CRM ဆိုတာဘာလဲ? | What is CRM? | CRM အကြောင်းပြည့်ပြည့်စုံစုံ

CRM ဆိုတာဘာလဲ? | What is CRM?

CRM လို့ပြောမယ်ဆိုရင် အရင်ဆုံး သိထားရမှာက CRM Strategy နဲ့ CRM Software ကို ခွဲသိဖို့လိုပါတယ်။ CRM ရဲ့ အရှည်ကောက်က Customer Relationship Management ပါ။ ဒါပေမယ့် လူအတော်များများက CRM Software ရော၊ CRM Strategy ကိုပါ CRM ဆိုပြီး တစ်ခုတည်းပြောလေ့ရှိကြပါတယ်။ ဒီလို ရောထွေးနေတော့ အခုမှ CRM အကြောင်း စပြီး လေ့လာမယ့် လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေအနေနဲ့ CRMက ပိုပြီး ရှုပ်တယ်လို့ ထင်ကြတာပါ။ အောက်မှာရေးထားတဲ့ Blog Post ကိုဖတ်ဖို့အချိန်မရှိရင် ဒီ Video လေးကို ကြည့်ပြီး CRM အကြောင်း လေ့လာလို့ရပါတယ်။

What is CRM?

CRM Strategy

CRM Strategy ဆိုတာကတော့ ရှင်းပါတယ်။ Business တွေရဲ့ အသက်က Customer ဆိုတော့ ဒီ Customer တွေရဲ့ အကြောင်းကို ပိုသိအောင်၊ အချက်အလက်တွေကို စနစ်တကျ သိမ်းနိုင်အောင်၊ Customer Journey တစ်လျှောက် သိမ်းဆည်းထားတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး Sales, Marketing နဲ့ Customer Service အပိုင်းတွေမှာ ဘယ်လို ထိထိရောက်ရောက်အသုံးချမလဲဆိုတဲ့ နည်းဗျူဟာပါ။

customer-journey-myanmar
Customer Journey

CRM Software

crm-software-myanmar
CRM Software

CRM Software ဆိုတာကတော့ “Customer Relationship Management Software” ကို ဆိုလိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာဆိုရင်တော့ CRM System တွေကို ၈၀၊ ၉၀ ခုနှစ်များကတည်းက အသုံးပြုနေကြပြီးဖြစ်ပါတယ်။ ခေတ်တွေ တိုးတက်လာတာနဲ့အမျှ CRM Software တစ်ခုရဲ့ လည်ပတ်ပုံကလည်း အတော်လေး ကွာခြားသွားပါပြီ။
CRM Software တစ်ခုဟာ Customer တွေရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ သိမ်းထားနိုင်ပြီး Data တွေကို 360 View အနေနဲ့ မြင်နိုင်တဲ့အထိပါ Powerful ဖြစ်လာကြပါပြီ။ CRM Software တစ်ခုအတွင်းမှာ ကိုယ့် Customer တွေရဲ့ အမည်၊ ဖုန်းနံပါတ်၊ email ၊ Website touchpoints တွေအပြင် ဝယ်ယူခဲ့ဖူးတဲ့ ပစ္စည်းတွေ၊ Quotation တွေ၊ စာချုပ်တွေ ကို သိမ်းဆည်းထားပြီး Sales Team, Marketing Team နဲ့ Customer Service Team တွေက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတွေပေးဖို့ ပြင်ဆင်တဲ့နေရာမှာ CRMကို အသုံးချကြပါတယ်။
ဟိုအရင်ခေတ်များဆီကတော့ CRM Software လို့ပြောရင် Sales Team နဲ့ပဲ အဓိက သက်ဆိုင်တဲ့ Software အဖြစ်မြင်ကြပါတယ်။ ခေတ်တွေပြောင်းလဲလာတဲ့အခါမှာတော့ CRM Software တစ်ခုဟာ Sales, Marketing နဲ့ Service Team တွေ အားလုံး အတူတကွ အသုံးပြုတဲ့ Software ဖြစ်လာခဲ့ပါပြီ။

Marketing Team က CRM ဘယ်လိုသုံးသလဲ?

