Customer Relation Management System ဆိုတဲ့ CRM ဆိုတာ Customer တွေရဲ့ အချက်လက်တွေ၊ အမူအကျင့်တွေ၊ ကုမ္ပဏီနဲ့ သူကြားက engagement တွေ၊ activity တွေ အစရှိတဲ့ သက်ဆိုင်တဲ့ Data တွေကို သိမ်းဆည်းပေးထားတဲ့ နေရာပဲဖြစ်ပါတယ်။ ကုမ္ပဏီသေးသေး၊ ကြီးကြီး customer ဆိုတာ လုပ်ငန်းတိုင်းရဲ့ အရေးပါဆုံးဖြစ်ပါတယ်။Customer မရှိဘဲ ရပ်တည်နိုင်တဲ့ လုပ်ငန်းမရှိပါဘူး။
CRM ကနေ တစ်ဆင့် Customer တွေရဲ့ Journey တစ်ခုလုံးကို စောင့်ကြည့်ပြီး စီမံခန့်ခွဲလို့ရပါတယ်။
Table of contents
CRM က ဘာကြောင့်အရေးကြီးတာလဲ?
Sales၊ marketing နဲ့ service teams တွေ အတူတကွ စည်းချက်ညီညီ လုပ်ဆောင်နိုင်ခြင်း
Cross functional team တွေ အတူတကွလုပ်ဆောင်နိုင်ခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် support ပေးတဲ့အချက်တစ်ချက်ပါ။ Team တွေ၊ department တွေက ပူးပေါင်းလုပ်ဆောင်မှ တူညီတဲ့ value တစ်ခုကို customer တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် sales team နဲ့ marketing team ဟာ နားလည်မှုရှိရှိနဲ့ align ဖြစ်အောင် လုပ်နိုင်မှ customer journey အတိုင်း ကိုက်ညီတဲ့ content မျိုးကို ပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ customer တွေကလည်း ကောင်းမွန်တဲ့ end to end experience ကို ခံစားရမှာဖြစ်ပါတယ်။

HubSpot CRM မှာဆိုရင် ဒီလို collaboration တွေကို အလွယ်တကူပြုလုပ်နိုင်ပြီး ကိုယ့် team ရဲ့ အခြေနေ၊ တစ်ဖက် team ရဲ့ progress တွေကို သိနိုင်ပါတယ်။ Customer တွေရဲ့ contact information တွေ၊ data တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။ Customer နဲ့ Sales rep ကြားက interaction တွေ၊ ဒီ customer နဲ့ ပတ်သတ်ပြီး Marketing team ရဲ့ activity တွေ၊ email conversation တွေ၊ phone call တွေ၊ meeting တွေကို log လုပ်ပြီး မှတ်ထားပေးတာကြောင့် team တွေအကြား info လွတ်သွားတာ၊ နားလည်မှု လွဲတာတွေကို ဟန့်တားနိုင်ပါတယ်။
Lead တွေကို ပို generate လုပ်နိုင်ခြင်း
CRM tool တစ်ခုဟာ Lead တွေကို ပိုပြီးဖန်တီးနိုင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်က website မှာ form တစ်ခုလုပ်ထားတာဖြစ်ဖြစ်၊ landing page ကနေဖြစ်ဖြစ် lead တွေကို ရနိုင်ပါတယ်။ HubSpot CRM မှာဆိုရင် customer တစ်ယောက်က form ဖြည့်သွားပြီဆိုတာနဲ့ contact တစ်ခု၊ lead တစ်ခုအနေနဲ့ record ထားပြီး activity တွေကို စပြီး track ပေးပါတယ်။ ဒီနည်းနဲ့ ကိုယ့် product, service ကို စိတ်ဝင်စားတဲ့ prospect တွေကို သိနိုင်ပြီး reach out လုပ်ရတာ ပိုမိုလွယ်ကူစေတဲ့အတွက် သာမာန် cold calling လုပ်တာထက် အများကြီး ထိရောက်မှု ရှိပါတယ်။

