HubSpot Operations Hub ဆိုတာ ဘာလဲ?

HubSpot Operations Hub ဆိုတာ ဘာလဲ?

သင့် Marketing team ဟာ email marketing campaign တစ်ခု အတွက်  content ကောင်းကောင်း၊ subject line ကောင်းကောင်း ပြင်ဆင်ထားပေမဲ့ recipients တွေက email လက်ခံရရှိတဲ့ အချိန်မှာတော့ နာမည် မမှန်ကန်တာ၊ personalization token သုံးထားပြီး Hello {Default} ဖြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ 

ဒါတွေကြောင့် သင် nurture လုပ်ရမဲ့ leads, prospects  တွေအမြင်မှာ သင့် brand ကို impression ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့် CRM database ထဲမှာရှိတဲ့ contacts information က မှန်ကန်ဖို့ လိုအပ်ပါတယ်။ CRM ထဲကို ထည့်သမျှ data တိုင်းက အမြဲမှန်ကန်နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို မှားယွင်းသွားတတ်တဲ့ data တွေကို clean လုပ်ဖို့ HubSpot Operations Hub နှင့် လုပ်နိုင်ပါပြီ။

ဒါဆို HubSpot Operations Hub ဆိုတာဘာလဲ?

HubSpot Operations Hub ဆိုတာကတော့ customer တွေရဲ့ data စီမံခန့်ခွဲမှု ကို အလိုအလျောက်လုပ်ဆောင်နိုင်ပြီး data quality ကိုပါ improve ဖြစ်အောင်လုပ်နိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ HubSpot က Operations Hub ကို  Platform, Process နှင့် Perspective ဆိုပြီး 3P နဲ့ တည်ဆောက်ထားပါတယ်။

HubSpot Operations Hub ရဲ့ Platform ကတော့ integrations နဲ့ သက်ဆိုင်တာတွေ ဖြစ်ပြီး HubSpot Operations Hub free plan ကနေ စပြီးအသုံးပြုလို့ရပါတယ်။ 

Process မှာတော့ programmable automation နဲ့ သက်ဆိုင်တာတွေ ဖြစ်ပြီး HubSpot Operations Hub Professional plan ကနေ စပြီး အသုံးပြုလို့ရပါတယ်။

Perspective ကတော့ reporting နဲ့ သက်ဆိုင်တာတွေ ဖြစ်ပြီးတော့ HubSpot Operations Hub Enterprise plan မှာမှ စပြီးအသုံးပြုလို့ရနိုင်ပါတယ်။

အခု ဒီ 3P အကြောင်းကို deep down အနေနဲ့ အောက်ပါ ထပ်ရှင်းပြပေးသွားပါမှာမို့ ဆက်ကြည့်လိုက်ကြရအောင်…

hubspot-3p

I. Enhanced integrations with HubSpot Data Sync

Data Sync ကတော့ 3P ရဲ့ Platform မှာပါပြီးတော့ integrations နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ Data Sync ကတော့ PieSync ကနေလာပြီး HubSpot က ထို function ကို ပိုမိုကောင်းမွန်အောင် လုပ်ပြီး  Data Sync ဆိုပြီး improve လုပ်လိုက်ခြင်းဖြစ်ပါတယ်။ Data Sync ကတော့ HubSpot portal  နဲ့  third party apps integrations တွေကို custom integration တွေမလိုဘဲ (native) တိုက်ရိုက်ချိတ်ဆက် နိုင်စေပါတယ်။  Data Sync က ဟိုဘက်ဒီဘက် နှစ်ခု bi-directional sync တာပဲဖြစ်တယ်။ လက်ရှိမှာတော့  HubSpot marketplace မှာ third party systems ပေါင်း ၁၀၀ ‌ကျော်ရှိနေပြီး အလွယ်တကူ integrate လုပ်နိုင်နေပါပြီ။

enhanced-integrations-with-hubspot-data-sync

 II. Programmable Automation

Programmable automation ကတော့ Operations Hub Professional မှာ ပါတဲ့ တော်တော်ကောင်းတဲ့ feature တွေပဲဖြစ်ပါတယ်။ ဒီ feature တွေကတော့ 3P ရဲ့ Process မှာပါပြီးတော့ automation နဲ့ဆိုင်တာတွေဖြစ်ပါတယ်။ ဒီထဲက Feature အချို့ကို အောက်မှာ ရှင်းပြပေးသွားပါမယ်။