marketing-team-crm
Marketing Team CRM

Marketing Team ရဲ့ အဓိက တာဝန်ဖြစ်တဲ့ Building Awareness, Email Nurturing, Lead Generation နဲ့ Retargeting ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Data တွေကို CRM Software တွေထဲက ယူသုံးရသလို၊ Lead Generation, Live Chat, Contact Form အစရှိတဲ့နေရာတွေကလာတဲ့ Customer Data တွေကိုလည်း CRM ထဲမှာ သိမ်းဆည်းရပါတယ်။ ဒါ့အပြင် HubSpot လိုမျိုး Powerful ဖြစ်တဲ့ CRM တွေမှာဆိုရင် Customer Behavior, Website Traffics Analytics, Social Media Interaction, SEO, Content Publishing နဲ့ Omnichannel Ads Management တွေကိုပါ Marketing Team တွေက အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ Landing Page တွေကိုလည်း Drag & Drop Feature အသုံးပြုပြီး HubSpot CRM မှာ တည်ဆောက်နိုင်ပါသေးတယ်။

Sales Team က CRM ဘယ်လိုသုံးသလဲ?

sales-team-crm
Sales Team CRM

Sales Rep တွေအနေနဲ့ နေ့စဉ်ပြုလုပ်ရတဲ့ Cold calling, Email, Meeting, Deal Management အစရှိတဲ့ Activities တွေကို CRM Software ထဲမှာပဲ ပြုလုပ်ပြီး မှတ်တမ်းအနေနဲ့ သိမ်းကြပါတယ်။ Marketing Team ဘက်က နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Generate လုပ်ပေးတဲ့ Leads တွေကိုလည်း CRM ထဲမှာပဲ အလွယ်ကကူ ကြည့်ရှူပြီး Prospects တစ်ယောက်ရဲ့ Behavior ကို သေသေချာချာနားလည်နိုင်တဲ့အတွက် Sales Closing လုပ်ရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ Sales Manager များအနေနဲ့လည်း ကိုယ့် Team ရဲ့ Performance ကို CRM Software Report Dashboard ကနေတဆင့် ကြည့်ရှူနိုင်ပြီး လိုအပ်တာတွေကို Coaching လုပ်ပေးတဲ့နေရာမှာ သုံးပါတယ်။

Service Team က CRM ဘယ်လိုသုံးသလဲ?

service-team-crm
Service Team CRM

Customer Service Team တွေအနေနဲ့ Customer တစ်ယောက်ချင်းစီက တင်လိုက်တဲ့ Service Tickets တွေကို CRM ထဲမှာ စီမံခန့်ခွဲတာမျိုးနဲ့၊ Customer တွေအတွက် Knowledge Base လိုမျိုး Resources တွေတည်ဆောက်တဲ့နေရာမှာ CRM ကို အသုံးပြုကြပါတယ်။
HubSpot လိုမျိုး Powerful ဖြစ်တဲ့ CRM Software တွေဟာ အခုနောက်ပိုင်းမှာ Content Managment System လိုမျိုးတွေကိုပါ ထည့်သွင်းတည်ဆောက်လာတာဖြစ်တဲ့အတွက် Website Development Team လိုမျိုး အဖွဲ့တွေကပါ CRM ကနေတဆင့် Content Management လုပ်လာတာမျိုးတွေကိုပါ မြင်တွေ့နိုင်ပါတယ်။

myanmar-crm-software
Business 360 Overview CRM Software

Management Team တွေအနေနဲ့လည်း Business Data အားလုံး 360 View နဲ့ Report မြင်ရတဲ့အတွက် Business တစ်ခုလုံးကို ဟန်ချက်ညီညီနဲ့ တိုးတက်ဖို့ အခွင့်အရေးဖြစ်စေပါတယ်။

CRM ဘယ်လိုအလုပ်လုပ်လဲ?

