Lead nurturing လုပ်ဖို့ အီးမေးလ်တွေ အများကြီး ပို့နေရလို့ အချိန်တွေ ကုန်နေပါသလား။ Follow up email တွေ တစ်ပတ်၊ တစ်ပတ်အများကြီး ပို့နေရပါသလား။ ဒီလို email တွေ ပို့နေရတဲ့အချိန်မှာ အခြားအရေးကြီး tasks တွေ သုံးနေသင့်တယ်လို့ စဉ်းစားနေမိပါသလား။
ဒါဆိုရင်တော့ HubSpot ရဲ့ Email Marketing Feature တစ်ခုဖြစ်တဲ့ Sequences ကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒီ feature ဟာဆိုရင် HubSpot Sales Hub ထဲမှာ ပါတဲ့ powerful feature တစ်ခုဖြစ်ပါတယ်။ Sequences ဟာ customized email sequences နဲ့ tasks တွေကို အလိုလျောက်ပြုလုပ်ပေးနိုင်တဲ့ feature တစ်ခုပဲ ဖြစ်ပါတယ်။ HubSpot ရဲ့ Sequences နဲ့ဆို Users တွေအနေနဲ့ customers တွေကို nurture လုပ်ဖို့၊ Prospects တွေနဲ့ engage လုပ်ဖို့၊ follow up လုပ်ဖို့ email တွေအများကြီးကို တစ်ယောက်ချင်းစီလိုက်ပြီး manually ပို့နေစရာ လိုတော့မှာ မဟုတ်ပါဘူး။ Follow up email တွေ တစ်ပုံကြီး ကြိုရေးထားပြီး ပို့ခါနီးမှ copy ယူပြီး ပို့နေရာကနေ Template လေး create ထားပြီး Sequence ထဲထည့် contact တွေ enroll ထားမယ်ဆိုရင် client က reply မပြန်မချင်း email တွေကို သတ်မှတ်ထားတဲ့အတိုင်း Sequence က ပို့ပေးနေမှာ ဖြစ်ပါတယ်။
အချို့ကထင်တတ်ကြပါတယ်။ ဒီလို template တွေ ကြိုပြင်ပြီး လူတွေအများကြီးကို ပို့နေမယ်ဆို personalize ဘယ်လိုဖြစ်တော့မလဲပေါ့။ HubSpot template တွေ၊ Email တွေမှာ Personalized Token တွေ ကိုယ်လိုသလို ထည့်နိုင်တဲ့အတွက် ဒီအတွက် စိတ်ပူစရာတော့မရှိပါဘူး။

နောက်တစ်ခုအနေနဲ့ Sequences ကို ကိုယ်သတ်မှတ်ထားတဲ့ target list ကိုပဲ ရွေးပို့တာမျိုး လုပ်နိုင်ပြီး အီးမေးလ်ပို့တာအပြင် သက်ဆိုင်ရာ sales rep (သို့) ကိုယ့် team member ကို automation နဲ့ task assign ချတာမျိုးလည်း လုပ်လို့ရပါတယ်။ Audience segementation အရ Triggers တွေ၊ conditions တွေကို ကိုယ့် criteria အလိုက် သတ်မှတ်ထားနိုင်ပြီး ကိုယ်ပို့ချင်တဲ့ အချိန်မှာ ပို့ချင်တဲ့ list ကို လိုသလို ရွေးပြီး schedule လုပ်ထားနိုင်ပါတယ်။
နောက်ထပ် benefit တစ်ခုကတော့ ဒီ HubSpot Sequences က detailed analytics နဲ့ reporting ကိုလည်း ထုတ်ပေးတာကြောင့် ကိုယ့် sequences ရဲ့ performance ကို ကြည့်နိုင်ပါတယ်။ Sequences နဲ့ အီးမေးလ်တွေတော့ ပို့နေပါရဲ့ lead တွေကို convert မလုပ်နိုင်ဘူးဆိုရင် effective ဖြစ်တဲ့ Sequences မဟုတ်ပါဘူး။ ဒါကြောင့် analytics နဲ့ reporting ကို ကြည့်ပြီး ဘယ်လိုပိုကောင်းအောင်လုပ်မလဲ ပြင်နိုင်ပါတယ်။
ဒါကြောင့် HubSpot Sequences ဟာဆိုရင် အချိန်ကုန် လူပင်ပန်းသက်သာစေပါတယ်။ အီးမေးလ်တွေ ပို့ပြီး အချိန်တွေကုန်နေမယ့်အစား Sequence ကို ဒီအလုပ်တွေ ကိုယ့်အစားလုပ်ခိုင်းလို့ ရပါတယ်။ ဒါဆိုရင် ထွက်လာတဲ့အချိန်တွေမှာ အခြားအရေးကြီးအလုပ်တွေ (sales close လုပ်တာ၊ sales strategy တွေချတာ စသဖြင့်) ကို ပိုအာရုံစိုက်ပြီး လုပ်နိုင်မှာ ဖြစ်ပါတယ်။
အခုဆိုရင် HubSpot Sequences ရဲ့ အကျိုးကျေးဇူးတွေ သိသွားပြီဆိုတော့ manual tasks တွေနဲ့ သင့်အချိန်ကို မကုန်ပါစေနဲ့တော့။ HubSpot Sequences ကို ဒီနေ့ပဲ စမ်းသုံးကြည့်ဖို့ HubSpot Gold Certified Partner ဖြစ်တဲ့ B360 ကို အခုပဲ ဆက်သွယ်လိုက်ပါ။