What is SEO, and what are SEO best practices? - Myanmar's Leading Marketing Consulting Firm

What is SEO, and what are SEO best practices?

SEO လို့ အတိုကောက်ခေါ်ကြတဲ့ Search Engine Optimization ဆိုတာကတော့ website traffic ကို quality ရော quantity ရော ကောင်းအောင် လုပ်ပေးပြီး organic search engine results တွေတက်အောင်လုပ်တဲ့ practice ဖြစ်ပါတယ်။ Internet ဟာ တဟုန်ထိုး ကျယ်ပြန့်လာတာနဲ့အညီ website တွေဟာလည်း သန်းနဲ့ချီပြီးပေါ်လာလို့၊ users တွေရှာရတာအဆင်ပြေအောင် search engine တွေပေါ်လာတာပဲဖြစ်တယ်။ ဒီလို website တွေ အများကြီးထဲကမှ သင့် website ကို search engine မှာပေါ်စေချင်ရင် effort တော့ထည့်မှရပါမယ်။

သင့် website အတွက် SEO က ဘာကြောင့် အရေးကြီးတာလဲ။

ကိုယ့် brand ရဲ့ ကောင်းမွန်တဲ့ products နဲ့ services တွေကို လူသိများစေချင်တာက‌တော့ လုပ်ငန်းရှင်တိုင်းနဲ့ marketers တွေရဲ့ ဦးစားပေးရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ သင့် brand ရဲ့ products နဲ့ services တွေအတွက်လုပ်ထားတဲ့ website တစ်ခုဟာ search engine တွေမှာရှာလို့ မတွေ့ရင် leads တွေဆုံးရှုံးနေရမှာပါ။ website တစ်ခုကို visitors တွေ ဝင်ကြည့်ပြီး traffic တက်စေချင်ရင် SEO မလုပ်ပဲ နေလို့တော့မရပါဘူး။

Brafton ၏ စစ်တမ်းကောက်ယူမှုတစ်ခုအရ ၉၅ % သော search traffic တွေဟာ search engine တွေရဲ့ first page မှာ ပဲ traffic တက်တာပါ။ ဆိုလိုရင်းကတော့ users တွေဟာ ကိုယ်သိချင်တဲ့ အကြောင်းအရာကို search engine တွေရဲ့ ပထမဆုံး page မှာပဲရှာကြတာပါ။ နောက် page တွေကို တော်ရုံ ဆက်မရှာ ကြပါဘူး။ ကိုယ့် website ကို search engine ရဲ့ ပထမ ဆုံး page မှာ ပေါ်ဖို့ဆိုရင် SEO လုပ်ဖို့ လိုလာပါပြီ။

Search engine” ဆိုတာကတော့ Google တို့ Bing တို့ Yahoo! တို့လို web search လုပ်လို့ရတဲ့ software system ပဲဖြစ်ပါတယ်။ ၉၃ % သော global traffic တွေဟာ Google ကနေလာတာဖြစ်လို့ Google နဲ့ ပတ်သတ်ပြီးပဲ SEO ဘယ်လိုလုပ်မလဲ ရှင်းပြပေးသွားပါမယ်။


SEO ကဘာလဲ။ SEO best practices တွေကရောဘာတွေလဲ။

SEO လို့ အတိုကောက်ခေါ်ကြတဲ့ Search Engine Optimization ဆိုတာကတော့ website traffic ကို quality ရော quantity ရော ကောင်းအောင် လုပ်ပေးပြီး organic search engine results တွေတက်အောင်လုပ်တဲ့ practice ဖြစ်ပါတယ်။

Internet ဟာ တဟုန်ထိုး ကျယ်ပြန့်လာတာနဲ့အညီ website တွေဟာလည်း သန်းနဲ့ချီပြီးပေါ်လာလို့၊ users တွေရှာရတာအဆင်ပြေအောင် search engine တွေပေါ်လာတာပဲဖြစ်တယ်။ ဒီလို website တွေ အများကြီးထဲကမှ သင့် website ကို search engine မှာပေါ်စေချင်ရင် effort တော့ထည့်မှရပါမယ်။