crm-software-myanmar
CRM Software

CRM က Marketing Campaign တွေကို Implement လုပ်ပေးနိုင် ခြင်း Sales အရောင်းအားတက်စေရန်အတွက်လည်း ထိန်းညှိပေးပါတယ်။ CRM မှ ဈေးကွက်ရှာဖွေခြင်းလုပ်ငန်းစဉ်များ၊ ရောင်းချခြင်းလုပ်ငန်းစဉ်များ၊ အော်ဒါအမှာစာ စာရင်းများကို အထောက်အပံပေးနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။

CRM Software က Customers များရဲ့ Data များကို တစုတစည်းထဲ စုစည်းရာမှာ အသုံးပြုနိုင်ပါတယ်။ CRM မှာ Sales, Marketing and Service တွေကို တနေရာထဲမှာ အလိုအလျောက် စုစည်းပေးတဲ့ စနစ်ပါဝင်ပါတယ်။ ထို့အပြင် CRM က Customerတွေရဲ့ လိုအပ်ချက်များကို အလိုအလျောက်တုံ့ပြန်ပေးနိုင်ခြင်း၊Sales Reps တစ်ဦးချင်းစီရဲ့Sales Process များကို ပိုမိုလွယ်ကူစေရန် ကူညီပေးနိုင်ခြင်း တို့ကိုလည်း လုပ်ဆောင်ပေးပါတယ်။ CRM က Sales Opportunity တွေနဲ့ Data များကို သေချာစွာ Analyze လုပ်ပေးနိုင်ပါတယ်။

Organization တိုင်းလိုအပ်တဲ့ CRM ရဲ့ အဓိက Features များ

Sales Reps တစ်ဦးချင်းစီရဲ့Sales Process များကို ပိုမိုလွယ်ကူစေရန် ကူညီပေးနိုင်ခြင်း တို့ကိုလည်း လုပ်ဆောင်ပေးပါတယ်။ CRM က Sales Opportunity တွေနဲ့ Data များကို သေချာစွာ Analyze လုပ်ပေးနိုင်ပါတယ်။

(1) Sales Automation လုပ်ခြင်း

Sales Automation တွေကိုများသောအားဖြင့် B2B Business တွေ ဒါမှမဟုတ် Sales Cycle ရှုပ်ထွေးတဲ့ Situation တွေမှာ အသုံးများကြပါတယ်။

(2) Account Management လုပ်ခြင်း

Organization အများစုတွင် Customer တစ် ဦး သို့မဟုတ်Account တစ်ခုကအရေးကြီးတယ်။ CRM ကိုအသုံးပြုခြင်းက ကုမ္ပဏီအတွင်းမှာရှိတဲ့ Customer တစ် ဦး ချင်းစီနှင့် ပတ်သက်တဲ့ အချက်အလက်များသိမ်းဆည်းခြင်း၊ အခြေအနေများကိုအလွယ်တကူသိနိင်ပါတယ်။ ဒါကြောင့် Account Management က လည်း CRM ရဲ့ Core Features တစ်ခုအနေနနဲ့ပါဝင်ပါတယ်။

(3) Contact Management လုပ်ခြင်း

Contact Management ကတော့ CRM က Customers တွေ Prospects တွေရဲ့ သက်ဆိုင်ရာ Data အချက်အလက်များကိုသိမ်းဆည်းပေးတယ်။

(4) Quote Management လုပ်နိုင်ခြင်း

B2B Business တွေမှာ Sales Reps တွေက ကိုယ့် Customers သို့မဟုတ် Prospects တွေကို မိမိတို့ Product ရဲ့ ဈေးနှုန်း၊ Services Charges တွေနဲ့ ပတ်သက်ပြီးပြောဆိုရပါတယ်။ CRM tool မှာတော့ရိုးရှင်းပြီးလွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ Quotation Tools ပါဝင်တာကြောင့် Sales Reps အနေနဲ့ ကလစ်တစ်ချက် နှိပ်ရုံဖြင့် Professional ဆန်တဲ့ Sales Quotation တစ်ခုကိုအလျင်အမြန် ထုတ်နိုင်ပါသည်။ CRM ကို Product Catalog နဲ့ Integrate လုပ်ခြင်း (သို့မဟုတ် CRM အတွင်းရှိ Product Catalog Data များကိုသိမ်းဆည်းခြင်း) အားဖြင့် Sales Reps တွေက Product Catalog Quotation တွေကို Customers တွေဆီ အလွယ်တကူပို့ပေးနိုင်ပါတယ်။

