Startup တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ Tool တစ်ခု

Startup တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ Tool တစ်ခု

SMB Trends Report အရ SMB တွေရဲ့ အောင်မြင်မှုအတွက် Sales နဲ့ Customer Service အခန်းကဏ္ဍကို အရေးပါဆုံးအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။ Sales နဲ့ Customer Service အခန်းကဏ္ဍမှာ Customer တွေရရှိရေးအတွက်သာမကပဲ Customer တွေကို ရေရှည်မြဲအောင် ထိန်းထားရတာလည်း ပါဝင်ပါတယ်။ အချိန်နဲ့တပြေးညီ ဒေတာတွေကိုရရှိနိုင်အောင်၊ တစုတစည်းတည်း ရှိနေအောင် CRM Software ကိုအသုံးပြုပြီး ပြင်ဆင်ထားခြင်းက ကိုယ့်ရဲ့ ပြိုင်ဘက်တွေကို နှတဖျားအသာအရနိုင်မယ့် အဓိက သော့ချက်တွေဖြစ်ပါတယ်။

စိန်ခေါ်မှုများ

စီးပွားလုပ်ငန်းတခုအနေနဲ့ ကြုံတွေ့ရမယ့် Scaling Challenge တခုကတော့ Agile Organisational Structure ကိုတည်ဆောက်ပြီး တစတစများပြားလာတဲ့ Customer နဲ့ Prospect List အချက်အလက်တွေကို စီမံခန့်ခွဲရတာပဲဖြစ်ပါတယ်။ Traditional System အများစုက အချက်အလက်တွေကို တသီးတခြားစီ သိမ်းဆည်းပြီး Data Security, Accessibility နဲ့ Accuracy တို့ကို ကန့်သတ်ထားပါတယ်။ ကိုယ့် Customer တွေနဲ့ Business Performance အကြောင်းကို ရှင်းလင်းစွာ သိရှိနိုင်ဖို့ အတားအဆီးတွေဖြစ်ပါတယ်။

CRM Tool ရဲ့ အရေးပါပုံ

Efficiency

ကိုယ်နဲ့ ကိုယ်ဝန်ထမ်းတွေက Administrative Tasks တွေနဲ့ပဲ အချိန်ကုန်နေရတဲ့အခါ လုပ်ငန်းနဲ့ Customer တွေအပေါ်မှာ အာရုံမစိုက်နိုင်တော့ပါဘူး။ ပုံမှန်အားဖြင့် SMB တွေမှာ Resource တွေနည်းပါးကြတဲ့အတွက် ဒီလိုမျိုးအလုပ်တွေကို ထိရောက်မှုရှိရှိနဲ့ အလိုအလျောက် လုပ်ဆောင်ပေးနိုင်မယ့် Tool တွေကို အသုံးပြုမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်ဝန်ထမ်းတွေအနေနဲ့ တကယ်အရေးပါတဲ့ နေရာတွေအပေါ်မှာ ပိုပြီး အာရုံစိုက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Analysis of Customer Data

