Logo ရှိနေရုံနဲ့ မပြီးသေးပါဘူး။ သင့် Brand မှာ ဒီအချက်တွေရောရှိနေပြီလား? - Myanmar's Leading Marketing Consulting Firm

Logo ရှိနေရုံနဲ့ မပြီးသေးပါဘူး။ သင့် Brand မှာ ဒီအချက်တွေရောရှိနေပြီလား?

Business Owner တွေ၊ Marketing Manager တွေအနေနဲ့ Brand တစ်ခုဖန်တီးတဲ့အခါ Logo ကိုပဲ ဦးစားပေးရေးဆွဲပြီး ကြော်ငြာတွေ၊ Packaging Design တွေ တန်း လုပ်ကြပါတယ်။ အဲ့ဒီအခါ ဘယ်လိုပြဿနာတွေဖြစ်လာလဲဆိုတော့ ကြော်ငြာ ဒီဇိုင်းတွေဟာ တစ်ခါဆွဲရင် တစ်မျိုးဖြစ်နေတာ၊ အရောင်တွေကတူညီမှုမရှိတာ၊ အဆိုးဆုံးကတော့ အမှတ်တံဆိပ်ကိုလူတွေမမှတ်မိတာ၊ ကိုယ်တကယ်မြင်စေချင်တဲ့ Brand ပုံစံကို မမြင်တာတွေဖြစ်လာပါတယ်။ ဒါတွေဘာကြောင့်ဖြစ်ရလဲဆိုတော့ Branding လုပ်မယ်ဆိုပြီး Logo ပဲဆွဲထားလို့ဖြစ်ပါတယ်။

ကိုယ့်အမှတ်တံဆိပ်အတွက် Branding မလုပ်ခင် ဒီအချက်လေးတွေကို Checklist လေးကြိုဖန်တီးထားမယ်ဆိုရင် အပေါ်မှာ ပြောခဲ့သလို ပြဿနာတွေဖြစ်မှာမဟုတ်ပါဘူး။

Branding Checklist တစ်ခုမှာဆို အကြမ်းဖျင်းအားဖြင့်

(1) Logo (Horizontal & Vertical)

(2) Colors

(3) Typography

(4) Photography

(5) Illustration

(6) Iconography

နာမည်ကျော် လိုဂို အမှတ်တံဆိပ်များ

အမှတ်တံဆိပ်တစ်ခုရဲ့ မျက်နှာဖြစ်လို့ Logo ကိုဆွဲတဲ့အခါမှာ ကိုယ့် Brand ရဲ့ Personality နဲ့ ကိုက်ညီပြီး ဘယ်နေရာမှာမဆို အသုံးပြုလို့ရနိုင်မယ့် Design မျိုးဖြစ်ဖို့လိုပါတယ်။ Logo ရဲ့မူလအရောင်တွေအပြင် Black and White အနေအထားနဲ့ပါ အဆင်ပြေမပြေ စမ်းကြည့်ဖို့လိုပါတယ်။  Logo ကို Horizontal ကော Vertical Usage အတွက်ပါ ထည့်သွင်းစဉ်းစားမှသာ နေရာအစုံအတွက် အသုံးပြုလို့လွယ်ကူမှာပါ။ နောက်ပြီး Logo ဟာ Digital Usage ကော Printing မှာပါ အဆင်ပြေပြေအသုံးပြုလို့ရရပါမယ်။

(2) Color Palette

Color Palette နမူနာပုံစံ

Logo ရဲ့ အသက်ဟာ Color လို့တောင်ပြောလို့ရပါမယ်။ အရောင်တွေဟာ သင့်အမှတ်တံဆိပ်အတွက် အရေးကြီးတဲ့ Emotional Element တစ်ခုပါ။ အရောင်တွေဟာ အပြောလွယ်ပေမယ့် အရွေးခက်လှပါတယ်။ ကိုယ့်ရဲ့ Customer တွေဟာ မတူညီတဲ့ အရောင်တွေအပေါ်မူတည်ပြီး တုံ့ပြန်မှုတွေကလည်း ကွာသွားတတ်လို့ အမှတ်တံဆိပ်အတွက် အရောင်ရွေးတဲ့အခါ ကိုယ့် Brand Personality ကို အကောင်းဆုံးဖော်ပြနိုင်ပြီး Target Customers တွေသဘောကျမယ့် အရောင်တွေကို ဦးစားပေးသုံးသင့်ပါတယ်။
နောက်ပြီး အရောင်ဆိုလို့ Logo ထဲပါတဲ့ အရောင်နဲ့တင် မရပ်လိုက်ပါနဲ့။ အရောင်ကို သတ်မှတ်တဲ့အခါ
– Main Color တစ်ခုကိုအရင်ရွေးပြီး
– Primary Color နှစ်ခု
– Complementary Color သုံးခုကနေ ငါးခု စသည်ဖြင့် ရွေးဖို့လိုပါတယ်။ ဒါမှသာ အခြေအနေတွေအပေါ်မူတည်ပြီး ကောင်းမွန်တဲ့ အရောင်ရွေးချယ်မှုကိုပြုလုပ်နိုင်မှာပါ။ နောက်ပြီး ရွေးထားတဲ့အရောင်တွေက Screen ပေါ်မှာတင်မကပဲ Printing မှာပါ အဆင်ပြေမှုရှိမရှိ စမ်းရပါမယ်။

