CRM Software လစဉ်ကြေးများအကြောင်း ပြည့်ပြည့်စုံစုံ

CRM Software လစဉ်ကြေးများအကြောင်း ပြည့်ပြည့်စုံစုံ

CRM အသုံးပြုခြင်းဟာ လုပ်ငန်းတိုင်းအတွက် ကြီးမားတဲ့ အကျိုးအမြတ်ပြန်ရစေတာကတော့ မလွဲမသွေပါပဲ။ ဒါပေမယ့် ကိုယ့်လုပ်ငန်းရဲ့ Sales Teams အတွက် အမှန်တကယ် သင့်တော်တဲ့ CRM ကို ရွေးချယ်ရတာတော့ မလွယ်ကူလှပါဘူး။ ကိုယ့်ရဲ့ လျာထား Budget နဲ့လည်း ကိုက်ရမယ်။ CRM Features တွေကလည်း Powerful ဖြစ်ရမယ်။ Sales Team အတွက် လွယ်ကူပြီး ရိုးရှင်းတဲ့ UI လည်းဖြစ်ရမယ်။ ဒီလို လိုအပ်ချက်တွေအများကြီးနဲ့ဆိုတော့ CRM ရွေးရတာ သိပ်ခက်တာပေ့ါ။

CRM Software တွေသုံးမယ်ဆို ဘယ်လောက်ကုန်သလဲ?

CRM Software တွေကို များသောအားဖြင့် အသုံးပြုတဲ့ user အရေအတွက်ပေါ်မူတည်ပြီး လစဉ်ကြေး သို့မဟုတ် နှစ်စဉ်ကြေး ပေးသုံးရပါတယ်။ CRM အများစုကတော့ Basic Package လိုမျိုးဟာတွေနဲ့ စျေးသက်သက်သာသာ စလေ့ရှိပြီး CRM လို့ခေါ်လို့ ရယုံ Features လေးတွေကို ထည့်ပေးလေ့ရှိပါတယ်။ ပိုကောင်းတဲ့ Features တွေနဲ့ Customized Reporting တွေ ကြည့်ချင်ရင်တော့ Package ကိုမြှင့်မှရပါတယ်။

စျေးကွက်ထဲမှာ CRM Software စုစုပေါင်း အရေအတွက် ဘယ်လောက်ရှိလဲ?

G2 လို့အမည်ရတဲ့ ဩဇာလွှမ်းမိုးမှုကြီးများတဲ့ Business Software Reveiw Website ရဲ့ အညွှန်းအရ CRM Software စုစုပေါင်း 728 ခုတောင်ရှိပါတယ်။ ဒီလောက်များပြားလှတဲ့ CRM Software တွေကို တစ်ခုချင်းသာ Review ထိုင်လုပ်နေရမယ်ဆိုရင်တော့ Business Owner, Marketing Manager, Sales Manager နဲ့ IT Team တွေအတွက်တော့ အချိန်ကုန် လူပန်းဖြစ်ကုန်မှာပါ။

CRM Software စုစုပေါင်း ၃၆ခုရဲ့ စျေးနှုန်းများ

ဒီတော့ အလွန်များတဲ့ CRM 728 ခုထဲကမှ တကယ်သုံးလို့ကောင်းပြီး စျေးလည်း သင့်တဲ့ CRM Softwrae ၃၆ခုရဲ့ ကျသင့်တဲ့ စျေးတွေကို ပြန်လည် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

HubSpot CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Hubspot-crm-myanmar
HubSpot CRM

HubSpot CRM လိုမျိုး ကမ္ဘာ့ နံပါတ်တစ် CRM တစ်ခုကို သက်သာတဲ့ စျေးနဲ့ ရမယ်ဆိုရင် အရမ်း အံ့ဩသွားမယ်ထင်ပါတယ်။ မယုံနိုင်ဘူး ဖြစ်နေရင် HubSpot CRM ရဲ့ Website မှာလည်း သွားကြည့်နိုင်ပါတယ်။ ဒီစျေးနှုန်းပါပဲ။ (BEYOND 360 နဲ့ HubSpot CRM Implementation အပ်ရင်တော့ HubSpot CRM ရဲ့ တရားဝင်စျေးနှုန်းကို စျေးထပ်ဆစ်လို့ ရကောင်းရနိုင်ပါတယ်။ Finance များ ဝမ်းသာနိုင်ပါပြီ။ စကားချပ်)