  1. Scheduled workflow triggers
  2. Data quality automation
  3. Custom code actions in workflows and bots
  4. Webhooks in workflows and bots
hubspot-operation-hub-data-automation

II(1) Scheduled workflow triggers

Scheduled workflow triggers ကတော့ workflow တွေကို နေ့စဥ်၊အပါတ်စဥ်၊လစဥ်၊နှစ်စဥ် အပြင် ကိုယ်ရွေးချယ်ချင်တဲ့ နေ့ရက် နဲ့ အချိန်ကိုပါ သတ်မှတ်ထားလို့ရတဲ့ feature ဖြစ်တယ်။ အပတ်စဥ်  email ပို့တာ၊ အပတ်စဥ် task assignment တွေ assign လုပ်တာ၊  data clean up လုပ်တာတွေကို အချိန် သတ်မှတ်ဖို့အတွက် ဒီ feature နဲ့  လုပ်ဆောင်နိုင်ပြီဖြစ်တယ်။

scheduled-workflow-trigger

II(2) Data quality automation

Data quality automation ကတော့ မတိကျ၊ မသေချာဖြစ်နေတဲ့ data တွေ၊ တထပ်တည်းဖြစ်နေတဲ့ data တွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်၊ ဖယ်ထုတ်တဲ့ data cleansing process မှာ အရေးပါတဲ့ tool တစ်ခုဖြစ်တယ်။ Data cleansing ဆိုတာက‌တော့ စာလုံးပေါင်းအမှားတွေကို ပြင်ဆင်တာ၊ ထပ်နေတဲ့ data တွေကို merge လုပ်တာ၊ ထည့်သွင်းရမဲ့ data တွေကို စံနှုန်း သတ်မှတ်တာမျိုးတွေ လုပ်ဆောင်တာဖြစ်တယ်။ Data quality automationနဲ့ လုပ်ဆောင်နိုင်တဲ့အရာတွေကို အောက်မှာ ဆက်ပြောပြသွားပါမယ်။

  • Deduplicating contact and company records
  • Fixing case issues on your records
  • Fixing formatting with data quality automation
  • Maintaining a healthy database using data quality command center

Deduplicating contact and company records

HubSpot မှာ ထပ်နေတဲ့ contacts information (name, emails,…) တွေကို manually deduplicate လုပ်နိုင်သလို deduplicating tool နဲ့လည်း duplicate တွေကို အလွယ်တကူရှင်းနိုင်ပါတယ်။ HubSpot Operations Hub professional နဲ့ enterprise plan တွေမှာတော့ bulk action အထိ deduplicate လုပ်နိုင်ပါတယ်။

deduplicating-contact-and-company-records

Fixing case issues on your contact records

တစ်ခါတ‌လေ CRM ထဲကို data တွေ ထည့်တဲ့အခါ သတိမထားမိဘဲ format မမှန်တာတွေ ဖြစ်တတ်ပါတယ်။ ဒီ Fix formatting Feature ကတော့  နာမည်တွေရဲ့ first letter တွေကို capitalize လုပ်ပေးတာ၊ နာမည်တွေရဲ့ formatting issues ဖြစ်တဲ့ နာမည်မမှန် (test နာမည်) ဖြစ်နေတာတွေကို ပြင်ပေးနိုင်တဲ့ feature ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆို first name နဲ့ last name ကို capitalize လုပ်တာ၊ email address တွေကို lowercase လုပ်တာ စတဲ့ action တွေကို automation နဲ့ပါ bulk action အလွယ်တကူ လုပ်နိုင်ပါတယ်။

fixing-case-issues-on-your-contact-records

Fixing formatting with data quality automation

Lead nurturing campaign တစ်ခု ကို job title နဲ့  list တစ်ခု လုပ်ပြီး ပို့မယ်ဆိုရင် job title format ကလည်း မှန်နေဖို့လိုပါတယ်။ Job title format ကို  HubSpot Operations Hub မှာ workflow ရဲ့ format data နဲ့ ပြင်ဆင်နိုင်ပါပြီ။ ဥပမာအားဖြင့် Workflow မှာ job title ကိုစတင် trigger လုပ်ရပါမယ်။ နောက် workflow action မှာ format data ကို ‌ရွေးရပါမယ်။ Property မှာ job title ကို ထပ်ရွေးပြီးတာနဲ့  job title property ဟာ title case နဲ့  format မှန်သွားပါပြီ။ HubSpot’s Automated Formatting Options နဲ့ job title ကို title case လုပ်တာ capitalize လုပ်တာ အပြင်၊ date မှာ အချိန် ထည့်တာ၊မထည့်တာ အစရှိတဲ့ action တွေကို လုပ်ဆောင် နိုင်တဲ့ feature ဖြစ်ပါတယ်။