ကိုယ့်လုပ်ငန်းနယ်ပယ်အတွင်းက လုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် အပေါ်ကိုဒီထက် ပိုသွားဖို့လိုပါတယ်၊ Customer တွေ မျှော်မှန်းထားတဲ့ Experience ထက်သာလွန်တဲ့ အတွေ့အကြုံမျိုးကို ပေးစွမ်းနိုင်ဖို့လိုပါတယ်။ ယခုခေတ် Customer တွေအတွက် ရွေးချယ်စရာ Product/Service တွေလည်း အများအပြားရှိနေတာဖြစ်လို့ Customer တွေက Experience ကိုပဲ အလေးထား ဝယ်ယူကြပါတယ်။ CRM Solution တွေက Customer တွေရဲ့ Full View ကို ပြပေးနိုင်ပြီး အကောင်းဆုံး Customer Experience ကို ပေးနိုင်ပါတယ်။ Customer တွေရဲ့ စိတ်ဝင်စားမှု၊ အော်ဒါ မှာကြားမှု နောက်ကြောင်း၊ ဆိုရှယ်မီဒီယာပေါ်က Conversation နဲ့ ကိုယ်လုပ်ငန်းအပေါ် တုန့်ပြန်မှုအခြေအနေတွေကို မူတည်ပြီး တိကျထိရောက်မယ့် Offer တွေကို ဖန်တီးဖို့ Insight တွေကို အသုံးချနိုင်ပါတယ်။ ဒီအချက်အလက်တွေကနေတဆင့် မှန်ကန်တဲ့ Customer ဆီကို မှန်ကန်တဲ့အချိန်မှာ Pitch လုပ်နိုင်ပါတယ်။ သူတို့လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ ဖြည့်ဆည်းပေးဖို့ ကိုယ်က အသင့်ရှိနေကြောင်းပြသဖို့ အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေကို Actionable Intelligence အနေနဲ့ အသုံးချပြီး Personalized Pitch ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

This is an Ad.

Communication

HubSpot လို CRM System တခုက Lead အသစ်တခုကို မြန်မြန်ဆန်ဆန် သတ်မှတ်ပေးနိုင်ပြီး သတင်းအချက်အလက်အားလုံးကို လွယ်လွယ်ကူကူ ရယူနိုင်ပါတယ်။။ Customer တွေက ကိုယ့် Brand နဲ့ ကိုက်ညီပြီးကွက်တိဖြစ်ခဲ့မယ်ဆိုရင် Social Media ၊ Account Discussion၊ Account History နဲ့ Business Info အားလုံးကို စုစည်းပေးပါတယ်။ မှန်ကန်တဲ့ Prospect ကို Right Pitch Right Time ပြုလုပ်နိုင်ဖို့အတွက် ဒီဒေတာတွေကနေ Actionable Intelligence ကို ပေးစွမ်းနိုင်ပါတယ်။

Competitive Edge

၂၁ ရာစု ဈေးကွက်ပြိုင်ဆိုင်မှုတွေက ပြင်းထန်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ နည်းပညာကိုသာ အသုံးချနိုင်မယ်ဆိုရင် SMB တွေအနေနဲ့ Agility နဲ့ Flexibility ကို မြှင့်တင်နိုင်ပြီး လုပ်ငန်းကြီးတွေနဲ့ အပြိုင်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ CRM System တစ်ခုက အမြတ်အစွန်းနဲ့ ဝန်ထမ်းတွေကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ သင့်ရဲ့ Assets တွေကို တိုးပွားစေနိုင်ပါတယ်။ ရှိပြီးသား Customer တွေ၊ အလားအလာရှိတဲ့ Prospect တွေနဲ့လည်း ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်နိုင်စွမ်းနဲ့ Creative အတွက် အချိန်အကန့်အသတ် လျှော့ပေးခြင်းတို့ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

CRM System တွေနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေက များပြားပေမယ့် CRM System တိုင်းကနေ ဒီလို အကျိုးကျေးဇူးတွေ မရရှိနိုင်ပါဘူး။ CRM System ဆီက အကျိုးကျေးဇူးအပြည့်အဝ ရရှိဖို့ဆိုတာ CRM System ရဲ့ Feature တွေက ကိုယ့်ရဲ့ လုပ်ငန်းလိုအပ်ချက်ကို ဘယ်လောက်ကိုက်ညီလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ CRM System တခုကို ရွေးတတ်ဖို့လည်း လိုပါသေးတယ်။ သင့်လုပ်ငန်းရဲ့ အောင်မြင်မှုဆီ ခြေလှမ်းသစ်ကို အစပြုဖို့ HubSpot CRM အကြောင်း ပိုမို သိရှိလိုပါက B360 ကို အခုပဲဆက်သွယ်လိုက်ပါ။