Digital Marketing အကြောင်း ပြည့်ပြည့်စုံစုံ -B360 Myanmar

Digital Marketing အကြောင်း ပြည့်ပြည့်စုံစုံ

အင်တာနက်ပေါ်မှာ Video တွေ၊ Articles တွေ၊ ဓာတ်ပုံတွေနဲ့ ရှုပ်ယှက်ခက်နေပါတယ်။ အဲ့ဒီကြားထဲကနေ မိတ်ဆွေရဲ့  Brand၊ မိတ်ဆွေရဲ့ ကုန်ပစ္စည်း တစ်ခုကို မှတ်မိဖို့ဆိုတာခက်ပါတယ်။ ဒီလိုဆိုရင် မိတ်ဆွေရဲ့ Brand ကို တခြား Brand တွေနဲ့ မတူအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာကိစ္စဖြစ်လာပါပြီ။ 

Digital Marketing က ဒီဘက်ခေတ်မှာ ဘယ်လောက်ထိအရေးပါလဲ? ကမ္ဘာပေါ်မှာ အင်တာနက်အသုံးပြုနှုန်းတဲ့လူဦးရေဟာ နေ့စဉ်တိုးလာနေပါတယ်။ တွေ့ရှိချက်တွေအရ ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးအနေနဲ့ အင်တာနက်အသုံးပြုတဲ့လူဦးရေက ၄.၆ ဘီလီယံထိ ရှိလာနေပါပြီ။ အောက်မှာပြထားတဲ့ ပုံကိုကြည့်မယ်ဆိုရင် တစ်မိနစ်အတွင်းမှာ အင်တာနက်ပေါ်က လျှင်မြန်တဲ့ အဖြစ်အပျက်တွေကို မြင်နိုင်ပါတယ်။

2021-internet-minutes
Source – LorilLewis

Marketing ဆိုတဲ့ပညာရပ်က Customers တွေရှိမယ့်နေရာနောက်ကို လိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် Internet အသုံးပြုတဲ့သူတွေ များလာတာကြောင့် မိတ်ဆွေလုပ်ငန်းအတွက် Digital Marketing ကလည်း လိုအပ်လာပါတယ်။ Digital Marketing ဟာ  အခြား Marketing နည်းလမ်းတွေထက်ပိုပြီး ထိရောက်တာကို တွေ့ရမှာဖြစ်ပါတယ်။ Cost Effective ဖြစ်တာကို တွေ့ရမှာပါ။ Digital Marketing ကိုသုံးမယ်ဆိုရင် မိတ်ဆွေရဲ့ Brand/ Product  ကို Customer ဖြစ်လာနိုင်ချေရှိတဲ့သူတွေ မြင်အောင်၊ သတိထားမိအောင်၊ စိတ်ဝင်စားအောင် လုပ်လို့ရပါတယ်။ Customer တွေနဲ့ တကယ်ကိုက်ညီမယ့် Content တွေဖန်တီးလို့ရပါတယ်။ Digital Marketing ကို အသုံးပြုမယ်ဆိုရင် ဘယ်နေရာ၊ ဘယ်ဒေသက Customer ဖြစ်ဖြစ် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်လို့ရမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် တစ်ဖက်ကလည်း အင်တာနက်ပေါ်မှာ အကြောင်းအရာပေါင်းစုံနဲ့ ပြည့်ကျပ်နေပါတယ်။ အင်တာနက်ပေါ်မှာ Video တွေ၊ Articles တွေ၊ ဓာတ်ပုံတွေနဲ့ ရှုပ်ယှက်ခက်နေပါတယ်။ အဲ့ဒီကြားထဲကနေ မိတ်ဆွေရဲ့  Brand၊ မိတ်ဆွေရဲ့ ကုန်ပစ္စည်း တစ်ခုကို မှတ်မိဖို့ဆိုတာခက်ပါတယ်။ ဒီလိုဆိုရင် မိတ်ဆွေရဲ့ Brand ကို တခြား Brand တွေနဲ့ မတူအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာကိစ္စဖြစ်လာပါပြီ။ 

အဲ့လိုလုပ်ဖို့အတွက် Digital Marketing က မရှိမဖြစ်လိုအပ်ပါတယ်။ 

digital-marketing
Source -aartisto

Digital Marketing မှာ မိတ်ဆွေရဲ့ Brand ကို Target Customers တွေဆီရောက်အောင် လုပ်လို့ရတဲ့ နည်လမ်းတွေအများကြီးရှိပါတယ်။ Emails, Social Media, Website, Search Engine တွေကနေတစ်ဆင့် Customer တွေဆီရောက်အောင် လုပ်လို့ရပါတယ်။ Digital Marketing ဆိုတာ two-way communication ပုံစံဖြစ်တဲ့အတွက် မိတ်ဆွေရဲ့ Customers တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ two-way communication ဆိုတာ Digital Marketing ရဲ့အားသာချက်ဖြစ်ပါတယ်။ 

Digital Marketing/ Online Marketing ဆိုတာဘာလဲ? 

