Website Checklist မလုပ်ဘဲ Website Development မလုပ်ပါနဲ့ - Myanmar's Leading Marketing Consulting Firm

Website Checklist မလုပ်ဘဲ Website Development မလုပ်ပါနဲ့

Website ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကြိုပြီး စဉ်းစားဆုံးဖြတ်ထားဖို့လိုပါတယ်။ Objective က ရှင်းလင်းမှုမရှိရင်တော့ နောက်က ဆက်လုပ်မယ့် Design ရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် Marketing လုပ်ငန်းစဉ်များကိုပါ လွဲချော်သွားစေမှာဖြစ်ပါတယ်။

Website ဘာကြောင့်ရှိသင့်သလဲ? Website တစ်ခုရဲ့ အရေးကြီးပုံတွေ မရေးတော့ပါဘူး။ အားလုံးလည်း Website ရဲ့ အရေးပါပုံတွေကို သိပြီးဖြစ်နေကြပါပြီ။ လုပ်ငန်းရှင်တွေလည်း Digital နဲ့ ပတ်သက်ပြီး အတော် တီးမိခေါက်မိရှိနေပြီဖြစ်လို့ Website ဘာကြောင့် လုပ်သင့်သလဲဆိုတဲ့ ဖန်တရာတေနေတဲ့ Content အစား Website Development လုပ်တော့မယ်ဆိုရင် သိကိုသိထားသင့်တဲ့ အချက်တွေကိုပဲ မျှဝေပေးချင်ပါတယ်။

အခုနေရာကနေစပြီး ဆက်ဖတ်သွားမယ့်အပိုင်းတွေက အရမ်းအရေးကြီးတာမို့ အာရုံစိုက်ပြီး ဖတ်စေချင်ပါတယ်။ စာတွေရဲ့ အောက်ဆုံးမှာ Website Development Checklist ကို Download လုပ်ခွင့်ရမှာမို့ အပြီးထိဖတ်ဖို့လိုတာပေ့ါဗျာ။ ဒီလိုပြောလို့ အောက်ဆုံးကို Scroll Down ပြီး Checklist ပဲ Download အရင်လုပ်မယ်လို့ မကြံလိုက်ပါနဲ့ဦး။ သဘောတရားကိုနားလည်အောင် စာဖတ်ပြီးမှ Download လုပ်ပြီး သုံးစေချင်ပါတယ်။

1.Domain

Domain

Website က သင့်အိမ်ဆိုရင် Domain က သင့်အိမ်လိပ်စာလို့ မှတ်လို့ရပါတယ်။ အိမ်လိပ်စာ ကောင်းကောင်းရွေးဖို့ ကသိပ်အရေးကြီးတာပေ့ါဗျာ။ ဒါမှ လူတွေက သင့်အိမ်လိပ်စာ (Website Domain) ကိုမှတ်မိပြီး ခဏခဏ လာလည်မှာပါ။
ဒီလို Domain ရွေးတဲ့အခါ ရှုထောင့် (၃)ခုကနေကြည့်ပြီး ရွေးသင့်ပါတယ်။ အဲ့ဒါတွေကတော့


Human Perspective
သင့် Website Domain Name ဟာ အလွယ်တကူဖတ်နိုင်၊ မှတ်နိုင်၊ ခေါ်နိုင်တဲ့ Domain ဖြစ်ဖို့လိုပါတယ်။


Brand Perspective
Domain Name တွေမှာ နောက်ဆုံးပိတ် Extension လေးတွေ ကွဲပြားတတ်ပါတယ်။
Yourcompany.com, yourcompany.org, yourcompany.net စသည်ဖြင့် အဆုံးသတ်လေးတွေ မတူတတ်ပါဘူး။ ဒီလို မတူရခြင်းအကြောင်းကတော့ သင့်လုပ်ငန်း၊ နိုင်ငံ နဲ့ Industry အပေါ်မူတည်ပြီး ကွဲတတ်လို့ပါ။ ဒီတော့ ကိုယ့်လုပ်ငန်းကို ဖော်ညွှန်းနိုင်တဲ့ လိုက်ဖက်တဲ့ Domain Name လေးတော့ သေချာရွေးတတ်ဖို့လိုပါတယ်။

Domain Types

SEO Perspective
ရွေးချယ်လိုက်တဲ့ Domain ဟာ လုပ်ငန်းကိုဖော်ညွှန်းပြသနိုင်တဲ့ Domain မျိုးဆိုရင်တော့ SEO Perspective အရလည်း အဆင်ပြေပါတယ်။


Legal Perspective
Domain Name ရွေးတဲ့အခါမှာ Copyright နဲ့ Trademark နဲ့ ပတ်သက်တာတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
ကိုယ်လိုချင်တဲ့ Domain တွေကို ဝယ်လို့ရသေးလား (သို့မဟုတ်) သူများတွေ ဝယ်ထားပြီးသားလားစစ်ချင်ရင်တော့ အောက်မှာပေးထားတဲ့ Website Tool တွေကို သုံးပြီးစစ်လို့ရပါတယ်။
namecheap.com, whois.com

