HubSpot Sales Hub ဆိုတာဘာလဲ? - CRM Software Myanmar

HubSpot Sales Hub ဆိုတာဘာလဲ?

Potential Customer တွေနဲ့ ကိုယ်နဲ့ Deal လုပ်နေတဲ့ Opportunity တစ်ခုတိုင်းကို Sales အဖြစ်ပြောင်းနိုင်မယ့်၊ အရောင်းအဝယ် (Sales) လဲ မြန်မြန် ဖြစ်အောင် ကူညီပေးမယ့် HubSpot Sales Hub Solution အကြောင်းပြောပြပေးချင်ပါတယ်။‍‍‍‍‍

hubspot-sales-hub-myanmar
HubSpot Sales Hub

HubSpot Sales Hub ဆိုတာကတော့ အရိုးရှင်းဆုံး ပြောရရင် Sales Management System တစ်ခုပါ။ ကိုယ့် Product/Service ကိုစိတ်ဝင်စားနေတဲ့ Potential Customer, Prospect တစ်ယောက်ကို ကိုယ့်ရဲ့ Loyal Customer တစ်ယောက် ဖြစ်လာအောင် လုပ်ရတဲ့ buyer journey တစ်လျှောက်မှာ သုံးဖို့လိုအပ်တဲ့ Features တွေ၊ Tool တွေ ပါဝင်တဲ့ Sales software တစ်ခုဖြစ်ပါတယ်။ 

Sales Hub ဆိုတဲ့အတိုင်း sales process တွေကို တစ်နေရာတည်းမှာ friction မရှိစေဘဲ လုပ်နိုင်စေမယ့် Hub တစ်ခုလို့ ပြောလို့ရပါတယ်။ Sales Hub မှာဆိုရင် Sales close မြန်မြန်လုပ်နိုင်မယ့် tool တွေ၊ task management လုပ်နိုင်မယ့် feature တွေ၊ Quote management နဲ့ Sales Analytics tools တွေပါဝင်ပါတယ်။ 

ဘာကြောင့် HubSpot Sales Hub ကိုသုံးသင့်လဲ?

Sales Closing (အရောင်း) မြန်မြန်ဖြစ်စေမဲ့ Feature တွေပါပါတယ်။ Feature တစ်ခုချင်းဆီကို အောက်မှာ သေသေချာချာလေး ရှင်းပြထားလို့ ဆက်ဖတ်ပေးပါဦး။

HubSpot Email Tracking

‍‍‍‍‍HubSpot Email Tracking

နောက်ထပ် Sales rep တွေအတွက် တော်တော်လေးအသုံးဝင်တဲ့ feature တစ်ခုကတော့ email tracking ဖြစ်ပါတယ်။Sales တွေအနေနဲ့ email တွေပို့တဲ့အခါ client က email ကို ဖွင့်ဖတ်လား၊ မဖတ်လား မသိနိုင်တဲ့အခါ follow up လိုက်ဖို့ နည်းနည်း အခက်တွေ့တာတွေ ဖြစ်နိုင်ပါတယ်။

HubSpot မှာ email tracking ပါပြီးသားဖြစ်တဲ့အတွက် HubSpot ထဲကနေ contact တစ်ခုကို email ပို့တဲ့အခါ ကိုယ့် email ကို client က ဖွင့်ဖတ်လား၊ မဖတ်လားဆိုတာ သိနိုင်တဲ့အတွက် ဒါက Sales rep တွေအတွက် တော်တော် အသုံးဝင်တဲ့ feature တစ်ခုဖြစ်ပါတယ်။ 

  • Potential Customer တွေရဲ့ Behavior တွေ Activity တွေ Track လုပ်လို့ရမယ်။
    ဥပမာ ။ ကိုယ်လိုက်နေတဲ့ Project ရှိတဲ့ Company က Owner/Procurement က ကိုယ့်ရဲ့ Website နဲ့ Facebook မှာ ဘာတွေကို စိတ်ဝင်တစား လာကြည့်သလား။ လာကြည့်တဲ့အခါ ဘာတွေကြည့်သွားလဲ။‍‍‍‍‍ ကိုယ်ပို့လိုက်တဲ့ Email ဒါမှမဟုတ် Proposal ကို စိတ်ဝင်တစားကြည့်လား။ ဘာတွေကို သူတို့ စိတ်ဝင်စားလဲ။ ဒါမျိုးတွေ track လုပ်လို့ရမယ်။
  • ‍‍‍‍‍ကိုယ်လိုက်နေတဲ့ Project ရဲ့ Status Update တွေကို Track လုပ်ပြီး competitors တွေထက် အစောဆုံးသိနိုင်ပြီး၊ အကောင်းဆုံး decision တွေချ Deal Close လုပ်ဖို့ အထောက်အကူပေးနိုင်တယ်။
  • ဒီ Tracking Features က ကိုယ့် Sales Team ကို Sales Close လုပ်နိုင်ဖို့ အများကြီး အထောက်အပံ့ပေးပါတယ်။ Sales team အနေနဲ့ Right Time မှာ Right Person ကို Follow up လုပ်နိုင်သွားမယ်။‍‍‍‍‍ Follow Up လုပ်ရမှာ မေ့လို့ သူများဆီ Project ပါသွားတာတွေလျော့နဲသွားမှာပါ။

