CTA ဆိုသည်မှာ Target Audience အနေဖြင့် Marketing Message တစ်ခုကို လက်ခံရရှိပြီးနောက် နောက်တစ်ဆင့်လုပ်ဆောင်စေလိုသည့် အပြုအမူဖြစ်သည်။ ဥပမာ ကြော်ငြာအများစုတွင် တွေ့ရလေ့ရှိသည့် ဆက်သွယ်လိုက်ပါ။ ဖောင်ဖြည့်လိုက်ပါ။ Email ပို့လိုက်ပါ။ စာရင်းပေးသွင်းလိုက်ပါ။ အစရှိသည်ဖြင့် အပြုအမူတစ်ခုကို တိုက်တွန်းလေ့ရှိသည့် စာစုများဖြစ်သည်။