HubSpot CRM ကို Sales, Marketing, Service ဆိုတဲ့ Hub 3 ခုလုံးအပြင် အသစ်ထပ်ထွက်တဲ့ CMS နဲ့ Operation Hub တွေကိုပါ အားလုံး Starter အနေနဲ့ သုံးမှ တစ်လကို $50 ပဲ ကျပါတယ်။ $50 ဆိုတာ မြန်မာငွေနဲ့ ဆို တစ်သိန်း ဝန်းကျင်ပဲ ကျသင့်ပါတယ်။ ဒီ လစဉ်ကြေး $50 ထဲမှာ ဘာတွေပါမလဲ?

hubspot-crm-pricing-myanmar
HubSpot CRM Bundles Pricing

Marketing Hub Starter
Starts at 1,000 marketing contacts

Sales Hub Starter
Starts at 2 paid users

Service Hub Starter
Starts at 2 paid users

CMS Hub Starter

Operations Hub Starter

ဒါက Starter Package ကို ဖော်ပြပေးထားတာပါ။ တကယ်လို့ လစဉ်ကြေးမဟုတ်ဘဲ နှစ်စဉ်ကြေးနဲ့ သွင်းနိုင်မယ်ဆိုရင်တော့ $50 အစား လစဉ်ကြေးကို $45ကျပ်ပဲ ပေးရတော့မှာမို့ ပိုသက်သာပါတယ်။ ဒီထက်ပိုတဲ့ Professional နဲ့ Enterprise Package တွေအကြောင်း အသေးစိတ် ဆွေးနွေးဖို့အတွက် အခမဲ့ Meeting ရယူနိုင်ပါပြီ။

Nutshell CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Nutshell CRM

Nutshell CRM ကို Pro Packageက စသုံးမယ်ဆိုရင် user တစ်ယောက်အတွက် $49 ကနေ စပြီး လစဉ်ကြေးပေးရပါတယ်။

Copper CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Copper CRM

Copper CRM Professional Package ကတော့ လစဉ်ကြေး $69 ကနေစပါတယ်။

Insightly CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

insightly-crm
Insightly CRM

Insightly CRM Professional Package ကို လစဉ်ကြေး $59 ကနေ စပါတယ်။

Pipedrive CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

pipedrive-crm
Pipedrive CRM

Pipedrive CRM Platinum ကို လစဉ်ကြေး $75 ကနေ စပါတယ်။

Salesforce CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

salesforce-crm
Salesforce CRM

Salesforce Lightning Professional ကို လစဉ်ကြေးအနေနဲ့ User တစ်ဦးလျှင် $75 ကျသင့်ပါတယ်။

Sugar CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

sugar-crm
Sugar CRM

Sugar CRM Professional ကို လစဉ်ကြေးအနေနဲ့ User တစ်ဦးလျှင် $40 မှ စပြီး အနည်းဆုံး နှစ်စဉ် Subscription ကြေးအတွက် User လိုင်စင် ၁၀ခု ပါဝင်ပြီး တစ်နှစ်ကို $4,800 လောက် ကျသင့်မှာပါ။

Zoho CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

zoho-crm-myanmar
Zoho CRM

Zoho CRM ကို Professional ကနေ စသုံးမယ်ဆိုရင်တော့ User တစ်ဦးကို လစဉ်ကြေး $35 ကျသင့်မှာဖြစ်ပါတယ်။

Act! CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Act!-CRM
Act! CRM

Act! CRM Premium ကိုသုံးမယ်ဆိုရင် လစဉ်ကြေးက user တစ်ဦးကို $35ကနေ စပြီး ကျသင့်မှာဖြစ်ပါတယ်။ Mobile App အသုံးပြုချင်တယ်ဆိုရင်တော့ Additional charges ရှိမှာဖြစ်ပါတယ်။

Agile CRMရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Agile-CRM
Agile CRM