အရင်က SEO တွေက အရမ်းမကောင်းသေးတော့ keyword တွေဘာတွေမကောင်းရင်တောင် website content တွေဟာ search engine တွေမှာ rank ပါတယ်။ (နောက်ပိုင်းမှာ search engine တွေမှာ website content တွေပေါ်တာကို rank တယ်လို့ပဲ သုံးနှုန်းသွားပါမယ်။)

SEO level အမြင့်ပိုင်းတွေမှာ Google ဟာ E-A-T ဆိုတဲ့ practice ကို အလေးထားပါတယ်။ E-A-T ဆိုတာကတော့ Expertise ရယ် Authoritativeness ရယ် Trustworthiness တို့ပဲဖြစ်ပါတယ်။ page တစ်ခုဟာ E-A-T level နိမ့်နေရင် rank ဖို့ မလွယ်ကူပါဘူး။

SEO ဟာ short term plan နဲ့ လုပ်လို့မရပါဘူး။ results တွေမြင်ရဖို့ နဲ့ organic စစ်စစ် rank ဖို့ သီတင်းပတ်(သို့) လနဲ့ချီပြီး ကြာတတ်လို့ long term plan နဲ့ပဲလုပ်သင့်ပါတယ်။ SEO သာအလုပ်ဖြစ်ရင် သင့် website ကို visitors တွေ organic စစ်စစ် ၀င်လို့ paid advertising ထက် ငွေကုန်ကြေးကျ သက်သာမှာပါ။ သင်ဟာ သင့် website မှာ quality content တွေကို ပုံမှန်လည်းတင်မယ်၊ SEO ကိုလည်း ပုံမှန်လုပ်မယ်ဆိုရင် သင့် website ဟာ snowball effect လိုတဖြည်းဖြည်း grow လာမှာပဲဖြစ်ပါတယ်။

visual-representation-of-seo
Visual representation of SEO

Search engine တွေက content ကို ဘယ်လို rank တာလဲ။

Search engine တွေ အလုပ်လုပ်ဖို့ အဆင့် ၃ ဆင့် လိုပါတယ်။ Discovery ရယ် Relevance ရယ် Authority တို့ပဲဖြစ်ပါတယ်။ Crawl ရယ် Index ရယ် Rank လို့လည်း ခေါ်ပါတယ်။ Search engine တွေက သင့်ရဲ့ content တွေကို rank လုပ်အောင် သင့် website မှာ high quality content တွေအရင်လုပ်ရပါမယ်။ ထို content တွေကို search engine တွေက ရှာဖွေတွေ့ရှိ (Crawl) ပြီး quality ကောင်းလား categorize လုပ်ပြီး သတ်မှတ် (Index) လုပ်ပါတယ်။ 

Website တစ်ခုဟာ ranking တက်ဖို့  Authority လိုပါတယ်။ Authority ရှိဖို့ဆို  website တစ်ခုမှာ high quality links တွေလိုပါတယ်။ high quality links တွေကတော့ ကိုယ့် website မှာရှိတဲ့ internal links တွေရယ်၊ တခြား website ကလာတဲ့ backlinks တွေဖြစ်ပါတယ်။ 

သိထားသင့်တဲ့ အချက်ကတော့ သင့် content က Relevance မဖြစ်ရင် Authority ဘယ်လောက်ရှိရှိ၊ ranking တက်ဖို့ chance နည်းပါတယ်။ (Relevance ဖြစ်တယ်ဆိုတာကတော့ သင့် website က content တွေက searchers တွေသိချင်တဲ့ အကြောင်းအရာနဲ့ ထပ်တူ နီးပါးဖြစ်တာမျိုးပါ။)  

ထို့အပြင် သင့် website က Authoritative မဖြစ်ရင် Relevance ဘယ်လောက်ဖြစ်ဖြစ်၊ ranking တက်ဖို့ chance နည်းပါတယ်။ ( Authoritative  ဖြစ်တယ်ဆိုတာကတော့ သင့် website က ယုံကြည်စိတ်ချရလား၊ content တွေကရော အ‌ကြောင်းအရာ အမှန်တွေကိုရေးထားတာလား၊ reference ယူပြီး ရေးထားတဲ့ website ရဲ့  link တွေရောထည့်ပေးထားလား၊ တခြား website တွေကရော သင့် website ကို mention လုပ်လေ့ရှိလား အစရှိတာတွေကို ဆိုလိုတာဖြစ်ပါတယ်။) 

three-stages-of how-search-engine rank-content
Visual representation of how search engine rank content

