How To Build Effective Business Relationship - Myanmar's Leading Marketing Consulting Firm

How To Build Effective Business Relationship

မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း တော်တော်များများက Relationship Business တွေဖြစ်ပါတယ်။ ဆိုလိုချင်တာက Business တစ်ခုနဲ့တစ်ခု အလုပ်လုပ်တဲ့နေရာမှာ ကုမ္ပဏီလူကြီးပိုင်းရဲ့ အဆက်အသွယ်တွေနဲ့ အလုပ်လုပ်လေ့ရှိပါတယ်။

Lead တွေရဖို့ကလဲ Owner တွေနဲ့ Senior Management ရဲ့တာဝန်၊ Sales တစ်ခုဖြစ်ဖို့ ကလဲ Owner တွေနဲ့ Senior Management ရဲ့တာဝန်၊ Customer တွေကလဲ Owner တွေနဲ့ Senior Management ပေါ်မှာပဲ Trust ရှိနေတာမျိုး၊ ဒီလူတွေနဲ့ပဲ စကားပြောချင်တယ် ဆိုတာမျိုးပါ။ တကယ်လို့ ပိုင်ရှင်၊ စီနီယာလူကြီးပိုင်းတွေသာ လုပ်ငန်းခွင်ထဲမှာ မရှိတော့ဘူးဆိုရင် ဒီလုပ်ငန်းက ဆက်သွားဖို့၊ တိုးတက်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါလိမ့်မယ်။ အဲ့ဒီတော့ ပိုင်ရှင်တွေ၊ စီနီယာလူကြီးပိုင်းတွေအပေါ် ထားတဲ့ ယုံကြည်မှုကို ကျွန်တော်တို့ Company အပေါ်မှာရှိလာမဲ့ Trust နဲ့ Relationship တွေအဖြစ် ပြောင်းဖို့ လိုအပ်လာပါတယ်။

How to build Effective Business Relationship

ပြိုင်ဆိုင်မှုတွေကလဲ အရမ်းများလာတယ်။ အရင်က ဒီ Product ဒီ Service ကို ကိုယ်တစ်ယောက်တည်းဆီက ရနိုင်ပေမယ့် အခုဆိုရင် တခြားသူတွေကလဲ လိုက်လုပ်လာတယ်။ ကိုယ့်ခင်မင်ရင်နှီးသူတွေကလဲ လုပ်ငန်း ချဲ့ထွင်ရင်း ကိုယ့်ပြိုင်ဘက်ဖြစ်လာတယ်။ တခါတလေ ကိုယ့်ဝန်ထမ်းဟောင်းကတောင် ကိုယ်ပြိုင်ဘက်ဖြစ်လာတာတွေ တွေ့ရမယ်။ နိုင်ငံတကာက ပြိုင်ဘက်တွေဝင်လာမယ်။ ဒီလို အချိန်မှာ ပြောင်းလဲမှုကို မဖြစ်မနေလုပ်ကြရတော့မှာပဲဖြစ်ပါတယ်။

ဒါကြောင့် Trust & Relationship Building, Lead Generation နဲ့ Sales Closing style တွေကို ပြောင်းလဲမှရတော့မယ်။ System ကျကျ သွားမှ ရတော့မယ်။ မပြောင်းပဲ လက်ရှိ Business တွေ ဒီ အတိုင်း ဆက်သွားမယ်ဆိုရင် နှစ်ပိုင်းအတွင်း ကျရှုံးဖို့ ဖြစ်နိုင်ခြေ တော်တော်များပါတယ်။

Building Relationship

အချိန်ယူပြီးပြောင်းဖို့အတွက် အခုအချိန်က အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းအတွက် လူနဲ့မဟုတ်ပဲ Company နဲ့ Relationship ဆောက်နိုင်တဲ့ ပုံစံမျိုး ဖြစ်အောင် ကျွန်တော်တို့ရဲ့ Sales and Marketing Team နဲ့ Customer Service ကို ပြောင်းလဲဖို့ Tool တွေ Technique တွေ သေသေချာချာ Support ပေးနိုင်တဲ့ B360 လို consulting firm တွေလဲ ရှိနေပါပြီ။