Document Tracking

နောက်ထပ် document tracking ကလည်း ဒီလိုပါပဲ။ ကိုယ်ပို့ရမယ့် proposal တွေ၊ deck တွေကို document ထဲမှာ upload ပြီး Link လေး create ပြီး ပို့လိုက်တာနဲ့ client က ကိုယ်ပို့လိုက်တဲ့ document ကို ဖတ်ကြည့်လား၊ Link တွေ click သွားလား၊ ဘယ်နှစ်ခါ click သွားလည်း အထိပါ track လုပ်ထားပေးတာမို့ တော်တော်လေး အသုံးဝင်တယ် ပြောလို့ရပါတယ်။

‍‍‍‍‍Task/Workflow Management Feature တွေပါတယ်။‍‍‍‍‍

  • Task management အတွက် အခြား software သီးသန့်သုံးစရာမလိုတော့ပဲ HubSpot ထဲမှာ manage လုပ်နိုင်ပါတယ်။ ဘယ် contact ကိုတော့ ဘယ်နေ့မှာ ဘယ်သူက ဖုန်းခေါ်ရမယ်၊ email ပို့ရမယ် စသဖြင့် assign နိုင်ပြီး reminder notification ပါကို တစ်ခါတည်း set လုပ်ထားနိုင်ပါတယ်။
  • ကိုယ့် Company နဲ့ Potential Customer တွေရဲ့ Behavior နဲ့ Deal/Potential Project တွေရဲ့ Status တွေပေါ်မူတည်ပြီး Agile ဖြစ်တဲ့ Sales Team workflow ကို Plan လုပ်လို့ Manage လုပ်လို့ရပါတယ်။ ‍‍‍‍‍Sales Team ရဲ့ Performance/KPI/Goal Management တွေပါပါတယ်။‍‍‍‍‍
  • Productတွေ Quotation တနေရာထဲကနေ အကုန် Manage လုပ်လို့ရမယ်။‍‍
  • Sales Team ကို Productivity နဲ့ Revenue များများရှာနိုင်အောင် အထောက်အပံ့ဖြစ်မယ့် Report တွေ Function တွေပါမယ်။‍

Deals Pipeline Management

Deals Pipeline Management ဆိုတာကတော့ ကိုယ့်လုပ်ငန်းရဲ့ Deals Stage တွေကို သေချာမြင်ရပြီး manage လုပ်နိုင်တာပဲဖြစ်ပါတယ်။

လုပ်ငန်းတွေကမတူညီကြတဲ့အတွက် sales process တွေလည်း မတူညီကြပါဘူး။ လုပ်ငန်းတူရင်တောင်မှ product မတူရင် မတူသလို unique deals pipeline တွေ ရှိသင့်ပါတယ်။ ဒီအတွက် HubSpot Sales Hub မှာ deals pipeline တွေနဲ့ sales process တွေကို လုပ်ငန်းလိုအပ်ချက်အရ customize လုပ်လို့ရတဲ့ feature တွေပါဝင်ပါတယ်။ 

ဒါ့အပြင် colored deal tag တွေပါ ဖန်တီးလို့ရတဲ့အတွက် amount များတဲ့ deal တွေဆို large deal ဒါမှမဟုတ် priority အရ tag လေးတွေ တွဲထားပေးပြီး sales rep တွေအတွက် ဘယ် deal ကို သေချာ focus လုပ်ရမယ်ဆို ကွဲကွဲပြားပြားသိစေနိုင်တဲ့အတွက် efficiency ပိုတက်စေပါတယ်။

Deals Stages တွေကိုလည်း Kanban view ရော List view နဲ့ပါ ကြည့်နိုင်ပြီး click တစ်ချက်တည်းနဲ့ Stage တွေကို တစ်ဆင့်ကနေ တစ်ဆင့် အလွယ်တကူ ရွှေ့နိုင်ပါတယ်။

