Click-Through Rate (CTR) ဆိုသည်မှာ ကြော်ငြာတစ်ခုကို မြင်ပြီးနောက် ကလစ်နှိပ်သည့် လူဦးရေ ရာခိုင်နှုန်းဖြစ်သည်။ ဥပမာ – လူဦးရေ တစ်သောင်းသည် သင်၏ ကြော်ငြာကို အကြိမ်ရေ တစ်သောင်းမြင်ပြီးနောက် ဆယ်ဦးခန့်သာ ကြော်ငြာကို ကလစ်နှိပ်သွားသည် ဆိုပါစို့။ သင့်ကြော်ငြာ၏ CTR သည် 0.001 (သို့မဟုတ်) 0.1% သာ ရှိသည်။
CTRတိုင်းတာခြင်းကို Email Marketing, Landing Pages, Display Ads များနှင့် Social Media Ads များ၏ ရလာဒ်များတွင်လည်း တိုင်းတာနိုင်သည်။ ကြော်ငြာကမ်ပိန်းများ၏ ရလာဒ်ကို တိုင်းတာရာတွင် CTR ကို အဓိက Metric တစ်ခုအနေနှင့် တိုင်းတာလေ့ရှိကြသည်။