လက်ရှိအချိန်မှာ မဖြစ်လာသေးရင်တောင် နောက် ၁ နှစ် ၂ နှစ်မှာ ဖြစ်ကိုဖြစ်လာတော့မှာပါ။ ကျွန်တော်တို့ လက်ရှိပုံစံကြီးကို ပြောင်းမယ်ဆိုရင်လည်း အားလုံးသိတဲ့အတိုင်း ချက်ချင်းကြီးပြောင်းလဲလို့ မရနိုင်ပါဘူး။ အချိန်ယူရပါမယ်။ ဒါကို မဖြစ်မနေလုပ်သင့်တဲ့ Investment လို့မြင်ရပါမယ်။

Effort တစ်ခုထုတ်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့ အမှန်တကယ် တည်ဆောက်နိုင်ပြီဆိုရင်တော့ ကိုယ့်ရဲ့ Revenue Stream တွေ၊ Sale Pipeline တွေဟာ Performance အရမ်းကောင်းလာတော့မှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ Sales and Marketing Team ကို တကယ့် Lead Generation Machine, Deal Closing Machine, Sale Closing Machine အဖြစ် ပြောင်းလိုက်နိုင်မှာလို့ပါပဲ။

High-Ticket Business တွေအတွက် ဒီလိုပြောင်းလဲမှုမျိုး မဖြစ်မနေ လုပ်သင့်ပြီး အချိန်လဲ မဆွဲသင့်တော့ပါဘူး။ Idea ကောင်းတွေ ကိုယ်မလုပ်လိုက်ရပဲ သူများတွေ လုပ်နေတာမျိုး ထိုင်ကြည့်မနေသင့်တော့ပါဘူး။

ဒီနေရာမှာ ကိုယ့်ဘာသာ စလုပ်လို့ရတာလေးတွေပြောပြပါမယ်။

Customer Relationship Management

မိမိကိုယ်တိုင်ရော၊ Company ရဲ့ Management တွေ၊ Sales တွေ၊ Business Development တွေရဲ့ Customer Relationship တွေကို Record လုပ်ပါ။ Organize လုပ်ပါ။

ဒီနေရာမှာ CRM tool တွေ အသုံးပြုလို့ရပါတယ်။ တချို့ CRM တွေက သုံးရတာ အရမ်းလွယ်သလို ကုန်ကျစရိတ်လဲ သက်သက်သာသာနဲ့ စသုံးလို့ရပါတယ်။ ဥပမာ HubSpot CRM လိုမျိုးပေါ့။

ဒီ CRM ထဲမှာ ကိုယ့် Business ရဲ့ Relationship တွေ၊ Customer တွေ၊ Prospect တွေ နဲ့ပတ်သက်သမျှ Information တွေ စုစည်းထားလို့ရပါတယ်။

Information တွေထဲမှာ သူတို့နဲ့ ပါတ်သက်သမျှ activity တွေ၊ ဆက်သွယ်ထားသမျှ Email တွေ၊ meeting note တွေ၊ ဒီလူတွေနဲ့ Social နဲ့ Website ပေါ်က engagement တွေ အားလုံးပါနိုင်ပါတယ်။

Branding လုပ်ပါ။

Branding ဆိုတိုင်း လူတွေက လူသိများအောင် ကြေငြာတာ၊ Design တွေ Slogan တွေလုပ်တာလို့ပဲ ထင်နေတတ်ပါတယ်။ B2B နဲ့ Hight-Ticket Business (ဈေးကြီးတဲ့ product တွေ Service တွေရောင်းတဲ့ Business) တွေမှာဆိုရင် Branding ဟာ Trust နဲ့ Relationship ပါ။

ကိုယ့် Customer တွေ၊ ကိုယ် Target ထားတဲ့ Prospect (Target Customers) တွေ နဲ့ Relationship ကောင်းတည်ဆောက်နိုင်တာ၊ သူတို့ရဲ့ ယုံကြည်မှု (Trust) ရတာဟာ Branding ပါ။ ဒီလို Result ရဖို့ Digital Channel မျိုးစုံသုံးဖို့လိုပါတယ်။ Email, Facebook, LinkedIn, Website, Blog, Messaging Platform တွေ စသည်ဖြင့်ပေါ့။
ကိုယ့် Audience တွေရှိနေတဲ့ Channel ကိုလိုက်ရမှာပါ။ Branding messages တွေကို ကိုယ်နဲ့ပတ်သက်တဲ့ Audience အတိအကျဆီရောက်ဖို့လဲလိုပါတယ်။

