Email Marketing သည် Direct Marketing ပြုလုပ်သည့် နည်းတစ်မျိုးဖြစ်ပြီး ဝယ်ယူနိုင်ချေရှိသူများနှင့် ဝယ်ယူဖူးသူများ၏ Email လိပ်စာများကို အသုံးပြုကာ Email ပေးပို့ခြင်းဖြင့် စျေးကွက်ရှာဖွေခြင်း (၀ါ) Marketing ပြုလုပ်ခြင်းဖြစ်သည်။
Email Marketing နည်းဖြင့် စီးပွားရေးလုပ်ငန်းများ၏ နောက်ဆုံးပေါ် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အရောင်းမြှင့်တင်မှု အစီအစဉ်များကို ဝယ်ယူနိုင်ချေရှိသူများနှင့် ဝယ်ယူဖူးသူများထံ ပုံမှန်ပေးပို့နိုင်သည်။
Marketing Strategy ၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လေ့ရှိပြီး မြန်မာနိုင်ငံတွင် အလွန်နည်းပါးသော လုပ်ငန်းများကသာ Email Marketing ကိုပြုလုပ်လေ့ရှိပြီး Email Marketing ပြုလုပ်ခြင်းမှ အကျိုးအမြတ်များရရှိလျှက်ရှိပါသည်။