Digital Marketing/ Online Marketing ဆိုတာ digital channels တွေပေါ်ကနေတစ်ဆင့် Marketing Message/ Brand Message ကို Customer တွေဆီရောက်အောင် ဖန်တီးပေးရတာမျိုးဖြစ်ပါတယ်။  

Digital Channel ဆိုတာဘာလဲ?  

Search Engine, Website နဲ့ Social Media တွေဟာ Digital Channel တွေဖြစ်ပါတယ်။ 

Digital Marketing ရဲ့အခန်းကဏ္ဍက ဘာလဲ? 

Digital Marketing ရဲ့အခန်းကဏ္ဍက စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးဖို့ဖြစ်ပါတယ်။ ဘယ်လိုကူညီပေးလဲဆိုရင် Internet ပေါ်မှာရှိတဲ့စားသုံးသူတွေ၊ ဝယ်ယူသူတွေ မိတ်ဆွေရဲ့လုပ်ငန်းအကြောင်းသိလာအောင်၊ သူတို့စိတ်ဝင်စားလာအောင်၊ နောက်ဆုံး မိတ်ဆွေရဲ့ Customer တွေဖြစ်လာဖို့ ကူညီပေးတာဖြစ်ပါတယ်။ နောက်ပြီး Digital Marketing က မိတ်ဆွေလုပ်ငန်းရဲ့ရည်မှန်းချက်တွေဆီ ရောက်အောင် တစ်ဖက်တစ်လှမ်းက ကူညီပေးနိုင်ပါတယ်။ 

Digital Marketing က Customer အသစ်တွေကို တကယ်ပဲ ဆွဲဆောင်နိုင်လား? 

Digital Marketing ကိုအသုံးပြုမယ်ဆိုရင် Customer အသစ်တွေကို ဆွဲဆောင်နိုင်ပါတယ်။ Social Media, Search Engine, Email, Website တွေကို အသုံးပြုပြီးတော့ Customers အသစ်တွေကို ဆွဲဆောင်နိုင်ပါတယ်။ နေရာဒေသလိုက်ဖြစ်ဖြစ်၊ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ဖြစ်ဖြစ် Customers အသစ်တွေကို ဆွဲဆောင်နိုင်ပါတယ်။ နောက်ပြီး မိတ်ဆွေမှာ ရှိပြီးသား Customers Data ပေါ်မူတည်ပြီး သူတို့နဲ့ အနီးစပ်ဆုံးတူတဲ့ Customers အသစ်တွေရအောင် ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။  

ဒါဆိုရင် Digital Marketing ကို ဘယ်လိုလုပ်ရမလဲ? 

(1) Social Media Presence ကောင်းအောင်လုပ်ပါ။ 

အခုခေတ်မှာ လူတော်တော်များဟာ Social Media တွေအသုံးများလာပါတယ်။ Facebook, Instagram, LinkedIn, Twitter စတဲ့ Platform တွေမှာ လူငယ်၊ လူကြီးတွေ အကုန်လုံးအကုန်ရှိနေပါပြီ။ ဒီအတွက် မိတ်ဆွေကလည်း Brand နဲ့သင့်တော်ကိုက်ညီမယ့် Social Media Platform ပေါ်မှာ Branding ကောင်းကောင်းလုပ်ထားဖို့လိုပါတယ်။Social Media တွေပေါ်မှာ Branding ကောင်းကောင်းလုပ်ထားမှ မိတ်ဆွေရဲ့ Brand ဟာ Brand Visibilty ကောင်းလာမှာဖြစ်ပါတယ်။ Customer တွေရှိတဲ့နေရာမှာ မိတ်ဆွေရဲ့ Brand က ရှိနေဖို့လိုပါတယ်။ ဒါမှ မိတ်ဆွေရဲ့ Brand ကို လူသိများ၊ ယုံကြည်လာပြီး ကုန်ပစ္စည်းတွေကို စတင်သုံးစွဲလာကြမှာဖြစ်ပါတယ်။ 