SEO Strategy တစ်ခုဘယ်လိုဖန်တီးမလဲ။  

Psychology မှာ Maslow’s Hierarchy of Needs ရှိသလို SEO မှာလည်း Mozlow’s hierarchy of SEO needs ရှိပါတယ်။ Moz ရဲ့ founder က dubbed လုပ်ထားတဲ့ concept တစ်ခုဖြစ်ပါတယ်။ SEO ရဲ့ ပထမဆုံးအခြေခံအချက်ကတော့ website တစ်ခုဟာ Crawl ရော Index ရော လုပ်လို့ရနိုင်ရပါမယ်။ ဒုတိယအခြေခံအချက်ကတော့ compelling content တွေဖန်တီးရပါမယ်။ ပြီးရင် Keyword research လုပ်ရပါမယ်။ ဒီလိုနဲ့ pyramid  ရဲ့ အခြေခံအချက်တွေကို ဖြည့်စည်းပြီးတော့မှ pyramid ထိပ်က needs တွေကို တဆင့်ချင်းလုပ်နိုင်မှာပဲဖြစ်တယ်။ အောက်ကပုံကိုကြည့်လိုက်ရင်ရှင်းသွားမယ်လို့မျှော်လင့်ပါတယ်။  

Mozlow's Hierarchy of SEO Needs
Moz’s beginner guide to SEO

SEO Strategy ဖန်တီးဖို့နောက်ထပ်အ‌ရေးကြီးတဲ့အချက်ကတော့ website တစ်ခုအတွက် goals တွေချမှတ်တာ၊ KPIs တွေချမှတ်တာ တို့ပဲဖြစ်ပါတယ်။ သင့် website အတွက် ဘယ်လို goals တွေချမှတ်မှာလဲဆန်းစစ်သင့်ပါတယ်။ သင့် website မှာ organic traffic တွေ leads တွေတိုးချင်တာလား၊ mobile-optimized လုပ်ထားတဲ့ website ဖန်တီးချင်တာလား၊ physical disabilities ရှိတဲ့သူတွေ သင့် website ကို လွယ်လွယ် accessible ဖြစ်ပြီးသုံးလို့ရစေချင်တာလား၊ အစရှိတာတွေပဲဖြစ်ပါတယ်။


Marketers တွေအလွယ်တကူ apply လုပ်နိုင်မဲ့ on page SEO

Website တစ်ခုကိုဖန်တီးပြီး publish လုပ်လိုက်ရုံနဲ့ traffic တွေဝင်လာမှာမဟုတ်ပါဘူး။ traffic အသစ်တွေရဖို့ Google ဆီမှာ optimize အရင်လုပ်ရပါမယ်။ ဒီလိုလုပ်ရတာကို on page SEO လို့ ခေါ် ပါတယ်။ on page SEO ဟာ search engine နဲ့ users တွေအတွက်အ‌ရေးကြီးပါတယ်။


1.SEO အတွက် content ကို ဘယ်လို optimize လုပ်မလဲ။

Google ဟာ users တွေ ဘာတွေရှာနေတာလဲသိချင်လို့ Relevance ဖြစ်မှုကို focus လုပ်ပါတယ်။ Relevance ဖြစ်မှုဆိုတာကတော့ users ရှာတဲ့ keywords နဲ့ web page မှာ ရှိတဲ့ keywords တူတာမျိုးကိုဆိုလိုတာပါ။ အဲ့လို Relevance ဖြစ်ချင်လို့ users တွေရှာလောက်တဲ့ keywords တွေစုပြုံထည့်ရေးရုံနဲ့ သင့် content ကို rank မဖြစ်စေပါဘူး။ users တွေအတွက် အသုံးဝင်လောက်မဲ့ content တွေကိုပဲ ဖန်တီးပြီးတင်သင့်ပါတယ်။