Sales manager တွေအနေနဲ့လည်း ကိုယ့် rep တွေရဲ့ sales pipeline တွေကို စစ်ဆေးပြီး stuck နေတဲ့ deal တွေ၊ pipeline တွေကို စစ်ကြည့်ပြီး roadblock တွေရှိရင် ဘယ်လိုရှင်းပြီး sales velocity ကို မြှင့်နိုင်မလဲ strategy တွေ ပြန်ချမှတ်လို့ရပါတယ်။

Deals stage နဲ့တွဲသုံးရတဲ့ forecasting tool ကလည်း လုပ်ငန်းရှင်တွေ၊ sales manager တွေအတွက် အသုံးဝင်တဲ့ tool ဖြစ်ပါတယ်။ ကိုယ် team အတွက် goal တွေ set လုပ်ထားပြီး sales forecasting လုပ်နိုင်တာပဲ ဖြစ်ပါတယ်။

Quotes

Sales Rep တွေအရေးကြီးတဲ့ နောက်ထပ် tool တစ်ခုလည်း HubSpot Sales Hub မှာ ပါပြီးသား ဖြစ်ပါတယ်။ အဲ့တာကတော့ Quotes ပဲ ဖြစ်ပါတယ်။ Sales Rep တွေအနေနဲ့ ပုံမှန်အားဖြင့် client က Quote တောင်းလို့ ပို့ပေးရတော့မယ်ဆိုရင် excel တွေ၊ words တွေနဲ့ တကူးတကတွက်ပြီး ပို့ပေးရပါတယ်။

HubSpot ရဲ့ quote နဲ့ template လုပ်ထားပြီး အလွယ်တကူ quote ထုတ်နိုင်ပါတယ်။ Product library မှာ product တွေဖန်တီးထားပြီးလည်း လွယ်လွယ်ကူကူယူပြီး တွက်နိုင်ပါတယ်။ HubSpot ရဲ့ quote feature နဲ့ဆို quote တစ်ခုဖန်တီးဖို့ အချိန်အများကြီး ပေးစရာလိုတော့မှာ မဟုတ်ပါဘူး။ Click အနည်းငယ်နှိပ်ရုံနဲ့ professional quote တစ်ခုကို ထုတ်နိုင်မှာ ဖြစ်ပါတယ်။

Meetings

Sales Rep တွေအနေနဲ့ လုပ်ရအများဆုံး task တစ်ခုကို ပြပါဆိုရင် meeting တွေ တွေ့ရတာလည်း အပါအဝင်ဖြစ်ပါတယ်။ HubSpot ရဲ့ meeting tool နဲ့ ကိုယ်ရဲ့ meeting link ကို create လုပ်ထားလို့ရပါတယ်။ ဖုန်းနဲ့ အပြန်အလှန် client အားတဲ့အချိန်၊ ကိုယ်အားတဲ့အချိန်ညှိနေမယ့်အစား Client က HubSpot meeting link ကနေ သူအဆင်ပြေတဲ့အချိန် အလွယ်တကူပဲ book လိုက်ရုံပါပဲ။

Sales Playbook & Coaching Playlist

နောက်ထပ် Sales Team တွေအတွက် အသုံးဝင်တာကတော့ Sales Playbook နဲ့ Coaching Playlist ဖြစ်ပါတယ်။ Sales team ဆိုတာ အဝင်အထွက်များတဲ့ team တစ်ခုလို့လည်း ပြောလို့ရပါတယ်။ Sales Playbook နဲ့ Coaching Playlist ရှိထားရင် Sales Process အဆင့်ဆင့်ကို SOP သတ်မှတ်ထားပြီး Sales Playbook မှာ ထည့်ထားပြီး အသစ်ဝင်လာတဲ့ Sales Rep တွေကို Sales Procedure တွေကို သတ်သတ်မှတ်မှတ် ပြထားနိုင်မှာဖြစ်ပါတယ်။

Coaching playlist ကလည်း training တွေကို recording လုပ်ထားပြီး ထည့်ထားနိုင်တဲ့ playlist ဖြစ်ပါတယ်။ Coaching playlists ဟာ  recording  လုပ်ထားတဲ့  phone conversations တွေကို save လုပ်ပြီး playlists ထဲမှာ organize လုပ်လို့ရပါမယ်။ team members တွေ များလာရင် အသစ်တွေကို တစ်ယောက်ချင်း train ပေးရရင် အချိန်ကုန်ပါတယ်။ Coaching playlists နဲ့ဆို Experienced ရှိတဲ့  sales reps တွေပြောထားတဲ့ sales calls တွေကို playlist ထဲထည့်ထားလို့ရပါတယ်။ sales reps တွေ နဲ့ team members အသစ်တွေကို ထို playlist ကို share ပေးလို့ရလို့ training နဲ့ onboarding လုပ်ပေးရတာအချိန်ကုန်သက်သာစေမှာပါ။