Agile CRM Regular ကို User တစ်ယောက်အတွက် လစဉ်ကြေး $49.99 ကနေ စမှာဖြစ်ပါတယ်။

amoCRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

amo-CRM
amo CRM

amoCRM Enterprise ကို အသုံးပြုမယ်ဆိုရင်တော့ User တစ်ဦးလျှင် လစဉ်ကြေး $45 ကနေ စတင်ပြီး အနည်းဆုံး ၆လ ခန့် အသုံးပြုမည်ဟု Commitment ပေးရပါမယ်။

Apptivo CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Apptivo-CRM
Apptivo CRM

Apptivo Ultimate ကို လစဉ်ကြေး User တစ်ဦးလျှင် $25 ဖြင့် စတင်နိုင်သည်။

Blazedesk CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Blazedesk-CRM
Blazedesk CRM

Blazedesk CRM ကို User တစ်ဦးလျှင် $20ဖြင့် လစဉ်ကြေးပေးပြီး အသုံးပြုနိုင်ပါသည်။

Capsule CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Capsule-CRM
Capsule CRM

Capsule Professional ကို User တစ်ဦးလျှင် $12 မှ စပြီး လစဉ်ကြေးဖြင့် အသုံးပြုနိုင်ပါသည်။

Claritysoft CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Claritysoft-CRM
Claritysoft CRM

Claritysoft ကိုတော့ User တစ်ဦးလျှင် လစဉ်ကြေး $39 မှစပြီး အသုံးပြုနိုင်သည်။

Close.io CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

close-crm
Close.io CRM

Close.io Professional Package ကို User တစ်ဦးလျှင် လစဉ်ကြေး $110 မှ စပြီး အသုံးပြုနိုင်သည်။

Commence CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Commence-CRM
Commence CRM

Commence Sales CRM ကိုတော့ အနည်းဆုံး user 5ဦးအတွက် ဝယ်ယူရပြီး တစ်ဦးလျှင် $29 ကျသင့်ပါတယ်။

Contactually CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Contactually-CRM
Contactually CRM

Contactually CRMကို Professional Package အနေဖြင့် Userတစ်ဦးအတွက် လစဉ်ကြေး $69 ကျသင့်ပါတယ်။

Infusionsoft CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Infusionsoft-CRM
Infusionsoft CRM

Infusionsoft CRM package ကတော့ အနည်းငယ် ထူးခြားပါတယ်။ ပထမဦးဆုံး ဝယ်ယူတဲ့ User အတွက် လစဉ်ကြေး $99 ကျသင့်မှာဖြစ်ပြီး။ Onboarding Fee က $299ကျသင့်မှာဖြစ်ပါတယ်တဲ့။ နောက်ပြီး Store လုပ်ထားမယ့် contact အရေအတွက်ပေါ်မူတည်ပြီး စျေးက ပိုတက်လာမှာပါ။

InStream CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

InStream-CRM
InStream CRM

InStream Premium CRM ရဲ့ လစဉ်ကြေးကတော့ User တစ်ဦးကို $29 ကျသင့်မှာဖြစ်ပါတယ်။

ActiveCampaign CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

ActiveCampaign-CRM
ActiveCampaign CRM

ActiveCampaign CRM Plus ကို လစဉ်ကြေး $70 ကနေစမှာဖြစ်ပြီး စုစုပေါင်း Contacts 1,000 စာ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

Maximizer CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Maximizer-CRM
Maximizer CRM

Maximizer CRM Live Package ကိုတော့ User တစ်ဦးလျှင် လစဉ်ကြေး $60 ကနေ စမှာဖြစ်​ပြီး အနည်းဆုံး User နှစ်ဦးအတွက် ဝယ်ရမှာဖြစ်ပါတယ်။

Microsoft Dynamics CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Microsoft-Dynamics-CRM
Microsoft Dynamics CRM

Microsoft Dynamics Sales Premium သုံးမယ်ဆိုရင် User တစ်ဦးလျှင် လစဉ်ကြေး $135 ကနေစမှာပါ။

Nimble CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Nimble-CRM
Nimble CRM

Nimble Business ကို User တစ်ဦးကို လစဉ်ကြေး $25 ကျပ်ကနေ စပြီး ကျသင့်မှာပါ။ ဒီ Package ထဲမှာဆိုရင် Contact စုစုပေါင်း ၂၅၀၀၀ ပဲ ဝင်ဆန့်မှာဖြစ်ပြီး Storage အနေနဲ့ User တစ်ဦးလျှင် 2GB ရမှာဖြစ်ပါတယ်။