On page SEO elements တွေကတော့ Heading tag ရယ် Title tag တို့ပဲဖြစ်ပါတယ်။ Heading tag တွေက SEO ကိုအရင်ကလို တိုက်ရိုက် effect မဖြစ်စေမဲ့ users တွေအတွက် Relevance ဖြစ်တဲ့ Heading ဆို SEO ကိုကောင်းစေမှာပါ။ Heading tag တွေကို H1 တို့ H2 တို့ H3 တို့နဲ့ တပ်ပေးသင့်ပါတယ်။ page title ကို H1 tag ပဲထားရပါမယ်။ page title ကို content နဲ့သက်ဆိုင်တဲ့ primary keyword တွေထည့်ရေးသင့်ပါတယ်။

Title tag ဆိုတာကတော့ web page တစ်ခုရဲ့ title ကိုဆိုလိုတာပါ။ Title tag ကို SEO title လို့လဲခေါ် ပါတယ်။ Heading tag နဲ့ Title tag ကမတူပါဘူး။ Heading tag က web page မှာမြင်ရတဲ့ title ဖြစ်ပြီး Title tag ကတော့ web page တစ်ခုကို click မလုပ်ခင် SERPs မှာ မြင်ရတဲ့ title ဖြစ်ပါတယ်။ SERPs ဆိုတာကတော့ Search Engine Results Page ကို အတိုကောက်ခေါ် တာပါ။ Title tag က searchers တွေရှာဖွေတဲ့ content မျိုးဖြစ်ရင် ကောင်းပါတယ်။

Title tag ကို ထိထိမိမိ နဲ့ လိုရင်းကိုရေးသင့်ပါတယ်။ အရမ်းရှည်တဲ့ Title ဆို SERPs မှာ စကားလုံး ၆၀ လောက်ဆို ဖြတ်ပစ်လိုက်ပါတယ်။ အဆုံးထိဖတ်မရတော့ ကိုယ့် blogs ကို visitors တွေ ၀င်မဖတ်ပဲ တခြား website တွေကို ရောက်သွားပါလိမ့်မယ်။

SEO အတွက် content ကို tool နဲ့ optimize လုပ်နိုင်ပါသေးတယ်။ market ထဲမှာ tool တွေရှိပေမဲ့ HubSpot ရဲ့ blog and page editor မှာပါတဲ့ optimize tab မှာလည်း optimize လုပ်နိုင်ပါတယ်။

ဒီအချက်တွေကတော့ SEO အတွက် content ကို optimize လုပ်လို့ရတာတွေပဲဖြစ်ပါတယ်။

How to optimize content for SEO
How to optimize content for SEO

2.SEO ကောင်းဖို့ link description နဲ့ alternative text တွေရဲ့အသုံးဝင်မှု

Link description ဆိုတာကတော့ website page မှာ‌‌ရေးထားတဲ့စကားလုံးကို click လိုက်ရင် hyperlink ကနေတစ်ဆင့် သင့် website ရဲ့ တခြား page (သို့) external website pages တွေကို ရောက်သွားတာ ကိုဆိုလိုပါတယ်။ ဥပမာ သင် ရဲ့ Digital Marketing blog မှာ အရင်က‌ရေးထားဖူးတဲ့ Email marketing အကြောင်း Inbound marketing အကြောင်း link ချိတ်ပေးတာ၊ တခြား website က content ကို reference ထည့်ပေးတာတို့ပဲဖြစ်ပါတယ်။ 

Link description ကြောင့် သင့် website ကို ဝင်ဖတ်တဲ့ users တွေအတွက်လဲ အဆင်ပြေစေသလို  search engine တွေက သင့် website structure ကို link တွေကနေတဆင့်ပိုမို နားလည်စေတော့ crawl ရတာပိုမိုအဆင်ပြေပါစေလိမ့်မယ်။ link description ကို internal links အနည်းဆုံး ၃ခု၊ external links အနည်းဆုံး ၃ခု ထည့်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

Alternative text (alt text) ကိုတော့ သင့် website မှာထည့်မဲ့ image တွေမှာထည့်ရေးပေးရမှာပါ။ crawler bots တွေဟာ images တွေဆိုနားမလည်ပါဘူး၊ contents တွေရယ်၊စာကြောင်းတွေလောက်ပဲနားလည်တာပါ။ ဒီ image ဟာ ဘာအကြောင်းအရာလည်းဆိုတာကို description ထည့်ပေး အကြောင်းအရာကို နားလည်ပြီး crawl နိုင်မှာဖြစ်ပါတယ်။