အဲ့ဒီ Quotation တွေကို PDF အနေနဲ့ Attached လုပ်ပြီးတော့လည်း CRM မှတစ်ဆင့် Email တွေပို့နိုင်ပါတယ်။

(5) Sales Pipeline Management ပြုလုပ်နိုင်ခြင်း

hubspot-crm-myanmar

CRM မှာ သင့်ရဲ့ Sales Pipeline တစ်ခုလုံးမှာရှိတဲ့ Deals တွေ Stage တစ်ခုကနေတစ်ခု အလွယ်တကူ ကူးပြောင်း နိုင်အောင်လည်းပြုလုပ်ပေးတယ်။

(6) Customer Retention

team-alignment

CRM Software ရဲ့ အကူအညီဖြင့် သင့်ရဲ့ Customers ဘယ်သူတွေလဲ? သူတို့စိတ်ဝင်စားတာက ဘာတွေလဲ? သူတို့ဘယ်နေရာတွေမှာ ဘယ်လိုရှိနေလဲ? အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ Customers တွေရဲ့ အကြောင်းကို စတင်ပြီး သေသေချာချာ နားလည်နိုင်ပြီဆိုရင် Customers များနဲ့ ရေရှည်ဆက်ဆံရေးမှာ တိုးတက်မှုများစွာ ရရှိနိုင်ပြီး Loyal Customers များကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

ငွေကြေးလည်ပတ်မှု တခုတည်းကို အာရုံစိုက်နေရုံသပ်သပ်ဖြင့် Customers တွေရဲ့ လိုအပ်ချက်ကို နားလည်သိရှိနိုင်မှာ မဟုတ်တာကြောင့် အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

Customers အသစ်တွေကို ရှာဖွေတာထက် ရှိပြီးသား Customers အဟောင်းတွေကို ထိန်းသိမ်းထားနိုင်တာက ကုန်ကျစရိတ် ဘယ်လောက်သက်သာနိုင်တယ်၊ ဘယ်လိုအကျိုးအမြတ်ပိုပြီး ရရှိနိုင်တယ်ဆိုတာကို Data များမှ ပြသပေးနိုင်ပါတယ်။

CRM ရဲ့အချက်အလက် အကူအညီနဲ့ Customers တွေရဲ့ လိုအပ်ချက်တွေကို လုံးဝနားလည်ပြီဆိုရင် ထိရောက်တဲ့ Target တွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Customers လိုအပ်ချက်ကို လိုက်ပြီး အထူးထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းများ၊ အထူးဝန်ဆောင်မှုများ၊ VIP များအတွက် အထူးအစီအစဉ်များ၊ တဦးချင်းအလိုက် အထူးအစီအစဉ်များ အစရှိတဲ့ အစီအစဉ်တခုစီကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Customers များနဲ့ အပြန်အလှန် ဆက်သွယ်မှု ပြုလုပ်ခဲ့တဲ့ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး ကျစ်လစ်ခိုင်မာတဲ့ Solid Customers Base ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး Customers အသစ်များကိုလည်း ဆွဲဆောင်နိုင်မှာ သေချာပါတယ်။

CRM ကိုအသုံးချရာမှာ ကုမ္ပဏီ လုပ်ငန်းတခုနဲ့ တခုကြား ကွာခြားချက်များရှိပေမယ့် အပြောင်းအလဲလုပ်ဖို့ လိုအပ်နေကြောင်း လမ်းညွှန်ချက်တွေကတော့ ရှင်းလင်းတိကျနေပါတယ်။

(7) Dashboard and Analytics

crm-report
CRM Report

Sales Leaders တွေက CRM ကိုအသုံးပြုပြီး သူတို့၏အဖွဲ့၏ Team’s Activity နှင့် Revenue တိုးတက်မှုနှုန်းကိုလည်း Track လုပ်နိုင်ပါတယ်။

CRM ကိုဘယ်သူတွေ သုံးသင့်လဲ?