(3) Typography

Branding လုပ်တာကို အိမ်တစ်လုံးဆောက်တာနဲ့ တင်စားမယ်ဆိုရင် Logo နဲ့ Color သတ်မှတ်တာက အုတ်မြစ်ချတာဖြစ်ပြီး Typography ကတော့ အုတ်မြစ်အပေါ်မှာ တည်ထားတဲ့ အိမ်တိုင်တွေလို့ တင်စားလို့ရပါတယ်။

Typography ရွေးချယ်တဲ့အခါ ကိုယ်ကြိုက်တဲ့ စာလုံး တွေကိုရွေးမယ့်အစား Logo, Color တွေနဲ့ လိုက်ဖက်မယ့် ပုံစံကိုရွေးတာက ပိုပြီး ကောင်းပါတယ်။ Color ရွေးတုန်းကလိုပဲ Typography ရွေးတဲ့အခါမှာလည်း Primary, Secondary Typeface ဆိုပြီး ရွေးသင့်ပါတယ်။ ဒီထက်ပိုပြီး ထည့်သွင်းစဉ်းစားစရာတွေရှိပေမယ့် အခုဖော်ပြသလောက် အကြမ်းဖျင်းနားလည်ထားရင် အဆင်ပြေပြီး သင့်ရဲ့ Branding Agency က ကျန်တဲ့အပိုင်းတွေကို လုပ်ပေးသွားပါလိမ့်မယ်။

(4) Photography

Photography

Photography ကလည်း သင့် Brand Story ကိုပြောတဲ့ နေရာမှာ သုံးတာဖြစ်လို့ အရေးကြီးပါတယ်။ Stock Photo တွေကို သုံးမယ်ဆိုရင်တောင်မှ ဘယ်လိုမျိုး ပုံမျိုးတွေကိုပဲ သုံးမယ်ဆိုပြီး ကြိုတင် သတ်မှတ်ထားသင့်ပါတယ်။

(5) Illustration

ကိုယ့် Brand အတွက် Unique ဖြစ်တဲ့ Illustration တွေအသုံးပြုခြင်းကလည်း သင့် Brand ကို ပိုပြီး လူတွေမှတ်မိစေပါတယ်။

ဒါပေမယ့် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ် ဆန်းဆိုသလို မဖြစ်ရအောင်… Designer တွေပြောင်းသွားလဲ Brand ကငြိမ်နေအောင် Illustration အတွက် Guide တစ်ခု ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။

(6) Iconography

Iconography

Iconography ဆိုတာ သင့် Brand အတွက် မြန်မြန်နဲ့ ရိုးရိုးရှင်းရှင်း Communicate လုပ်ပေးမယ်နိုင်မယ့် Brand Assets ပဲဖြစ်ပါတယ်။ Icon တွေဟာ နေရာမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် Icon တွေကို လမ်းညွှန်ဆိုင်းဘုတ်တွေ၊ ဒီဇိုင်းတွေ၊ Website နဲ့ App တွေမှာ အသုံးပြုကြပါတယ်။ Icon တွေကို Online ပေါ်က Free ရတဲ့ Website တွေကနေ Download လုပ်ပြီးသုံးတာမျိုးကိုတော့ သိပ်အားမပေးပါဘူး။ သင့် Brand Icon နဲ့ Online ပေါ်က အခြား ထောင်ပေါင်းများစွာသော Brand တွေရဲ့ Icon တွေနဲ့ တူနေမယ်ဆို ဘာလို့များ Branding လုပ်နေဦးမလဲဗျာ။

အပေါ်ကအချက်တွေအားလုံးဟာ ကိုယ့် Brand ရဲ့ Style Guideline ထဲမှာ ကြိုပြီး Set လုပ်ထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ ဒီလိုအချက်တွေပါဝင်တဲ့ Brand Style Guideline ကောင်းကောင်းတစ်ခုမရှိရင်တော့ Logo သပ်သပ်ဟာ အလကားပါပဲလို့ပြောလို့ရပါတယ်။ အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ ဆိုသလို Guideline မရှိတဲ့ Brand ဟာ ဘယ်မှာများ လူသိများ ကျော်ကြားပါလိမ့်မလဲဗျာ။

Brand တစ်ခု စပြီးမဖန်တီးခင် သိသင့်တဲ့ Brand Checklist လေးကို ဒီမှာ အခမဲ့ Download ယူလိုက်ပါ။