နောက်တချက်က alt text က disabilities ရှိသူတွေအတွက်လည်းအဆင်ပြေစေပါတယ်။ voice assistant က image အကြောင်းအရာကိုဖတ်ပြတော့ hearing disability ရှိသူတွေအတွက် အဆင်ပြေ‌စေပါတယ်။

ဒီအချက်တွေကြောင် link description နဲ့ alternative text တွေကိုလည်း SEO အတွက် သေချာလုပ်သင့်တာပါ။

  

3.SEO ကောင်းဖို့ Meta Descriptions တွေရဲ့ တစိတ်တပိုင်း အရေးပါမှု 

Users တွေအကြောင်းအရာတစ်ခုကို search engine မှာ ရှာရင် ပထမဆုံးမြင်ရမှာကတော့ page title နဲ့ meta descriptions တို့ပဲဖြစ်ပါတယ်။ ဒီနှစ်ခုရဲ့ စိတ်ဝင်စားမှုကောင်းအောင် ရေးထားမှုအပေါ် မှုတည်ပြီး Users တွေက သင့် website ကိုဝင်ကြည့်မှာဖြစ်ပါတယ်။ meta descriptions ဆိုတာကတော့ သင့် web page တစ်ခု (သို့) သင်ရေးထားတဲ့ blog အကြောင်းကို searchers တွေနားလည်လွယ်အောင် အကျဉ်းချုပ် ရှင်းပြတဲ့ စာတိုပဲဖြစ်ပါတယ်။  

meta descriptions ကို ဘာကြောင့် ရေးကို ရေးရမယ်ဆိုတဲ့ အချက် ၃ ချက်

  • meta descriptions ကြောင့် clickthrough rates နဲ့ organic visits တွေတက်လာစေနိုင်ပါတယ်။
  • ကိုယ်ရေးထားတဲ့ content နဲ့သက်ဆိုင်တဲ့ အကြောင်းအရာ ကို ရှာနေတဲ့သူတွေဆီမှာ ပေါ်စေနိုင်ပါတယ်။
  • meta descriptions ကြောင့် soical media ကနေလည်း သင့် website visits rate ကိုတက်လာနိုင်စေပါတယ်။

ဥပမာပေးရရင် တော့ သင်ဟာ website content တစ်ခုရဲ့ link ကို Facebook မှာ share တယ်ပဲဆိုပါစို့။ Facebook users တွေဟာ သင် share ထားတဲ့ link ရဲ့  meta descriptions ကိုစိတ်၀င်စားလို့ click ပြီးဝင်ဖတ်ရင် သင့် website traffics တွေတက်လာမှာပါ။

ဒါဆို SEO ကောင်းဖို့ meta descriptions တွေဘာကြောင့်ရေးသင့်လဲဆိုတာ သိမယ်လို့ မျှော်လင့်ပါတယ်။

Meta descriptions visualization
Meta descriptions visualization

4.သင့် website page တွေကို Google က index လုပ်ဖို့ ဘာတွေလုပ်ရ မလဲ။

Search engines တွေမှာ သင့် Website ပေါ်ဖို့ on page SEO က အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ crawling၊ indexing နဲ့ ranking တို့ အခန်းကဏ္ဍ ပါ၀င်လာပြီဖြစ်တယ်။ ဒီ process ဟာ web crawlers တွေ website pages တွေကို scan ဖတ်ပြီး analyze လုပ်တာကနေစတင်ပါတယ်။ web crawlers တွေ ပထမဆုံး scan တာကတော့ sitemap data ပဲဖြစ်ပါတယ်။ ( sitemap ဆိုတာကတော့ website နဲ့သက်ဆိုင်တဲ့ links တွေပါတဲ့ file ပဲဖြစ်ပါတယ်။) ထို့နောက် website page ရဲ့  title tags တွေ meta descriptions နဲ့  alt tags တွေကို index လုပ်ပါတယ်။ 