CRM ကိုအသုံးပြုကြတဲ့ Company များဟာ Customer များနဲ့ ဆက်ဆံရေးကောင်းများ စနစ်တကျပြုပြင် တည်ဆောက်ဖို့အတွက် အသုံးပြုကြတာဖြစ်ပါတယ်။ အနည်းငယ် ထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် Company အစုအဖွဲ့ (၂) မျိုး တွေ့ရှိရပါတယ်။

B2B (Business to Business) ကုမ္ပဏီများ (software company, a recruiting firm) အနေဖြင့် Customer များနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ပြီး ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းများကို ရေရှည်လက်တွဲရောင်းချခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ B2C (Business to Consumer) ကုမ္ပဏီများ (jeweler, a landscaping service, or a realtor) အနေဖြင့်လည်း Customer များရဲ့ လိုအပ်ချက်များနဲ့ အချက်အလက်များကို သေချာသိရှိနားလည်းပြီး ဆက်ဆံရေးကောင်းများ တည်ဆောက်ကာ ရောင်းချမှုလုပ်ငန်းစဉ်ကို သေချာစနစ်တကျ ဆောင်ရွက်နိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

CRM ကိုဘယ်လိုအသုံးပြုမလဲ

(1) Sales Reps များကို CRM ထဲ Invite လုပ်ခြင်း

Sales Reps တွေက CRM ကိုသုံးခြင်းအားဖြင့် Customers တွေရဲ့ Data တွေကိုလည်း တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။

ဒါကြောင့်မို့ CRM Implementation မလုပ်ခင် ပထမဦးဆုံးမှာ Users တွေကို အရင်ဆုံး Invite လုပ်သင့်ပါတယ်။

(2) CRM Setting ကို Customize လုပ်ခြင်း

CRM System က Sales Process ကို. Reflect ဖြစ်စေပါတယ်။ Sales Process ရဲ့ Stages ကိုတိကျသေချာစွာပြောင်းလဲပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် Lead မှ Customer, Customer မှတစ်ဆင့် Opportunity Stage ဆိုပြီးပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ သင်ရဲ့ Sales Process ကို ဘယ်လိုသတ်မှတ်လဲဆိုတာမသိသေးရင် ကိုယ့် Prospects တွေက Product and Service တွေကိုဘယ်လိုခွဲခြမ်းစိတ်ဖြာပြီးဝယ်ယူလဲဆိုတာကို လေ့လာစောင့်ကြည့်သင့်ပါတယ်။

Business အများစုမှာ သူတို့ Track လုပ်လိုတဲ့ Unique Properties တွေရှိကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် “ Billing ID”,“ Time Zone”,“ Product purchase” သို့မဟုတ်“ Global Office Address” အတွက် တစ်ခုထပ်ထည့်မည်ဆိုပါက Existing Data တွေကို Import မလုပ်ခင်မှာကြိုတင်ပြီး လိုချင်တဲ့ Properties တွေကို Create လုပ်ထားသင့်ပါတယ်။

အကယ်၍ သင့် Businessက မတူညီတဲ့ Currency ကိုအသုံးပြုတယ်ဆိုရင်တော့ CRM ထဲကနေ အသုံးပြုမယ့် Currency ကို Adjust လုပ်ပြီးအသုံးပြုနိုင်ပါတယ်။

(3) Contacts, Companies, and Deals များကို CRM ထဲသို့ Import လုပ်ခြင်း

Prospects များနှင့် Opportunity တွေကို လုပ်နိုင်ဖို့ CRM တိုင်းက CSV file ကို Upload လုပ်ပြီး Information တွေကိုထည့်ပြီးသိမ်းဆည်းပေးနိုင်ပါတယ်။ Import လုပ်မည့် Spreadsheet ထဲမှာပါရှိတဲ့ Column တစ်ခုစီတိုင်းရဲ့ Contact Property တွေက CRM ထဲမှာရှိတဲ့ Contact Property တွေနဲ့ကိုက်ညီမှုရှိမှသာ Data အဟောင်းနဲ့အသစ်ကြား Match ဖြစ်မှာပါ။