2.Website Objective & Feature Alignment

Website Objective & Feature Alignment
Website Objective & Feature Alignment

Website ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကြိုပြီး စဉ်းစားဆုံးဖြတ်ထားဖို့လိုပါတယ်။ Objective က ရှင်းလင်းမှုမရှိရင်တော့ နောက်က ဆက်လုပ်မယ့် Design ရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် Marketing လုပ်ငန်းစဉ်များကိုပါ လွဲချောသွားစေမှာဖြစ်ပါတယ်။
Objective ဥပမာများ (Improved Branding? Better Media Presentation? Download? Lead Generation?)

3.Target Audiences

Website Target Audiences

Website Develop လုပ်တဲ့အခါ လုပ်ငန်းရှင်တွေက Customer Focus သိပ်လုပ်လေ့မရှိပါဘူး။ ကိုယ့်လုပ်ငန်းရဲ့ Target Audiences ဘယ်သူလည်းဆိုတာ သိဖို့လိုပါတယ်။ ဒါမှ ကိုယ့် Target Audiences တွေ ဘာကြိုက်လဲ၊ ဘယ်လို Behaviour တွေရှိလဲဆိုတာ သိမှာပါ။ ကိုယ့် Website ကိုလာဖတ်မယ့်သူတွေ ကြိုက်အောင်၊ အဆင်ပြေအောင်၊ အထင်ကြီးအောင်လုပ်နိုင်မှ ကိုယ့် ပစ္စည်းတွေ ရောင်းရဖို့ အခွင့်အလမ်းများတာပါ။
Target Audiences ကိုစဉ်းစားတဲ့အခါ ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားပေးဖို့လိုပါမယ်။
Demographic
Age
Gender
Nationality
Education
Occupation

4.Website Technology

Website Technology

ဒီအပိုင်းကတော့ Client တွေအနေနဲ့ ကြိုတင်သတ်မှတ်ရတာ အခက်အခဲရှိနိုင်ပါတယ်။ တကယ်လို့ Marketing Manager သို့မဟုတ် IT Manager များက ဘယ်လို Website Technology နဲ့သွားချင်တယ်ဆိုပြီး ကြိုတင် သတ်မှတ်ပေနိုင်ရင်တော့ ကောင်းပါတယ်။ Website Technology ကို ရွေးချယ်ရာမှာ Website ရဲ့ ဦးတည်ချက်ကိုပြန်လည်ထည့်သွင်းစဉ်းစားသင့်ပါတယ်။ Website ကို ဘယ်လိုလူတွေကို Access ပေးမယ်။ ဘယ်လို Activities တွေလုပ်မယ်ဆိုတာနဲ့ပါ ချိန်ညှိသင့်ပါတယ်။ အဲ့လိုမှ ကြိုတင် သတ်မှတ်ဖို့ မစဉ်းစားတတ်သေးရင်တော့ Agency ကိုပဲ Propose ခိုင်းလိုက်ပါ။ လက်ရှိ ခေတ်စားနေတဲ့ Website CMS နည်းပညာများကတော့ WordPress, Webflow, Square Space, Wix စတာတွေပဲဖြစ်ပါတယ်။

5.Website Brand Assets

Website ဟာ အင်တာနက်ပေါ်မှာ သင့်လုပ်ငန်းကို ကိုယ်စားပြုမှာဖြစ်တဲ့အတွက် Company ရဲ့ Brand Guideline နဲ့ ကိုက်ညီသင့်ပါတယ်။ ဒါမှသာ Offline ရော၊ Online မှာပါ တူညီတဲ့အရောင်အသွေး၊ Brand Voice နဲ့ ပုံစံကို မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Website Development မလုပ်ခင် သင့် Brand မှာ လိုအပ်တဲ့ Logo တွေ၊ Brand Guideline တွေ ရှိပြီလားဆိုတာ စစ်သင့်ပါတယ်။