Branding လုပ်တဲ့နေရာမှာ CRM ထဲက Data တွေသုံးပြီးလုပ်ပါ။

ပထမ CRM ထဲမှာ Organize လုပ်ထားတဲ့ data တွေဟာ B2B နဲ့ High-Ticket Business Branding အတွက် အများကြီး အထောက်အကူပြုပါတယ်။

ဒီ လူတစ်ယောက်ချင်းစီ၊ Organization တစ်ခုချင်းစီရဲ့ Data တွေပေါ်မှာ မူတည်ပြီး Customize Branding, Marketing messages တွေ၊ educate လုပ်တဲ့ message တွေပေးလို့ရပါတယ်။

Employee တွေကိုလဲ Branding လုပ်ပါ။

ကိုယ့်ကိုယုံသလို၊ Management Team ကို ယုံသလို ကိုယ့် Team ကိုလဲ Audience တွေကယုံဖို့လိုပါတယ်။

Enablement plan, Growth Plan သေချာဆွဲပါ။ သူတို့သိတာတွေ သူတို့ရဲ့ Capability တွေ လူသိပါစေ။ ပထမ တည်ဆောက်ထားတဲ့ Channel တွေကနေ employee branding message တွေ ပေးပါ။

ဒီ Branding message တွေ ပေါ်ကနေ Lead Generation လုပ်ပါ။

ပြောချင်တာက ကိုယ့် ပေးတဲ့ Branding message မှာ ကိုယ့်လူတွေရဲ့ ERP အကြောင်းကျွမ်းကျင်မှု အကြောင်း၊ ERP နဲ့ ပတ်သက်တဲ့ Knowledge Sharing လုပ်နေရင် ERP နဲ့ ပါတ်သက်တဲ့ Lead Generation Process ဝင်ပါ။ ဒါကို Inbound Lead Generation လုပ်တယ်လို့ပြောလို့ရတယ်။

Leads တွေကို Monitoring လုပ်ပါ။

ဝင်ထားတဲ့ leads တွေ၊ တစ်နည်းပြောရင် Potential customer တွေရဲ့ Interest level တွေ၊ ကိုယ်လိုက်နေတဲ့ project ရဲ့ Status တွေ (ဝယ်တော့မှာလား၊ activity တွေထပ်ရှိနေလား)၊ ဒီ leads တွေ၊ potential customer တွေနဲ့ ပတ်သက်ပြီး ကိုယ့် team က ဘာလုပ်နေလဲ စတာတွေကို အသေးစိတ် monitor လုပ်နိုင်တဲ့ Tool တစ်ခုခု သုံးပါ။ Leads Management Solution နဲ့ Sales Team Management Solution ၂ခု align လုပ်ပြီး သုံးပါ။

ဒီ Solution တွေက Deal Closing Rate နဲ့ Sales/Conversion Rate ကိုမြင့်စေပါတယ်။
အဆင့်တွေကို ပြန်ပြောရင် –
1. အရင်ဆုံး Data တွေ Organize လုပ်တယ်။ CRM အသုံးပြုဖို့လိုပါတယ်။
2. Branding လုပ်ပါတယ်။
3. နောက်တဆင့်အနေနဲ့ CRM ထဲက data တွေသုံးပြီး Customized Message တွေနဲ့ Branding နဲ့ Marketing လုပ်တယ်။
4. Employee တွေကိုလဲ Branding လုပ်ဖို့လိုပါတယ်။
5. Branding Message တွေပေါ်ကနေ Lead Generation လုပ်ပါတယ်။
6. Conversion Rate/Sales Closing Rate နက်အောင်လို့ Lead Management Solution/Sales Team Management Solution သုံးပါ။

ဒီလိုလုပ်နိုင်မယ်ဆိုရင် Result ကောင်းကောင်းရဖို့ အာမ ခံပါတယ်။ ဒီပြောင်းလဲမှုကို စနစ်တကျ Consultant တွေရဲ့ အကူအညီ၊ Agency တစ်ခုရဲ့အကူအညီနဲ့ သွားရင် အကောင်းဆုံးဖြစ်ပါတယ်။ Cost အနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Cost ဟာ Deal ကနေ Deal တစ်ခုကနေ ဝင်လာတဲ့ Margin နဲပဲ cover ဖြစ်သွားတာ မျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့်လည်း ကျွန်တော်တို့ မဖြစ်မနေ ပြောင်းလဲသင့်တာပဲဖြစ်ပါတယ်။