What is HubSpot CMS Hub?

What is HubSpot CMS Hub?

မြန်မာနိုင်ငံမှာ တော်တော်များများက HubSpot ကို CRM Software အနေနဲ့ သိကြတာများပါတယ်။ တကယ်တော့ HubSpot မှာ Sales, Marketing, Service, Operation နဲ့ CMS အထိ business တစ်ခု run ဖို့ လိုအပ်တဲ့ tools တွေအကုန်လုံးလိုလို ရနိုင်ပါတယ်။ 

ဒီ Hub တွေထဲမှာမှ မြန်မာနိုင်ငံလူတွေ သိပ်မရင်းနှီးသေးတဲ့ HubSpot CMS Hub အကြောင်းကို ဒီ blog မှာ သေချာလေး ပြောပြသွားပါမယ်။ Worldwide မှာတော့ HubSpot CMS Hub ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီ ဖြစ်ပါတယ်။ HubSpot CMS ဟာ G2 Crowd ရဲ့ Ranking မှာ ကမ္ဘာ့ထိပ်တန်း CMSတွေကို ကျော်ပြီး Web Content Management Systemt Leaders Software တစ်ခုအဖြစ်ရပ်တည်နေပါတယ်။

HubSpot-CMS-Myanmar
HubSpot CMS

HubSpot CMS Hub ဆိုတာ ဘာလဲ?

HubSpot CMS Hub ဆိုတာ အရှင်းဆုံးပြောရရင် content management system တစ်ခုပေါ့။ WordPress တို့၊ SquareSpace တို့လို့ solid website တစ်ခုတည်ဆောက်ဖို့အတွက် framework တွေ ချပေးထားတဲ့ website builder တစ်ခု ဖြစ်ပါတယ်။ 

Key Features of HubSpot CMS Hub

A. Drag and drop editor

CMS Hub က user-friendly တော်တော်လေးဖြစ်ပြီး တခြား builder တွေလိုမျိုး no-code သမားတွေပါ လွယ်လွယ်ကူကူ website ဖန်တီးနိုင်မယ့် drag and drop features တွေပါဝင်ပါတယ်။ Coding knowledge ရော ထူးထူးခြားခြား technical skill ရော မလိုအပ်ဘဲ customize website တွေ ဖန်တီးနိုင်ပါတယ်။

drag-and-drop-builder

B. SEO optimization

SEO Optimization အတွက် content တွေရဲ့ meta descriptions, title tags, and image alt tag တွေပါ optimize လုပ်ပေးတဲ့အပြင် sitemap တွေကိုပါ create လုပ်ပေးပါတယ်။

seo-optimization

C. Customizable templates

HubSpot ရဲ့ marketplace မှာ customize လုပ်လို့ရတဲ့ template တွေအများကြီးရှိပြီး ကိုယ့် brand guideline နဲ့လိုက်ပြီး အလွယ်တကူပြောင်းနိုင်ပါတယ်။ 

customize-templates

D. Security features

HubSpot website မှာ security feature တွေဖြစ်တဲ့ SSL encryption, two-factor authentication, and content delivery network (CDN) integration တွေလည်းပါဝင်ပါတယ်။

The benefit of HubSpot CMS Hub

CMS Hub ဟာအဓိကအနေနဲ့ security, speed နဲ့ scalability ကို deliver လုပ်နိုင်ပြီး HubSpot ရဲ့ တစ်ခြား tool တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်။ HubSpot CMS Hub ရဲ့ တော်တော်လေး strong ဖြစ်တဲ့ အခြား အားသာချက်တွေကတော့ – 

Improved Website Performance – အပေါ်မှာ ပြောခဲ့သလိုပဲ CMS Hub က website performance နဲ့ speedကို ဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့် user experience နဲ့ search engine ranking တွေမှာ performance တော်တော်လေး အားကောင်းပါတယ်။

SEO Benefit – SEO tool တော်တော်များများမှာဆိုရင် ကျွန်တော်တို့အနေနဲ့ keywords တွေကို အရင် research လုပ်ပြီးမှ blogs တွေ၊ website pages တွေမှာ ထည့်ရတာများပါတယ်။ HubSpot ရဲ့ content tool မှာဆိုရင်တော့ တစ်ခါတည်း  keywords တွေ recommend လုပ်ပေးထားပါတယ်။ ကိုယ်က SEO expert မဟုတ်ရင်တောင် HubSpot ရဲ့ High ranking keyword တွေကြောင့် SEO မှာ ranking ကောင်းကောင်းရနိုင်ပါတယ်။

Responsive Design – Responsive ဖြစ်တဲ့ website တစ်ခုဖြစ်ဖို့ဆိုတာ website development လုပ်တဲ့အခါ အရမ်းအရေးပါပါတယ်။ research တွေအရ ၆၀% သော Internet user တွေဟာ website တွေကို phone, tablet, Ipad အစရှိတဲ့ device အမျိုးမျိုးကနေ ကြည့်ကြပါတယ်။ သင့် website ဟာ ဒီလို screen size အမျိုးမျိုးမှာ fit ဖြစ်ဖို့ဆိုတာ အရေးကြီးပါတယ်။ HubSpot CMS Hub ရဲ့ template တွေဟာ responsive design တွေဖြစ်ပြီးသားဖြစ်လို့ သင့်အနေနဲ့ ဒီအတွက် စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။

Better Data insight and analysis – HubSpot ရဲ့အခြား tools တွေဖြစ်တဲ့ marketing automation တွေ၊ CRM analytics တွေကိုလည်း အသုံးပြုနေတယ်ဆိုရင်တော့ ပိုပြီး တိကျမှန်ကန်တဲ့ data တွေ သိနိုင်ပြီး ပို effective ဖြစ်တဲ့ marketing activities တွေ၊ sales process တွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် HubSpot CMS နဲ့ website တစ်ခုဖန်တီးချင်တယ်ဆိုရင် HubSpot ရဲ့ certified partner ဖြစ်တဲ့ B360 ကို အခုပဲဆက်သွယ်လိုက်ပါ။