Why do you need to choose a Custom-built website?

Why do you need to choose a Custom-built website?

တကယ်လို့ သင့်လုပ်ငန်းအတွက် Website အသစ်တခု ဒါမှမဟုတ် ရှိပြီးသား Website ကို ပြန်ပြီး ရေးဆွဲဖို့ စဉ်းစားနေတယ်ဆိုရင် သင့်မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ အဲ့ဒါတွေက –

(၁) Custom-built website
(၂) Template-based website

ပထမဉီးဆုံးအနေနဲ့ သင့်ရဲ့ကနဦးဆုံးဖြတ်ချက်က သင့်အနာဂတ်လုပ်ငန်းစွမ်းဆောင်ရည်ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ သင်ဘယ်လို ဆုံးဖြတ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်က ကျနော်တို့အသေးစိတ်ဖော်ပြမယ့် အချက်များစွာအပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဒါပေမယ့် သင်တကယ် ထည့်သွင်းစဉ်းစားသင့်တဲ့ အဓိကအချက်တွေက budget, project timeline, အမှတ်တံဆိပ်ကို တည်ဆောက်လိုတဲ့အဆင့် ၊ ထူးခြားမှုနဲ့ အသုံးပြုသူအတွေ့အကြုံ (User Experience) တို့ကို ဖော်ပြဖို့အတွက်လောက်ပဲ ဖြစ်ပါတယ်။

တခုခုကို ရွေးချယ်ခြင်းမပြုမီမှာ သင့်အနေနဲ့ သေချာလေ့လာဖို့ အမှန်တကယ် အရေးကြီးပါတယ်။ ရွေးချယ်တဲ့အခါမှာ နှစ်ခုလုံးရဲ့ ကန့်သတ်ချက်တွေနဲ့ ဖြစ်နိုင်ချေတွေကို နားလည်ထားဖို့လည်း လိုပါတယ်။ Project တခုစီမှာ ထူးခြားတဲ့ မတူညီမှုတွေရှိနိုင်တာကြောင့် ကွဲပြားခြားနားတဲ့ မတူညီနိုင်တဲ့ scope တွေရှိတယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒီစာက မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ သင့်အတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ အရာတွေအပေါ်မှာ စီးပွါးရေးလုပ်ငန်းကို အသိပညာမျှဝေဖို့အတွက် ရည်ရွယ်ပါတယ်။ ပထမဦးဆုံးအနေနဲ့… Custom Built Website ဆိုတာဘာလဲဆိုတာ အောက်မှာဖော်ပြပေးသွားပါမယ်။

စိတ်ကြိုက်တည်ဆောက်ထားတဲ့ ဝက်ဘ်ဆိုက် (Custom Built Website) ဆိုတာ ဘာလဲ?

Custom website ဆိုတာ သတ်မှတ်ချက်တွေနဲ့ မျှော်မှန်းချက်တွေအပေါ်မှာ အခြေခံပြီး Website တခုကို စိတ်ကြိုက်တည်ဆောက်ဖန်တီးခြင်း ဖြစ်ပါတယ်။ Graphics ပုံတွေကိုသုံးပြီး အချက်အလက်တွေအဖြစ် ဖန်တီးတယ် ၊ ဝက်ဘ်ဆိုက်တခုလုံးအတွက် ရှာဖွေလွယ်ကူစေမယ့် လမ်းကြောင်းပြ ဖွဲ့စည်းထားတာကနေ (Navigation Architecture)  အကြောင်းအရာစီမံခန့်ခွဲမှုစနစ် (Content Management System) အထိ အရာရာတိုင်းကို Website ဖန်တီးပြုလုပ်ပေးတဲ့သူတွေကနေ ပေါင်းစပ်ဖန်တီး ရေးဆွဲထားတာ ဖြစ်ပါတယ်။

စိတ်ကြိုက်တည်ဆောက်ရေးဆွဲထားတဲ့ Website တွေဟာ ပိုမိုအချိန်ပေးလုပ်ကိုင်ရပြီး ကုန်ကျစရိတ်လည်း မြင့်မားတတ်ပါတယ်။ အဲ့ဒါတွေအတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု ၊ အတွေ့အကြုံတွေ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့သည့်နောက်မှာတော့ သင့် Website အတွက် ကောင်းမွန်တဲ့အရာအားလုံးကို ပေးနိုင်မှာ ဖြစ်ပါတယ်။ Project တခုရဲ့နောက်ကွယ်မှာ နည်းပညာဆိုင်ရာ Website ရေးသားသူတွေရှိနေတယ်ဆိုရင် လုပ်ငန်းတခုဟာ သူတို့ရဲ့ Website ပေါ်မှာ သူတို့တွေးနိုင်သမျှ အရာရာတိုင်းကို အောင်မြင်အောင် လုပ်နိုင်ပါတယ်။