(4) အခြားသောTools များနဲ့ CRM ကို Integrate လုပ်ခြင်း

Sales, Marketing and Customer Success တွေရဲ့ Informations တွက CRM ထဲမှာ Centralized ဖြစ်နေပါတယ်။ အဲ့အတွက်ကြောင့် သင့်ရဲ့Customers နှင့် Prospects တွေရဲ့ Information တွေကို 360 မြင်နိုင်ပါတယ်။ အကယ် ၍ HubSpot CRM ထဲက Sales and Marketing ကိုအသုံးပြုနေတယ်ဆိုပါစို့။ Lead တစ်ခုက Form ဖြည့်သွားတယ်၊ ဒါမှမဟုတ် Sales Reps တစ်ယောက်နဲ့ Chatbot တွေ၊ Live Chat ကနေဆက်သွယ်တယ်၊ Websites ကိုဝင်ကြည့်သွားတယ်ဆိုရင်CRM ထဲမှာ Record လုပ်ထားပေးနိင်ပါတယ်။

(5) Dashboard တစ်ခုပြုလုပ်ခြင်း

Business တစ်ခုမှာ ကိုယ့် Team ရဲ့ Activity တွေ Performance တွေကို သေချာသုံးသပ်ပြီး Align လုပ်သင့်ပါတယ်။ ဒါမှသာ နည်းစနစ်ကျမှန်ကန်တဲ့လမ်းညွှန်မှုတွေကို Coaching လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မို့ CRM dashboard က တွေအတွက်အရမ်းကို အသုံးဝင်ပါတယ်။ CRM Dashboard က သင့် ရဲ့လိုအပ်ချက်များနဲ့ကိုက်ညီအောင် Reports တွေ Create လုပ်လို့ရပါတယ်။

(6) Reports ဆောက်ခြင်း

Sales Manager တစ်ယောက်အနေနှင့် Data များကိုကြည့်ရှုဖို့ အချိန်များစွာကုန်ဆုံးနေရတယ်။ Sales Reps တွေကလည်း ကိုယ့် Product တွေကိုရောင်းနိုင်ဖို့ အချိန်များစွာယူရပါတယ်။ ဒါကြောင့် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ်ပို့နိုင်ဖို့ Email တွေ Create လုပ်နိုင်ပါတယ်။

Sales Reps တွေ Email ပို့ခြင်း သို့မဟုတ် Replied Email များ Sales Reps များမှ ဖုန်းခေါဆိုမှုများ၊ Sales Reps များမှရရှိလာသော Projects များကိုလည်း Report ဆောက်ပြီး Dashboard ကနေ ကြည့်ရှုနိုင်ပါတယ်။

CRM နှင့် သင့် Business ကိုဘယ်လိုမြှင့်တင်မလဲ

Gartner ရဲ့ report တခုမှာ ဒုဥက္ကဌ Joanne Correie မှ “CRM ဟာ လာမယ့်နှစ်တွေမှာ Digital လုပ်ငန်းစဉ်များရဲ့ Central ဖြစ်လာပါလိမ့်မယ်။ ဒီနည်းပညာဟာ ကုမ္ပဏီများကို ပြိုင်ဆိုင်မှုတွေကြားက ရပ်တည်ရှင်သန်နိုင်အောင် ဝင်ငွေများစွာ ဖန်တီးပေးနိုင်ပါလိမ့်မယ်။” ဟုပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ခေတ်ရှေ့ပြေးတိုးတက်မှုကြောင့် ဆိုရမှာပါ။

ကုမ္ပဏီများဟာ အမြဲလိုလို လျင်လျင်မြန်မြန်တိုးတက်လာနေပါတယ်။ သူတို့အားလုံးဟာ Sales and Marketing အပိုင်းတွေမှာ အကောင်းဆုံး ပြင်ဆင်ထားကြတာကို တွေ့မြင်နိုင်မှာပါ။

Prospects and Customers အသစ်တွေထံ Social Channels များမှတဆင့် Video Marketing များအသုံးချပြီး Reach နဲ့ Engage များများရရှိနိုင်မယ့် အခွင့်အလမ်းသစ်များ ရရှိလာကြပါတယ်။