Sales Analytics Tool 

Sales Analytics Tool ကတော့ Sales Manager တွေ၊ Owner တွေ အလိုအပ်ဆုံး tool လို့ ပြောလို့ရပါတယ်။ Sales Analytics Tool မှာ Coach Reps and Teams, Forecast and Pipeline, Sales Outcome ဆိုပြီး အပိုင်း ၃ ပိုင်းခွဲထားပါသည်။ 

Coach Rep and Teams မှာတော့ sales team ရဲ့ activity တွေ၊ ဘယ် rep ကတော့ email ဘယ်လောက်ပို့ထားလဲ၊ ဖုန်းဘယ်လောက်ခေါ်ထားလဲ၊ task ဘယ်လောက် complete ဖြစ်ထားလဲ စတဲ့ activity တွေ၊ performance တွေကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဘယ်သူကတော့ deal ဘယ်လောက် create လုပ်ထားတယ်။ Lead တစ်ခုဝင်လာရင် response time ဘယ်လောက်ယူသလဲ စသဖြင့်ပါ သိနိုင်ပါတယ်။ 

Forecast and Pipeline မှာ deal change history၊ Deal Funnel၊ Deal Push rate စတာတွေရဲ့ data တွေကို ကြည့်နိုင်ပါတယ်။

Sales Outcome မှာတော့ Average deal size, Deal velocity, Deal Won and lost စတဲ့ report တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Reporting

hubspot-crm-myanmar
HubSpot Sales Reports & Performance Management
  • Sales Representative တွေရဲ့ Performance Report၊ Deal/Sales Forecast Reportတွေပါမယ်။
    ‍‍‍‍‍ROI Report၊ ဘယ် Marketing activity က ROI ကောင်းတယ် ဆိုတာ ထင်ထင်ရှားရှား မြင်ရမယ်။ မှန်းလုပ်နေစရာ မလိုတော့ဘူး။‍‍‍‍‍
  • Management လိုချင်တဲ့ Data တွေအတွက် Customized Report တွေ တည်ဆောက်ထားပြီး Business တစ်ခုလုံးရဲ့ အခြေအနေကို အချိန်နဲ့ တပြေးညီ မြင်နေရမယ်။‍‍‍‍‍
  • Smart ကျကျ decision တွေ မှန်မှန်ကန်ကန် ချမှတ်နိုင်လာမယ်။ ‍‍ဒီ Features တွေအပြင် အခြားသော Sales Closing ကို အထောက်အပံ့ဖြစ်စေမယ့် Features တွေ၊ B2B, B2C နဲ့ High-Ticket Business တွေအတွက် B360 ရဲ့ CRM Consultation, CRM Implementation နဲ့ Training အကြောင်းတွေ အသေးစိတ် သိရှိဖို့ အခုပဲ အခမဲ့ Demo ရယူလိုက်ပါ။
    ‍‍‍‍‍

HubSpot Sales Hub နဲ့ ပတ်သက်ပြီး အမေးများသော မေးခွန်းများ

‍‍‍‍‍CRM/Sales Tool သုံးရတာ ခက်လား?
သုံးလို့ အလွယ်ကူဆုံး CRM နဲ့ Sales Tool လဲဖြစ်ပါတယ်။ Email/Facebook သုံးတတ်တဲ့ သူတိုင်းလွယ်လွယ်ကူကူ သုံးတတ်ကြပါတယ်။
‍‍‍‍‍
ဈေးနူန်းက ဘယ်လောက်လဲ ?
လုပ်ငန်းလိုအပ်ချက် ပေါ်မူတည်ပြီး ဈေးကွာနိုင်ပါတယ်။ B360 Customer Success Team က လိုအပ်ချက်ကို အသေအချာလေ့လာပြီး Plan နဲ့ Pricing ကို Propose လုပ်ပေးပါတယ်။ ‍‍‍‍‍HubSpot Sales Tool ကိုသုံးပြီး Deal Closing Rate ကို ၂ဆ မြှင့်တင်ဖို့ အခုပဲ အခမဲ့ Demo ရယူလိုက်ပါ။