Data တွေကို လွယ်ကူစွာ ကြည့်ရှုနိုင်၊ မျှဝေနိုင်ခြင်း
CRM အသုံးပြုခြင်းဟာ အချိန်ကုန်သက်သာစေပြီး data တွေကို ထိရောက်စွာ update ပြုလုပ်ပေးပါတယ်။ Customer တွေရဲ့ stage တွေ၊ activity တွေ၊ contact တွေကို manually ဖန်တီးနေစရာမလိုဘဲ အလိုအလျောက် update လုပ်ပေးပါတယ်။ Marketing rep ကဖြစ်ဖြစ်၊ Sales rep ကဖြစ်ဖြစ် customer တွေနဲ့ လုပ်လိုက်တဲ့ activity တွေကိုလည်း အလိုလျောက် update ပေးတာမို့ record တွေမကျန်ခဲ့မှာ စိုးရိမ်ရတာမျိုး မရှိပါဘူး။ Team အတွင်းမှာသာမက customer တွေနဲ့လည်း interact လုပ်တဲ့အခါ email၊ message တွေပို့ရင် အသုံးများတဲ့ data တွေ၊ files တွေကိုလည်း အမြဲပြန်ရှာမနေရအောင် snippets တွေဖန်တီးပြီး hashtag လေးနဲ့ အလွယ်တကူထည့်လို့ရအောင် လုပ်ထားလို့ရပါတယ်။ သက်ဆိုင်ရာ report တွေကို CRM system အတွင်းမှာပဲ analyze လုပ်နိုင်၊ ကြည့်နိုင်ပြီး export လည်းလုပ်နိုင်ပါတယ်။

Automated Tasks
CRM မှာ daily task တွေကို automate လုပ်ပြီး workload တွေကို လျှော့ချနိုင်ပါတယ်။ ဥပမာအားဖြင့် Follow-up email workflow တွေ လုပ်ထားနိုင်ခြင်း၊ Email sequences တွေ လုပ်နိုင်ခြင်း၊ Sales workflows တွေ လုပ်နိုင်ခြင်းအပြင် အခြား daily tasks တွေကို အလိုလျောက်ပြုလုပ်ထားလို့ရပါတယ်။ ဒီအခါမှာ sales close လုပ်ဖို့၊ deal close လုပ်ဖို့အတွက် အချိန်ပိုပေးနိုင်ပါလိမ့်မယ်။

Team ရဲ့ လုပ်ဆောင်ချက်တွေကို စမ်းစစ်နိုင်ခြင်း
လုပ်ငန်းကြီးထွားလာတာနဲ့အမျှ customer တွေဟာလည်း တစ်စစများပြားလာမှာ ဖြစ်ပါတယ်။ များပြားလာတဲ့ customer data တွေကို manually ထိန်းသိမ်းဖို့က ခက်ခဲပြီး အခွင့်လမ်း ဆုံးရှုံးရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ CRM အသုံးပြုတဲ့အခါ system ထဲမှာ customer တစ်ဦးစီနှင့် သက်ဆိုင်ရာဝန်ထမ်းရဲ့ assign၊ task တွေကိုပါ မြင်နိုင်တဲ့အတွက် performance ကိုပါ တစ်ခါတည်းကြည့်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့် team မှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေရှိရင်လည်း မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်ပါတယ်။

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် CRM ဟာ လုပ်ငန်းပိုတိုးတက်ဖို့ အလွန်အရေးပါတဲ့ system တစ်ခုဖြစ်ပြီး လုပ်ငန်းတွေအနေနဲ့ ရှိထားသင့်တယ်လို့ အကြံပြုပါတယ်။
ကျွန်တော်တို့ B360 Marketing Consulting Firm မှာဆိုရင် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ marketing tool, sales tool နဲ့ service tool တွေကို တစ်နေရာတည်းရနိုင်မယ့် all-in-one CRM HubSpot ကို ဝယ်ယူရရှိနိုင်ပါတယ်။ HubSpot CRM နဲ့ပတ်သတ်ပြီး သိလိုသမျှကို ဒီလင့်ခ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