Oracle CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Oracle-CRM
Oracle CRM

Oracle Sales Cloud Standard Edition ကို အသုံးပြုမယ်ဆိုရင်တော့ User တစ်ဦးကို လစဉ်ကြေး $100 ကျသင့်မှာဖြစ်ပါတယ်။

Pipeliner CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Pipeliner-CRM
Pipeliner CRM

Pipeliner Business Package ကို Userတစ်ဦးလျှင် လစဉ်ကြေး $85 ကျသင့်မှာဖြစ်ပြီး တစ်နှစ်စာ ပေးသွင်းရမှာပါ။

Really Simple Systems CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Really-Simple-Systems-CRM
Really Simple Systems CRM

Really Simple CRM Enterprise Package ကို User တစ်ဦးလျှင် လစဉ်ကြေး $55 ကျသင့်မှာပါ။

Relenta CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Relenta-CRM

Relenta CRM package ကတော့ User တစ်ဦးလျှင် လစဉ်ကြေး $49 ကျသင့်မှာဖြစ်ပါတယ်။

Sage CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Sage CRM

Sage CRM ကိုတော့ လစဉ်ကြေး $69 ကနေ User တစ်ဦးစီအတွက် ပေးမှာဖြစ်ပြီး။ တစ်နှစ်စာ ပေးသွင်းရနိုင်ပါတယ်။

Salesboom CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Salesboom-CRM
Salesboom CRM

Salesboom Professional ကို လစဉ်ကြေး $45 ကနေစပြီး User တစ်ဦးစီအတွက် ကျသင့်မှာဖြစ်သလို တစ်နှစ်စာ ငွေကြိုရှင်းရမယ်လို့ သိရပါတယ်။Salesboom CRMSalesboom Professional ကို လစဉ်ကြေး $45 ကနေစပြီး User တစ်ဦးစီအတွက် ကျသင့်မှာဖြစ်သလို တစ်နှစ်စာ ငွေကြိုရှင်းရမယ်လို့ သိရပါတယ်။

Freshsales CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

freshsales-crm
freshsales crm

Freshsales CRM Pro Package ကို User တစ်ဦးလျှင် လစဉ်ကြေး $47 မှစတင်အသုံးပြုနိုင်ပါသည်။

SAP CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

SAP-CRM
SAP CRM

SAP Business ByDesign CRM Sales ကို User တစ်ဦးလျှင် လစဉ်ကြေး $89 မှစတင် အသုံးပြုနိုင်ပါသည်။

Teamgate CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Teamgate-CRM
Teamgate CRM

Teamgate Enterprise ကို User တစ်ဦးလျှင် လစဉ်ကြေး $65 မှ စတင် အသုံးပြုနိုင်ပါသည်။

Vtiger CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Vtiger-CRM
Vtiger CRM

Vtiger Ultimate CRM ကို User တစ်ဦးလျှင် လစဉ်ကြေး $36 မှ စတင် အသုံးပြုနိုင်ပါသည်။

Zendesk Sell (formerly Base) CRM ရဲ့ လစဉ်ကြေးက ဘယ်လောက်လဲ?

Zendesk-Sell-CRM
Zendesk Sell CRM

Zendesk Sell CRM Growth package ကို User တစ်ဦးလျှင် လစဉ်ကြေး $49 မှ စတင် အသုံးပြုနိုင်ပါသည်။

ယခုဖော်ပြထားသော CRM စျေးနှုန်းများသည် အချိန်နှင့် တပြေးညီ ပြောင်းလဲနိုင်ပါသည်။ ဝယ်ယူမယ်ဆိုပါက သက်ဆိုင်ရာ CRM Software များ၏ မူရင်း Website Pricing Page များကိုသာ အတည်သတ်မှတ်ဖို့ တိုက်တွန်းပါသည်။

လူကြီးမင်းရဲ့ လုပ်ငန်းအတွက် CRM Software တစ်ခု အသုံးပြုဖို့ လိုအပ်နေပြီ ဆိုရင်တော့ BEYOND 360 Marketing Technology Firm ရဲ့ CRM Expertများနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်ဖို့ Meeting Booking ရယူနိုင်ပါပြီ။