Marketing Qualified Lead ဆိုတာဘာလဲ? ဘယ်လိုလဲ? - Myanmar's Leading Marketing Consulting Firm

Marketing Qualified Lead ဆိုတာဘာလဲ? ဘယ်လိုလဲ?

Content Offer, Social Post, Webinar, Web Page, Blog post နဲ့ Ads စတာတွေဟာ Customer ဖြစ်ဖို့ အလားအလာရှိတဲ့ Prospect တွေ၊ Lead တွေအပြင် မိတ်ဆွေလုပ်ငန်းရဲ့ target audience တွေနဲ့ Touchpoint တွေပဲဖြစ်ပါတယ်။ အဲ့ဒီ Touchpoint တွေကို Engage လုပ်ကြတဲ့ အချက်အလက်တွေဟာ လုပ်ငန်းအတွက် အရေးကြီးပါတယ်။

ဒီ Blog မှာ Marketing Qualified Lead ဆိုတာ ဘာကိုပြောတာလဲ? MQL သတ်မှတ်တာက ဘာလို့အရေးကြီးတာလဲ? MQL ကို ဘယ်လိုသတ်မှတ်ရမလဲ? စတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Marketing qualified lead ဆိုတာ customer ဖြစ်နိုင်ခြေများတဲ့ Lead တွေကို Marketing Team ဘက်က သတ်မှတ်လိုက်တာမျိုးပါ။ MQL သတ်မှတ်တဲ့နေရာမှာ ဘယ် Web page တွေကို ဝင်ကြည့်သွားတာလဲ? Content Offer ကို Download လုပ်သွားလား? CTA ကို နှိပ်သွားလား? စတဲ့ Marketing Team ကသတ်မှတ်ထားတဲ့ Criteria တွေပေါ်တော့ မူတည်ပါတယ်။

High-valued Product, Service တွေ ရောင်းတဲ့ level တွေမှာ ဝင်လာတဲ့ Lead တစ်ခုကို အရင်ဆုံး MQL အဖြစ်စိစစ်သတ်မှတ်ပြီး Sales Qualified Lead (SQL) ဆိုပြီး ထပ်သတ်မှတ်ပါသေးတယ်။ ဒီတော့ MQL ဆိုရင် ဒါဟာ Marketing Team ဘက်က သတ်မှတ်ထားတာဖြစ်ပြီး Sales Team ဘက်ကလည်း ဒီ MQL ကို Customer ဖြစ်အောင်ရောင်းနိုင်ဖို့ အခွင့်အလမ်းရှိတာသေချာရင် SQL လို့ သတ်မှတ်ပါတယ်။

ဘာဖြစ်လို့ ဝင်လာတဲ့ Lead တွေကို MQL သတ်မှတ်ဖို့လိုတာလဲ?

Content Offer, Social Post, Webinar, Web Page, Blog post နဲ့ Ads စတာတွေဟာ Customer ဖြစ်ဖို့ အလားအလာရှိတဲ့ Prospect တွေ၊ Lead တွေအပြင် မိတ်ဆွေလုပ်ငန်းရဲ့ target audience တွေနဲ့ Touchpoint တွေပဲဖြစ်ပါတယ်။ အဲ့ဒီ Touchpoint တွေကို Engage လုပ်ကြတဲ့ အချက်အလက်တွေဟာ လုပ်ငန်းအတွက် အရေးကြီးပါတယ်။

Marketing Team အနေနဲ့ ရလာတဲ့အချက်အလက်ပေါ်မှာမူတည်ပြီးမှ Highest-quality leads တွေကို ပြန်စိစစ် ရွေးထုတ်နိုင်မှာဖြစ်ပါတယ်။ ရွေးထုတ်ထားတဲ့ List တွေကို Sales Team ဘက်ကို ပို့မယ်။ Sales Team ဘက်က လည်း သူတို့နဲ့ဆိုင်တဲ့ Sales Process အတိုင်းလုပ်ဆောင်ပြီး တကယ့် Customer ဖြစ်ဖို့ အလားအလာ ရှိတဲ့Top-tier prospect တွေကို MQL ကနေတဆင့်ရရှိပါတယ်။ Sales reps တွေရဲ့ အချိန်ကို ထိရောက်စေတဲ့ အပြင် Marketing Team နဲ့ Sales Team နှစ်ခုအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးသားလည်းဖြစ်စေပါတယ်။ လုပ်ငန်း တစ်ခုမှာ Marketing နဲ့ Sales Team ပူးပေါင်းဆောင်ရွက်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါတွေကြောင့် ဝင်လာတဲ့ Lead တွေကို MQL သတ်မှတ်ဖို့လိုတာဖြစ်ပါတယ်။

MQL အတွက် Criteria တွေ ဘယ်လိုသတ်မှတ်မလဲ?