ကုမ္ပဏီများတိုးတက်လာတဲ့အခါမှာ ဈေးကွက်များကို Track လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်များ ပြုလုပ်ဖို့နိုင်ဖို့အတွက် လိုအပ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို Marketing Team ကဖြစ်စေ၊ Sales Team ကဖြစ်စေ ဒီသတင်းအချက်အလက်တွေအတွက် အချိန်ပေးပြီး လုပ်ဆောင်နိုင်စွမ်း မရှိကြပါဘူး။

CRM စနစ်ကို အသုံးမပြုတဲ့အခါ Marketing နဲ့ Sales မှ ဝန်ထမ်းများက Email များ ချိတ်ဆက်ခြင်း၊Customers များနဲ့ ချိတ်ဆက်ခြင်း အစရှိတဲ့ လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ အချိန်ပိုကုန်ပြီး လူအင်အားကို ပိုမိုစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကို လုပ်ကိုင်ရတဲ့အခါ Appointment များလွဲချော်ခြင်း၊ တစ်နေရာထဲကို အကြိမ်ကြိမ် ချိတ်ဆက်မိခြင်း အစရှိတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ မှားယွင်းမှုများ ကြုံတွေ့လာကြရခြင်း Sales Process တွေမှာ နှေးကွေးမှုတွေ ဖြစ်ပေါ်လာစေပါတယ်။

CRM စနစ်ကို အသုံးပြုခြင်းဖြင့် Complex Workflow တွေကို ဖြေရှင်းပေးနိုင်ပြီး Sales Team ကိုလျင်လျင်မြန်မြန် တိုးတက်လာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ CRM စနစ်က

– လုပ်ငန်းအတွက် လိုအပ်တဲ့ အချက်အလက်များ ထိန်းသိမ်းပေးခြင်း

– လုပ်ငန်းအတွက် ဆောင်ရွက်ရမယ့် အချက်များကို အတိအကျ လုပ်ဆောင်နိုင်အောင် ထိန်းသိမ်းပေးနိုင်ခြင်း

– အလုပ်ချိန်အတွင်း ထိရောက်ပြီး လွယ်ကူချောမွေ့စေဖို့ ကူညီပေးနိုင်ခြင်း

– လုပ်ငန်းအတွက် မလိုအပ်တဲ့ အချက်အလက်များကို ဖယ်ထုတ်ပေးနိုင်ခြင်း

အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိအောင် ဆောင်ရွက်ပေးပါတယ်။

CRM ကဘာတွေလုပ်ပေးနိုင်သလဲ?

CRM ဆိုတာ သင့်အတွက် Contact List တွေကိုလွယ်လွယ်ကူကူနဲ့ Manage လုပ်ပေးနိုင်တဲ့ Tools ဖြစ်ပါတယ်။ဒီ Tools ကနေသင့်ကိုလုပ်ပေးနိုင်တာတွေက Users ပေါင်းမြောက်များစွာထည့်နိုင်တဲ့အပြင် အခမဲ့သုံးနိုင်ပါတယ်။

(1) CRM ဟာ လုပ်ငန်းတစ်ခုရဲ့ အသက်ဖြစ်ပါတယ်။ CRM က လုပ်ငန်းရဲ့ Sales တက်ဖို့ ကူညီပေးနိုင်ပါတယ်။

Free ဖြစ်တဲ့အပြင် ဒီ CRM ကိုအသုံးပြုနိုင်တာက သင်တစ်ယောက်တည်းမဟုတ်ပဲ Marketing Team ရော Sales Team ရောအကုန်လုံးအသုံးပြုလို့ရပါတယ်။

(2) Live Chat Feature ပါဝင်ပါတယ်။

Hubspot က Live Chat Tool Develop လုပ်ခဲ့ပြီး Free ဖြစ်ဖြစ် Paid ဖြစ်ဖြစ်ဝယ်ယူသုံးစွဲနိုင်ပါတယ်။