6.Draft Sitemap

Website Sitemap

Sitemap တစ်ခု အရင်မစဉ်းစားဘဲ Website ဖန်တီးမယ်ဆိုရင် လမ်းပြအိမ်မြှောင်မပါဘဲ တောထဲမှာ ခရီးသွားနေသလိုဖြစ်မှာပါ။ Client ရော Agency ဘက်ပါ လမ်းတွေပျောက်ပြီး Website ကလည်း ထပ်တိုးဖြည့်စွက်မှုတွေနဲ့ Revision ပေါင်းများစွာနဲ့ အချိန်ကြာနေပါလိမ့်မယ်။ ဒါကြောင့် Website Development Firm နဲ့ အလုပ်မလုပ်ခင်မှာ အရင်ဆုံး Company ဘက်က ဘယ်လိုမျိုး Page တွေကိုပါဝင်စေချင်တယ်ဆိုတာမျိုး ကြိုတင်ပြင်ဆင်ထားရင် ပိုကောင်းပါတယ်။ အောက်မှာ Sitemap ဥပမာလေးတစ်ခုထည့်ပေးထားပါတယ်။ ဒါပေမယ့် Company ဘက်က ဖန်တီးထားတဲ့ Sitemap က Draft Version ဖြစ်နေရင်အဆင်ပြေပါတယ်။ Website Development နဲ့ Project Kick-off Meeting ထိုင်တဲ့အခါမှသာ နှစ်ဦးနှစ်ဘက်ညှိနှိုင်းပြီး ပိုကောင်းတဲ့ Final Sitemap တစ်ခုကို ဖန်တီးသင့်ပါတယ်။

7.Content, Content, Content

Website Contents

အရမ်းအရေးကြီးပါတယ်။ Enterprise အတော်များများက Website Development လုပ်ကြတဲ့အခါ Design လှတာရွေးပြီး ချက်ချင်း Development Stage ကိုသွားကြပါတယ်။ ပြီးမှ ဘယ်လိုစာမျိုးတွေထည့်မယ်ဆိုပြီး နောက်ကနေပြန်လိုက်လုပ်ကြပါတယ်။ ဒါကြောင့် မြန်မာက Website တွေကို ကြည့်တဲ့အခါ Design လှနေရင်တောင်မှ စာသားတွေက ဆွဲဆောင်မှုမရှိတာ၊ ရံဖန်ရံခါဆိုရင် Website ကို Launch လုပ်ပြီးတဲ့အထိကို Lorem Ipsum လိုမျိုး Dummy စာသားတွေကို တွေ့နေရတတ်ပါတယ်။ Enterprise Company ကြီးတစ်ခုရဲ့ Website ကို ဒီလိုမျိုးမြင်ရတာ ကျက်သရေ မင်္ဂလာမရှိလှပါဘူး။

အခုလို အားကြီးနဲ့ ဖိပြောနေတော့ Client များဘက်ကလည်း မေးစရာရှိလာပါတယ်။ ဒီလိုဆို Content က ဘယ်လိုလုပ်ရမလဲ? Content လည်းအဆင်သင့်ပြင်ထားတာမျိုး၊ Company အကြောင်း Data တွေ ကောင်းကောင်းစုထားတာမျိုးမရှိဘူးလေ အစရှိသဖြင့် မေးခွန်းတွေ တက်လာမှာပါ။ ဒီနေရာမှာ (၂)မျိုးလုပ်လို့ ရပါတယ်။ ပထမတစ်ခုကတော့ သင့်ရဲ့ Website Development Firm ကို Website Copywriting ဝန်ဆောင်မှု အပ်လိုက်တာပါ။

ဒုတိယတစ်နည်းကိုတော့ Client များ သိပ်ကြိုက်မှာမဟုတ်ပါဘူး။ အဲ့တာကတော့ Company ဘက်က Content တွေကို ရေးပြီးပေးတာပါပဲ။ ဒုတိယနည်းက အလုပ်ရှုပ်ပြီး အချိန်ကုန်ပါတယ်။ သင့်ရဲ့ Website Development Firm ကိုသာ အပ်လိုက်တာက ပိုအဆင်ပြေမှာပါ။

8.Launch Date

ဒီအပိုင်းကတော့ အရေးအကြီးဆုံးပါ။ ကိုယ့်ရဲ့ Website ကိုဘယ်နေ့ Launch မယ်ဆိုပြီး ကြိုတင် မသတ်မှတ်ထားဘူးဆိုရင် Website Development Firm တွေအနေနဲ့ Timeline တွက်ပေးဖို့ ခဲယဉ်းပါလိမ့်မယ်။ အနည်းဆုံးတော့ ကိုယ့် Website ကို ဘယ်ရက်မှာ Launch လုပ်မယ်ဆိုတာတော့ ထည့်ပေးလိုက်ပါ။

ဒီအထိ ဇွဲရှိရှိနဲ့ဖတ်လာတာဆိုတော့ လူကြီးမင်းဟာ အမှန်တကယ်ပဲ Website တစ်ခု Develop လုပ်ဖို့ စဉ်းစားနေပြီဆိုတာ သေချာနေပါပြီ။ Website Development Checklist လေးကို အောက်က လင့်ကနေ အခမဲ့ရယူလိုက်ပါ။ Checklist ထဲမှာ လိုအပ်ချက်တွေ သေချာဖြည့်ပြီးရင်တော့ ကျွန်တော်တို့ B360 Marketing Technology Firm နဲ့ လက်တွဲလုပ်ဖို့ ဖိတ်ခေါ်ပါရစေ။