(၁) Marketing နဲ့ Sales Team တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရပါမယ်။

Marketing နဲ့ Sales Team နှစ်ခုဟာ ရန်ဖြစ်နေလို့မရသလို သက်သက်စီ ခွဲထွက်နေလို့ လည်းမရပါဘူး။ ပွင့်ပွင့် လင်းလင်း၊ တိုင်တိုင်ပင်ပင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တကယ်လိုအပ်ပါတယ်။ Sales Team နဲ့ မတိုင်ပင်ဘဲ Marketing ဘက်က ဘယ်သူတွေကို သေချာ target ထားသင့်သလဲ မသိနိုင်သလို Sales Team အနေနဲ့လည်း Marketing အကူအညီမပါဘဲ MQL တွေကို ရနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် Marketing နဲ့ Sales Team သီးသန့် Meeting ထိုင်ပြီး target audience အတွက် ဘယ် marketing content တွေက အလုပ်အဖြစ်ဆုံးလဲ သုံးသပ်မယ်၊ Customer တွေဆီက တိုက်ရိုက်လာတဲ့ Feedback တွေပေါ် မူတည်ပြီး လိုအပ်ချက်တွေကိုရှာမယ်၊ Campaign Targeting လုပ်ရာမှာ Marketer တွေကို Sales Rep တွေက ကူညီမယ် စတာတွေကို team နှစ်ခု သေချာတိုင်ပင်လုပ်ဆောင်ဖို့လိုပါတယ်။

(၂) Lead Definition တွေကို သတ်မှတ်ရပါမယ်။

ဝင်လာတဲ့ Lead တွေကို သေသေချာချာခွဲထုတ်နိုင်ဖို့အတွက် Marketer တွေနဲ့ Sales Rep တွေက အတူတကွ Lead Definition တွေသတ်မှတ်ရပါမယ်။ Marketing ဘက်ကလည်း MQL ဖြစ်တဲ့ Lead တွေရဲ့ လက္ခဏာရပ်တွေကို သဘောပေါက်နားလည်အောင်ရှင်းပြထားပြီး Sales ဘက်ကလည်း SQL ဖြစ်တဲ့ Lead တွေရဲ့ လက္ခဏာရပ်တွေကို ရှင်းပြထားဖို့လိုပါတယ်။

ဥပမာပြောရရင်-

ဘယ်လို marketing content မျိုးကို engage လုပ်ရင် MQL အဖြစ် သတ်မှတ်နိုင်မလဲ?

အသက်အရွယ်၊ ရာထူး၊ ကုမ္ပဏီအရွယ်အစား၊ နေရာဒေသစတဲ့ ဘယ်လိုအချက်အလက် တွေပေါ်မူတည်ပြီး MQL သတ်မှတ်မလဲ?

MQL မှာ ဘယ်လိုစိန်ခေါ်မှုတွေ၊ Pain Point တွေ ရှိရမလဲ?

စတာတွေကို Team နှစ်ခုက သေသေချာချာသတ်မှတ် ထားရမယ်။ နားလည်သဘောပေါက်ထားတာခြင်းလည်း တူဖို့လိုပါတယ်။

(၃) သတ်မှတ်ထားတဲ့ Lead Definition တွေကို ပြန် review လုပ်ပြီး update လုပ်ပေးရပါမယ်။

မိတ်ဆွေရဲ့စီးပွားရေးလုပ်ငန်း၊ ဝန်ထမ်းအဖွဲ့ဝင်အရေအတွက်၊ Customer Base စတာတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေသလို မိတ်ဆွေရဲ့ Prospect, Buyer Persona နဲ့ Lead ပုံစံတွေကလည်း တချိန်နဲ့တချိန် မတူနိုင်ပါဘူး။ ယခုခေတ်၊ ယခုအခြေအနေတွေအတွက် အဆင်ပြေမယ့် Lead Definition တွေဟာ နောင်မသိသေးတဲ့ အခြေအနေတွေအတွက် မကိုက်ညီနိုင်ပါဘူး။ ဒါကြောင့် သတ်မှတ်ထားပြီးတဲ့ Lead Definition တွေကို ပြန် review လုပ်ပြီး update လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကို Marketing နဲ့ Sales Team နှစ်ခုလုံးကို သိထားရပါမယ်။

ဒါဆိုရင် MQL နဲ့ ပတ်သက်ပြီး တော်တော်သဘောပေါက်လောက်ပြီထင်ပါတယ်။ ခုပဲ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် MQL, SQL တွေ စတင်သတ်မှတ်လိုက်ပါ။ ကျွန်တော်တို့အပေါ်မှာ ဆွေးနွေးသွားပေးတဲ့ အချက်အလက်တွေ ကလည်း အထောက်အကူအများကြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။