အရိုးရှင်းဆုံးပြောရရင်တော့ custom website တခုဟာ အကန့်အသတ်မဲ့တဲ့ ဖြစ်နိုင်ချေတွေ အများအပြားရှိပါတယ်။ အောက်မှာ custom-built website တခုတည်ဆောက်မယ်ဆိုရင် ရနိုင်မယ့် အားသာချက်တွေ ဖော်ပြထားပါတယ်။
စိတ်ကြိုက်တည်ဆောက်ထားတဲ့ Website (Custom Built Website) ရဲ့ အားသာချက်တွေက ဘာတွေလဲ။

စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း (Customizable)

စိတ်ကြိုက်တည်ဆောက်မယ့်/ထားတဲ့ Website တခုဟာ သင့်လုပ်ငန်းရဲ့ လိုအပ်ချက်မြင့်မားမှုတွေအပေါ် ဖြည့်ဆည်းပေးနိုင်ပါတယ်။ လိုအပ်တဲ့ဒီဇိုင်း ၊ အကြောင်းအရာနဲ့ လုပ်ဆောင်နိုင်တဲ့စနစ်တွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ ခွင့်ပြုထားပါတယ်။ Website တခုဟာ ရှုပ်ထွေးတဲ့ လုပ်ဆောင်နိုင်မှုတွေ လိုအပ်လာတယ်ဆိုရင် သင်စိတ်ကျေနပ်စေမယ့် ပြည့်စုံတဲ့ template တခုကို ရှာတွေ့ဖို့တော့ မဖြစ်နိုင်ပါဘူး။

တမူထူးခြားခြင်း (Unique)

စတင်ပြီး Website တခုကို ရေးဆွဲတည်ဆောက်ဖို့ ပြင်ဆင်ကတည်းက သင့်လုပ်ငန်းအပေါ်မှာ အခြေခံထားလို့  စိတ်ကြိုက် Website တခုက မြင့်မားတဲ့ အများနဲ့မတူတဲ့ တမူထားခြားမှုကို ယူဆောင်ပေးနိုင်ပါတယ်။ အသင့်တည်ဆောက်ထားတဲ့ templates တွေကတော့ သင်ကဲ့သို့သော ပုံစံတူ template ကို ဝယ်ယူခဲ့သလိုမျိုး အခြားသော ထောင်ပေါင်းများစွာသော ဝယ်ယူတွေနဲ့ တူညီနေနိုင်ပါတယ်။

အသုံးပြုသူအတွေ့အကြုံ (User Experience)

သင့် Website ကို လာရောက်လည်ပတ်သူတွေကို ထိရောက်တဲ့ အသုံးပြုသူအတွေ့အကြုံကို ပေးဆောင်နိုင်ပြီး သင့် Website ပေါ်မှာ ထိရောက်တဲ့ Conversion rates တွေကို တိုးတက်စေပါတယ်။

အလိုက်သင့်တုံ့ပြန်နိုင်ခြင်း (Responsive)

ခေတ်ပေါ် Website အများစုက Website ကို လာရောက်လည်ပတ်တဲ့ သင့်ဧည့်သည်တွေရဲ့ အသုံးပြုကြည့်ရှု့နိုင်တဲ့ စက်ကိရိယာတွေအပေါ်မူတည်ပြီး အလိုအလျောက် ပြန်လည်ချိန်ညှိပေးနိုင်ပါတယ်။

ထိရောက်တဲ့ ဈေးကွက်ရှာဖွေရေးကိရိယာ (Effective Marketing Tool)

စီးပွါးရေးလုပ်ငန်းတွေဟာ ရှင်းလင်းပြတ်သားတဲ့ ကာလရှည် သူတို့ရဲ့ ဈေးကွက်ရှာဖွေရေးဗျူဟာကို အမှန်တကယ်ထင်ဟပ်စေနိုင်မယ့် Website တခုကို ဖန်တီးနိုင်ပါတယ်။

ဒီစာကို သင်ဖတ်ပြီးသွားပြီဆိုရင်တော့ သင့်လုပ်ငန်းအတွက် Website တခု ဘာကြောင့်ရှိသင့်လဲဆိုတာနဲ့ Website တခု တည်ဆောက်တော့မယ်ဆိုရင် ဘယ်လိုတည်ဆောက်မှုမျိုးက သင့် Website ပေါ်မှာ Conversion rates တွေကိုတိုးစေနိုင်မလဲ ၊ ဒါတွေကို အသုံးပြုပြီး သင့်အလုပ်အတွက် ထိရောက်တဲ့ ဈေးကွက်ရှာဖွေရေးနည်းဗျူဟာတွေ မှန်ကန်စွာချမှတ်နိုင်ဖို့နဲ့ မိမိလုပ်ငန်းကို ပိုမိုတိုးတက်စေနိုင်ဖို့ ဘာတွေဆက်လုပ်ရမလဲဆိုတာကို သင်ဆုံးဖြတ်ဖို့အတွက် ပိုမိုနားလည်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။