တကယ်လို့ သင့်ရဲ့  page ဟာ index လုပ်လို့မရနေရင်တော့ website နဲ့သက်ဆိုင်တဲ့ URLs တွေပါတဲ့ XML sitemap တစ်ခုကို သင့် website page မှာတင်ရပါမယ်။ XML sitemap ကို website တစ်ခု publish လုပ်ပြီးချင်းချင်း submit သင့်ပါတယ်။ နောက်သိထားတဲ့ အချက်ကတော့ website မှာ edits တစ်ခုခုလုပ်လိုက်တိုင်း sitemap ကို ပြန်ပြီး submit လုပ်သင့်ပါတယ်။ တခြား CMS မှာတော့  sitemap ကို manual ပြန်ပြီးတင်ရပေမဲ့ HubSpot CMS Hub မှာတော့ ဒီ process ဟာ automatic တင်သွားမှာဖြစ်ပါတယ်။  

5.Internal Linking 

Internal Linking လုပ်တယ်ဆိုတာကတော့ website တစ်ခုအတွင်းမှာပဲ website page တစ်ခုကနေတခြား website page တစ်ခုကို internally ချိတ်ဆက်တာပဲဖြစ်ပါတယ်။  ဒီလိုလုပ်ခြင်းဖြင့် users တွေက page တစ်ခုကနေ နောက် page တစ်ခုကို လွယ်လွယ်ကူကူ access လုပ်နိုင်လို့ user experience ကို ပိုပြီးကောင်းစေပါတယ်။ link authority ကို page တစ်ခုကနေ တစ်ခုကို ကူးပြောင်းပေးလို့ linked လုပ်ခံရတဲ့ page ရဲ့ ranking ကိုတက်စေပါတယ်။


SEO အတွက် Keyword Research က ဘာလို့အရေးကြီးတာလဲ။

Keyword Research ဆိုတာကတော့  search engines တွေမှာ လူတွေရှာနေတဲ့ search terms တွေကို ရှာဖွေ analyze လုပ်ပြီး ရလာတဲ့ data ကိုပြန်လည်အသုံးချတဲ့ process ဖြစ်ပါတယ်။ ဒီ process ကြောင့် သင့် target audience တွေ ဘာတွေရှာဖွေနေလဲဆိုတာကို ‌သေချာနားလည်စေပါတယ်။ သင်‌ရေးနေတဲ့ content တွေကို ဘယ်သူမှရှာဖွေမနေဘူးဆိုရင်တော့ သင့် website ဟာ traffic တွေ တက်လာမှာမဟုတ်ပါဘူး။ ဒါဆို Keyword Research လုပ်ဖို့လိုအပ်လာပါပြီ။

Keyword Research နယ်ပယ်မှာ အဓိက search terms သုံးခုရှိပါတယ်။

  • Head terms (Fat head)
  • Body keywords
  • Long tail keywords

Head terms (Fat head) ဆိုတာကတော့ Users တွေရှာဖွေမှုအများဆုံးဖြစ်ပြီး content ရေးသူတွေ အသုံးပြုတာ များလို့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ တစ်လုံးထဲသော Keyword ကိုဆိုလိုတာဖြစ်ပါတယ်။ ဥပမာ. Marketing ဆိုတဲ့စကားလုံးက တလုံးထဲဆိုအရမ်းကျယ်ပြန့်ပါတယ်။ Digital marketing နဲ့ LinkedIn marketing ဟာ marketing ကို category ထပ်ပြီးခွဲလိုက်လို့ marketing ဆိုပြီးပဲသုံးလိုက်ရင်၊ marketing ဆိုတဲ့ Keyword အောက်မှာ ဒီ နှစ်ခုလုံး အကျုံးဝင်တာ ဖြစ်ပါတယ်။ ဒီဥပမာနဲ့ Head terms ဆိုတာကို နားလည်မယ်လို့မျှော်လင့်ပါတယ်။

Body keywords ကတော့ ၂လုံး၊၃လုံး ရှိတဲ့ စကားစုတွေဖြစ်ပြီး search volume အသင့်အတင့်ရှိသလို Head terms တွေထက် ပိုမိုတိကျပြီး rank ဖို့ပြိုင်ဆိုင်မှုနည်းတာဖြစ်ပါတယ်။ ဥပမာ. Marketing automation ဆိုတဲ့ စကားစုဟာ marketing tasks တွေ အလိုအလျောက်လုပ်ပေးတယ်ဆိုတဲ့ process ဖြစ်တယ်။ Marketing နဲ့ automation နှစ်ခုပေါင်းပြီးမှ ဒီစကားစု အဓိပ္ပါယ်ပေါ်တာဖြစ်လို့ Body keywords လို့ခေါ်ဝေါ်တာဖြစ်ပါတယ်။ 