fixing-formatting-with-data-quality-automation

Maintaining a healthy database using data quality command center

Data quality command center က‌တော့ မသုံးဖြစ်တဲ့ properties တွေ၊ data များထဲမှ ချို့ယွင်းချက် တစ်ချို့ ဖြစ်နေတာတွေ၊ format မမှန်တာတွေ၊ တစ်ထပ်ထည်းဖြစ််နေတဲ့ data တွေကို တစ်နေရာထဲမှာ insights တွေကြည့်လို့ရပြီး အကုန်ပြင်ဆင်လို့ရတဲ့ tool တစ်ခုဖြစ်ပါတယ်။ 

maintaining-a-healthy-database-using-data-quality-command-center

II(3) Custom code actions in workflows and bots

Custom code actions က‌တော့ စံနှုန်း workflow action တစ်ခုမှာ ဖြေရှင်း လို့ မရတဲ့ ပြဿနာရှိခဲ့ရင် workflow မှာ manually code ရေးလို့ရတဲ့ feature ဖြစ်တယ်။ ဥပမာအနေနဲ့ Yangon ကနေ Ygn ပြောင်းတာမျိုးကို custom code actions နဲ့ လုပ်ဆောင်လို့ ရပါတယ်။

custom-code-actions-in-workflows-and-bots

II(4) Webhooks in workflows and bots

Webhook ဆိုတာကတော့ system တစ်ခုကနေ တခြား system တစ်ခုကို data ပို့တာ၊ လက်ခံတာ၊ request လုပ်တာ တွေမှာ သုံးလို့ရတဲ့ tool တစ်ခုဖြစ်ပါတယ်။

webhooks-in-workflows-and-bots

III. Reporting

Reporting ကတော့ 3P ရဲ့ Perspective  မှာပါပြီးတော့ HubSpot Operations Hub Enterprise မှာမှ အသုံးပြုလို့ရနိုင်ပါတယ်။ Reporting မှာ လုပ်ဆောင်နိုင်တဲ့အရာတွေကို အောက်မှာ ဖော်ပြပေးထား‌ပါတယ်။

  1. Datasets
  2. Snowflake data share 

III(1) Datasets

Datasets ကတော့ သာမန် HubSpot အသုံးပြုသူတွေအတွက် reports တွေလုပ်ရာမှာ ပိုမို လွယ်ကူစေပါတယ်။ Datasets နဲ့ reports တွေထဲမှာ အဆင့်မြင့်တွက်ချက်မှုတွေ ပြုလုပ်လို့ရသလို   data ကို လည်း customize လုပ်လို့ရပါတယ်။

hubspot-data-set

III(2) Snowflake data share

Snowflake data share ဆို တာကတော့ HubSpot နဲ့ Snowflake account ကို တိုက်ရိုက်ချိတ်ဆက် integrate လုပ်တာပဲဖြစ်ပါတယ်။ Snowflake ဆိုတာကတော့ data cloud company တစ်ခုပဲဖြစ်ပါတယ်။ HubSpot data တွေအကုန်လုံးကို Snowflake cloud ထဲကိုတစ်နေရာထဲမှာထည့်နိုင်ပြီး  တစ်နေရာထဲကနေ data တွေကို ကြည့်နိုင်တော့ အသုံးပြုသူတွေအတွက်ပိုမိုလွယ်ကူစေပါတယ်။

snowflake-data-sharing

Operations Hub ကို စနစ်တကျ နည်းမှန်လမ်းမှန် အကောင်းဆုံး အသုံးချနိုင်ရင် သင့်လုပ်ငန်းဟာ အခုထက် ပိုပြီးတိုးတက်လာနိုင်ပြီး သင့်ရဲ့ customers တွေကိုလည်းပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ‌ပေးနိုင်မှာပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် software ကောင်းကောင်းတစ်ခုကို မြှုပ်နှံဖို့ စိတ်ဝင်စားပြီး HubSpot Operations Hub ကိုလည်း အသုံးပြုလိုတယ်ဆိုရင်တော့ HubSpot Certified Gold Partner ဖြစ်တဲ့ B360 ကို အခုပဲဆက်သွယ်လိုက်ပါ။