(2) Video Content တွေဖန်တီးပါ။ 

ဒေတာအချက်အလက်တွေအရ ၈၄ ရာခိုင်နှုန်းသောလူတွေဟာ Video တွေကြောင့် ကုန်ပစ္စည်းကို ဝယ်ဖြစ်ကြတယ်လို့ ဆိုထားပါတယ်။ ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် Digital Marketing မှာ Video Content တွေရဲ့အရေပါးပုံကို တွေ့နိုင်ပါတယ်။ Video Content တွေဖန်တီးခြင်းအားဖြင့် မိတ်ဆွေရဲ့ Brand ဟာ Customer တွေရဲ့ ယုံကြည်မှုကို ပိုရစေမှာဖြစ်ပါတယ်။ 

(၃) Social Media Campaign တွေလုပ်ပါ။ 

နောက်ပိုင်းမှာ Social Media Campaign တွေကလည်း ခေတ်စားလာပါတယ်။ သမားရိုးကျ Marketing လုပ်တဲ့နည်းလမ်းတွေက လူတွေအတွက် စိတ်ဝင်စားဖို့ မကောင်းတော့ပါဘူး။ နောက်ပိုင်း Brand တွေဟာ Customer တွေရဲ့ ရင်ထဲထိရောက်အောင်ကြိုးစားဖို့ Social Media Campaign တွေပြုလုပ်လာကြပါတယ်။ Story ကောင်းကောင်းနဲ့ Campaign တွေသာ ဖန်တီးနိုင်မယ်ဆိုရင် Customer တွေက မိတ်ဆွေရဲ့ Brand ကို အမြဲတမ်းအမှတ်ရနေမှာဖြစ်ပါတယ်။ 

(၄) Email Marketing အသုံးပြုပါ။ 

Email Marketing ဟာ မြန်မာနိုင်ငံမှာ အခုလက်ရှိထိအသုံးဝင်သေးတဲ့ Marketing အမျိုးအစားဖြစ်ပါတယ်။အထူးသဖြင့် B2B Business တွေအတွက် အလွန်အရေးပါတဲ့ Marketing ဖြစ်ပါတယ်။  Customer တွေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်ဖို့ဆိုရင် Email Marketing က တော်တော်လေးကောင်းပါတယ်။ Email မှတစ်ဆင့် Customer တွေနဲ့ အမြဲတမ်းဆက်သွယ်နေလို့ရပါတယ်။ 

(၅) Website ကိုအသုံးပြုရလွယ်အောင် လုပ်ပေးပါ။ 

ဒီဘက်ခေတ်မှာ Website တစ်ခုတည်ဆောက်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေတည်ဆောက်ထားတဲ့ Website ကို အောင်မြင်အောင်လုပ်ဖို့၊ လူသုံးများအောင် လုပ်ဖို့ဆိုတာတော့ခက်ပါတယ်။ Website တစ်ခုအောင်မြင်ဖို့ဆိုရင် Customer တွေအတွက် UI/UX ကောင်းအောင်လုပ်ဖို့လိုပါတယ်။ Website ပေါ်မှာ Customer တွေရှာနေတဲ့ အကြောင်းအရာတွေရှိနေဖို့လိုပါတယ်။ နောက်ပြီး Google Search Engine မှာ မိတ်ဆွေရဲ့ Website က ထိပ်ဆုံးက ပေါ်နေဖို့အတွက် SEO/ SEM တွေလုပ်ထားဖို့လိုပါတယ်။ 

(၆) CRM Software တွေကို အသုံးပြုပါ။

အထက်မှာပြောခဲ့တဲ့ Digital Marketing Activities တွေကို ပြုလုပ်ပြီးပြီဆိုရင်တော့ ရလာတဲ့ Leads တွေ၊ Cutomer Data တွေကို သိမ်းပြီး Sales, Service အစရှိတဲ့ Team တွေနဲ့အတူ အလုပ်လုပ်ဖို့အတွက် CRM Software တစ်ခုကို အသုံးပြုဖို့လိုပါတယ်။ ဒါမှလည်း ကိုယ်ဖန်တီးထားတဲ့ Marketing Campaign တွေက ထိရောက်မှုရှိမရှိ ROI, ROAS တို့ကို ပြန်ပြီး တိုင်းတာနိုင်မှာဖြစ်တဲ့အပြင် Customer Lifetime Value – CLV တွက်တာမျိုးတွေ၊ လစဉ်၊ နှစ်စဉ် Digital Markeitng Report တွေကိုလည်း CRM Software ထဲမှာ အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အခုဆိုရင်တော့ မိတ်ဆွေအနေနဲ့ Digital Marketing အကြောင်းကို ပြည့်ပြည့်စုံစုံသိရှိသွားမယ်လို့ ယုံကြည်ပါတယ်။