Live Chat Tool ကို Paid အဖြစ်သုံးမယ်ဆိုရင်တော့ပိုမိုကောင်းမွန်တဲ့ Live Chat Feature ရရှိနိုင်ပြီး Live Chat နဲ့ Inquiries တွေကို အသေးစိတ် Customize လုပ်နိုင်မှာပါ။

(3) Customer Insights တွေကိုပိုမိုအသေးစိတ်ကြည့်လို့ရပါတယ်။

CRM က Customer တွေရဲ့ Interactions တွေကို Track လုပ်ပေးတဲ့အပြင် Insights တွေပြန်ထုတ်ပေးပြီးဘယ်အချိန်မှာ Follow up လုပ်ရမလဲဆိုတာ အလွယ်တကူသိနိုင်အောင်လုပ်ပေးပါတယ်။ Gmail နဲ့ Outlook Extensions တွေရှိရင် Email တွေကို ဘယ်လောက်ဖွင့်ဖတ်သွားလဲဆိုတာပါ အသေးစိတ် Track လုပ်နိုင်မှာပါ။

(4) Customize စိတ်ကြိုက်လုပ်လို့ရပါတယ်။

အခြားသော CRM တွေနဲ့မတူတာ‌ကတော့ HubSpot မှာသင့် Brand နဲ့ Sales Process တွေအတွက်ကြိုက်သလောက် Customize လုပ်နိုင်ပါတယ်။

အခုလို နေရာတစ်ခုတည်းမှာ တူညီတဲ့ Data တွေစုထားတဲ့အတွက် Leads တွေကို Marketing ကနေ Sales Funnel တွေအထိ Data တွေကိုအလွယ်တကူထိန်းသိမ်းနိုင်မှာပါ။ CRM နဲ့ဆို သင့် data တွေကတစ်နေရာထဲမှာရှိနေမှာပါ။

ဒီလိုကောင်းကျိုးတွေရှိနေပေမယ့် CRM Tools ကို Paid အဖြစ်သုံးမယ်ဆိုရင်တော့ ဈေးအနည်းငယ်ကြီးပါတယ်။

Free Apps တွေကိုသုံးတာက သင့်ကိုရေတိုမှာအဆင်ပြေစေမယ့် ရေရှည်မှာတော့ ဒုက္ခတွေ့စေမှာပါ။ CRM မှာပိုက်ဆံအသုံးပြုတာက သင့်ကိုပိုအကျိူးရှိစေပြီးသုံးစွဲရတဲ့ ငွေထက်ပိုသာတဲ့ Service ရရှိတယ်လို့ခံစားမိမှာပါ။

Customer Satisfaction တိုးအောင် CRM က အသုံးပြုဖို့ လိုကို လိုပါတယ်။

Business တစ်ခုဟာ Customer တွေရဲ့ စိတ်ကျေနပ်မှုကို မပေးစွမ်းနိုင်ဘူးဆိုရင် အဲ့ဒီ လုပ်ငန်းဟာ ကျရှုံးနိုင်ပါတယ်။အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အသုံးစရိတ်ကို လျော့ချခြင်းထက် Customer များကို ဦးစားပေးဂရုစိုက်ခြင်းကို အလေးထားလုပ်ဆောင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းဖြင့် Customer များဟာ လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံး ရောင်းချပေးသူများဖြစ်လာတာကို လေ့လာချက်များအရ သိရှိရပါတယ်။

စစ်တမ်းများအရ Customer 77% ဟာ ကောင်းမွန်တဲ့ အတွေ့အကြုံများကို တဆင့်ပြန်လည် မျှဝေကြပါတယ်။

ဒီအချက်တွေအရ Customer ကိုစိတ်ကျေနပ်အောင် ဝန်ဆောင်ပေးနိုင်ပါက လုပ်ငန်းရေရှည်အောင်မြင်ကို ရရှိနိုင်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ လုပ်ငန်းများမှာ Customer အသစ်ရှာဖွေတဲ့အခါ အသုံးပြုရတဲ့ ကုန်ကျစရိတ်ဟာ Customer အဟောင်းများကို ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်ထက် ၅ဆမှ ၂၅ဆအထိ ပိုမိုကုန်ကျကြောင်း သိရှိရပါတယ်။