစ်မျိုး ဖြစ်နေမယ်ဆိုရင်တော့ နာမည်ကျော် Brand ဖြစ်ဖို့ တကယ်ကို ခဲယဉ်းပါတယ်။

Founder ကသာ Technical နဲ့ Business Operation အပိုင်းကိုပဲ အားသာတဲ့သူဆိုရင် ပိုဆိုးပါပြီ။ Brand အတွက် Consistency မရှိဘဲ၊ Brand Story ကောင်းကောင်းမရှိဘဲ ဝယ်သူကိုမျှော်နေလို့မရပါဘူး။ တကယ်အောင်မြင်တဲ့ Products တွေ Startups တွေက နည်းပညာပိုင်းမှာတင်မကဘဲ Branding အပိုင်းမှာလည်းကောင်းကြပါတယ်။ အောင်မြင်တဲ့ Tech Brand တွေတိုင်းမှာ Brand Guideline ကောင်းကောင်းတစ်ခုရှိပါတယ်။

ဒီ Brand Guidelines တွေကပဲ ကိုယ့်ရဲ့ Product, Employee, Media, Partners တွေနဲ့ Customers တွေကို ကိုယ့် Brand နဲ့ပတ်သက်ပြီး မှန်ကန်စွာ လမ်းညွှန်ပေးနိုင်မှာပါ။ တကယ်လို့ Tech Brand တစ်ခု အောင်မြင်ဖို့ Branding က အရေးကြီးတယ်ဆိုတာကို မယုံဘူးဆိုရင်တော့ Tech Brand တွေရဲ့ Brand Guideline တွေကို အောက်မှာ ကြည့်လို့ရပါတယ်။

1.Uber Brand Guideline

Uber Brand Guidelines

သာမန် Taxi ငှားတဲ့ App လေးတစ်ခုက ဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ Brand တစ်ခုဖြစ်သွားတဲ့ နောက်ကွယ်မှာ Branding ရဲ့ ပံ့ပိုးမှုတွေကလည်းပါဝင်နေပါတယ်။ Uber ရဲ့ Brand Guideline ဟာ မြင်ဖူးသမျှထဲမှာ တော်တော်လေး ပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။
Uber ရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

2.Google Brand Guideline

နောက်ထပ်လူသိများတဲ့ Brand တစ်ခုကတော့ Google ပါ။ Google မှာဆိုရင် Sub Brand တွေအများကြီးရှိတဲ့အတွက် တစ်ခုချင်းစီအတွက်ကို Brand Guidelines တွေ ထုတ်ပေးထားတာကိုတွေ့ရမှာပါ။ Brand အများကြီးရှိတဲ့သူတွေလည်း သူ့စီက အတုယူလို့ရတာပေ့ါ။

Google ရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

3.Netflix Brand Guideline

Netflix Brand Guidelines

Netflix ကတော့ နာမည်ကြီး Subscription-based Streaming Appပါ။ Netflix ဟာ သူ့ရဲ့ Product ကို နိုင်ငံအသစ်တွေ၊ Customers အသစ်တွေဆီ အမြဲတိုးချဲ့ဝန်ဆောင်မှုပေးနေတာမို့လို့ Consistency က သူတို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကိုသိလို့လည်း Brand Style Guideline ကောင်းကောင်း ဖန်တီးထားပြီး တစ်ကမ္ဘာလုံးက Team Member တွေက အဲ့ဒီ Brand Style Guideline နဲ့ အညီအလုပ်လုပ်ကြတာပါ။
Netflixရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

4. Medium Brand Guideline

Medium Brand Guidelines

Medium ကတော့ Typography နဲ့ Color အပိုင်းကို သူတို့ရဲ့ Brand Guideထဲမှာ အဓိကအားပြုထားပါတယ်။
Company နဲ့ Purpose နဲ့ Product Principles တွေကိုလည်း Brand Guide ထဲမှာ အသေးစိတ်ထည့်သွင်းထားပါသေးတယ်။
Mediumရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

5. Skype Brand Guideline

Skype Brand Guidelines

Skype ကို Microsoft က ဝယ်ပြီးနောက်ပိုင်း သူတို့ရဲ့ Brand ကို ပိုပြီး Clean ဖြစ်တဲ့ ဘက်ကိုသွားလာတာကိုတွေ့ရပါတယ်။ သူ့ရဲ့ Guideline ထဲမှာတော့ Product Phrasing နဲ့ Logo Placement အပိုင်းကို အဓိကထားပြီးဖော်ထားတာကိုတွေ့ရမှာပါ။
Skypeရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

6.Spotify

Spotify Brand Guideline

Spotify ရဲ့ Brand Guidelines ကိုကြည့်မယ်ဆို အစိမ်းရောင်နဲ့ ရိုးရိုးရှင်းရှင်းလေးလို့ ထင်စရာရှိပေမယ့် Company ရဲ့ Brand Guidelines ထဲမှာတော့ အရောင်မျိုးစုံနဲ့ ကစားပြထားတာရယ်၊ Album Artwork တွေဖန်တီးတဲ့အပိုင်းတွေကို ထည့်ပြထားပါတယ်။
Spotifyရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

7.Slack Brand Guidelines

Slack Brand Guidelines

Slack ဟာ Business Chat App တွေထဲမှာတော့ အတော်နာမည်ရပြီးသား App တစ်ခုပါ။ သူတို့ရဲ့ Branding အပိုင်း လုပ်ထားတာလေးတွေကလည်း အခြား Brand တွေကပါ အတုယူလို့ရတဲ့ Level တစ်ခုမှာရှိနေလို့ လေ့လာကြည့်သင့်တဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။
Slack ရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

8.Mailchimp Brand Guidelines

Mailchimp Brand Style Guidelines

Mailchimp တို့အနေနဲ့ စတည်ထောင်ကာစကလို Email ပို့လို့ရတဲ့ အဆင့်ကနေပိုလာတဲ့အတွက် သူတို့ရဲ့ Brand ကို Rebrand ပြုလုပ်ခဲ့ပြီး Marketing Platform အဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒီလို ပိုပြီးစုံလင်တဲ့ ဝန်ဆောင်မှုတွေကို Consistent ဖြစ်တဲ့ Brand Guideline နဲ့ ဘယ်လိုများ Storytelling လုပ်လည်းဆိုတာ Mailchimp ရဲ့ Brand Guideline ကနေတဆင့် လေ့လာသင်ယူလို့ရပါတယ်။
Mailchimp ရဲ့ Brand Guidelines ကို ဒီမှာကြည့်ပါ။

ဒီနားလေးအထိဖတ်လာပြီဆိုရင်တော့ သင်က သေချာပေါက် သင့် Product ကို ပိုကောင်းအောင်လုပ်မယ့်သူဆိုတာ ၁၀၀% သေချာသွားပါပြီ။ B360 Marketing Technology Firm ကလည်း သင့်လိုမျိုးလူတွေနဲ့ လက်တွဲပြီး ပိုကောင်းတဲ့ Tech Brand တွေကို ဖန်တီးချင်ပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး Branding လုပ်ဖို့ စဉ်းစားမိရင်တော့ အောက်က Form လေးကို ဖြည့်ပြီး ဆက်သွယ်ပေးပါ။

Start Working With B360’s Branding Team