Long tail keywords တွေကတော့ search volume လည်းနည်းသလို rank ဖို့ ပြိုင်ဆိုင်မှု လည်း နည်း ပါတယ်။ Long tail ဆိုတိုင်း စကားစုအရှည်တွေကိုပြောတာမဟုတ်ပါဘူး။ demand curve ရဲ့  အမြှီးပိုင်းမှာရှိလို့  Long tail keywords လို့ခေါ်တာဖြစ်ပါတယ်။ Long tail keywords တွေဟာ အဓိပ္ပါယ်ကတော့ တစ်ခုတည်းဖြစ်ပေမဲ့ စကားစုအမျိုးမျိုး၊မေးခွန်းအမျိုးမျိုးက ဒီအဓိပ္ပါယ် ပဲသက်ရောက်တာကိုဆိုလိုပါတယ်။  E.g. “What is Digital Marketing?” “Explain Digital Marketing” “An Introduction to Digital Marketing” 

the-graph-of-search-volume
The graph of search volume

Keyword တွေအကြောင်းသိပြီဆိုတော့ keyword strategy လုပ်ဖို့လည်းလိုပါတယ်။ keyword strategy မှာ Head terms တွေကို focus ထားပြီး Long tail နဲ့ Body keywords တွေကို အရောအ‌နှောလုပ်ပြီး keyword စကားစုတွေဖန်တီးသင့်ပါတယ်။

Keyword Research လုပ်သင့်တဲ့အကြောင်းအရာများ

  • သင်ရဲ့ potential customers တွေဘာတွေရှာဖွေနေလည်း နားလည်သိမြင်စေပါတယ်။
  • Users တွေရှာနေတဲ့ content တွေ သင့် website မှာရှိရင် search results မှာ ပိုတက်တော့ website traffic တွေပိုတက်စေပါတယ်။
  • Users တွေသိချင်လောက်မဲ့ အကြောင်းအရာကို ကြိုပြီးသိရတော့ သူတို့ရဲ့မေးခွန်းတွေကို ဖြေပေးမဲ့ content topic တွေ‌ရေးဖို့ကြိုတင် plan ထားလို့ရပါတယ်။
  • တခြား website တွေက rank ဖို့ကြိုးစားနေတဲ့ Keyword တွေကိုသိနိုင်တော့ ပြိုင်ဆိုင်မှုနည်းလောက်မဲ့ Keyword တွေကို ပိုမို focus နိုင်စေပါတယ်။  
  • High-quality ဖြစ်ပြီး Users တွေကို အကူအညီပေးနိုင်မဲ့ Keyword တွေဖန်တီးနိုင်တော့ Users တွေဆီက ယုံကြည်စိတ်ချမှုကို ရနိုင်ပါတယ်။  

Keyword research လုပ်ဖို့ Answer the public တို့လို website တွေကိုအသုံးပြုနိုင်ပါတယ်။

ဒီအချက်တွေကြောင့် သင့် website ကို Search Engine Optimization လုပ်ဖို့အ‌ရေးကြီးတာပါ။ ဒီလောက်ဆို SEO ဆိုတာကိုသိသွားသလို SEO best practices တွေကိုရော အသေးစိတ်သိသွားမယ်လို့ မျှော်လင့်ပါတယ်။ 

HubSpot CMS Hub မှာတော့ SEO features တွေဖြစ်တဲ့  Automatic SSL provisioning ရယ် Global content delivery ရယ်  Page speed optimizations တို့ built-in ပါပြီးသားပါ။ ဒါ့ကြောင့် HubSpot CMS Hub ကတော့ တခြား CMS တွေကို SEO လုပ်ရမှာထက်ပိုမိုလွယ်ကူစေမှာပါ။ 

HubSpot CMS Hub အကြောင်းကိုပြည့်ပြည့်စုံစုံသိချင်ရင်တော့ B360 website blog မှာဖတ်လို့ရသလို HubSpot CMS Hub ကိုလည်း အသုံးပြုလိုတယ်ဆိုရင်တော့ B360 ကို အခုပဲဆက်သွယ်လိုက်ပါ။