sales report for manager

6 powerful reports that every sales manager needs

Sales Manager တွေအတွက် Report ဆိုတာ ကိုယ့် team ရဲ့ ‌activities တွေ၊ performance တွေကို သိဖို့၊ revenue တွေ၊ goal တွေ ထိ၊ မထိကို တိုင်းတာနိုင်အောင် data တွေ ပြပေးတဲ့ powerful tool တစ်ခုဖြစ်ပါတယ်။ Report တွေကို ပုံမှန်ကြည့်ပြီး analyse လုပ်တဲ့အခါ Sales team အတွင်းမှာ ဖြစ်နေတဲ့ gap တွေ၊ challenge တွေကို သိနိုင်ပြီး solution တွေလည်း မြန်မြန်ရှာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် report ဆိုတာ Sales Manager တွေအတွက်ရော လုပ်ငန်းတွေအတွက်ပါ အရေးပါတဲ့ valuable asset တစ်ခုဖြစ်ပါတယ်။ အခု blog မှာတော့ Sales Manager တိုင်းအတွက် လိုအပ်တဲ့ powerful ဖြစ်တဲ့ report ၆ ခုကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Sales Pipeline Report

Sales Pipeline မရှိဘဲ လုပ်ငန်းရဲ့ အရောင်း process ကောင်းနေလား၊ ပြုပြင်ဖို့လိုနေလား သိနိုင်မှာ မဟုတ်ပါဘူး။ Sales leader တစ်ယောက်အနေနဲ့ ဘယ် deal တွေကတော့ close ဖို့နီးနေပြီ၊ ဘယ် deal တွေကတော့ qualify မဖြစ်လောက်ဘူး စသဖြင့် သိဖို့ လိုအပ်ပါတယ်။ Deal close rate ကို forecast လုပ်နိုင်ဖို့ဆိုရင် realistic sales pipeline report လိုတာပေါ့။ အောက်ကပုံမှာဆိုရင် HubSpot ရဲ့ Sales Pipeline Report ကို ဥပမာပြထားပေးပါတယ်။ ဒီ report မှာဆိုရင် ဘယ် deal တွေက ဘယ်အဆင့်တွေမှာ ရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ Sales Pipeline Report ရှိထားခြင်းဖြင့် deal တွေကို ပို close နိုင်ဖို့ ဘယ်လို action တွေ လုပ်ဖို့လိုမလဲ ဒါတွေပါ ထည့်သွင်း စဉ်းစားနိုင်ပါတယ်။

sales-pipeline-report
Sales Pipeline Report

Deal Won Vs Deal Lost Report

Deal Won ကို သိဖို့ လိုအပ်သလို Deal Losts တွေဟာလည်း Sales Team အတွက် အရေးကြီးပါတယ်။ Deal Won နဲ့ Lost ကို နှိုင်းယှဉ်မြင်ရတဲ့အခါ ကိုယ့် sales process ရဲ့ အခြေနေကိုလည်း ပြန်စမ်းစစ်နိုင်ပါတယ်။ Won နဲ့ Lost ကို နှိုင်းယှဉ်ပြီး Team ရဲ့ performance ကြောင့် lost တွေဖြစ်နေတာလား၊ leads တွေက ကိုယ် offer မလုပ်တဲ့ product တွေလာရှာနေလို့လား စသဖြင့် သေချာ analysis လုပ်နိုင်မှာ ဖြစ်ပါတယ်။

deal-vs-deal-lost-report
Deal Won Vs Deal Lost Report

Deal Leaderboard Report

Deal Leaderboard Report တစ်နည်းအားဖြင့် Deal Performance report ပေါ့။ ဒီမှာဆိုရင် ဘယ် sales rep က deal တွေ အများဆုံး close လုပ်နိုင်နေလဲ။ ဘယ်သူကတော့ နည်းနေလဲ။ Closed ထားတာ နည်းနေရင်လည်း နည်းရတဲ့အကြောင်းရင်းကို ထပ်စမ်းစစ်နိုင်ပါတယ်။ ဒီ sales rep ရတဲ့ lead တွေက qualify မဖြစ်တာလား၊ sales process မှားနေတာလား စသဖြင့် ပြန်စမ်းစစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒီ report က ကိုယ့် sales team ကို coach လုပ်နိုင်ဖို့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ 

deal-leaderboard-report
Deal Leaderboard Report

Deal Won Vs Goal Report

ကိုယ့် team ကို ချထားတဲ့ Goal က နည်းနေလား၊ တိုးဖို့လိုနေလား ဒါမှမဟုတ် မဖြစ်နိုင်တဲ့ပမာဏ ဖြစ်နေလားသိနိုင်ဖို့ဆို ဒီ report က လိုကို လိုအပ်ပါတယ်။ Team က ရောင်းနိုင်နေတဲ့ ရောင်းအားနဲ့ Goal ကို ယှဉ်ကြည့်တဲ့အခါ efficiency ထပ်မြှင့်ဖို့ လိုနေလား။ ချထားတဲ့ Goal က ကိုယ့် team ရဲ့ လုပ်နိုင်စွမ်းထက် နည်းနေလား စသဖြင့် Sales Manager တွေအနေနဲ့ ချိန်ညှိပြီး attainable ဖြစ်တဲ့ goal တွေ ချမှတ်ပေးနိုင်ဖို့ ဒီ report က လိုအပ်ပါတယ်။

deal-won-vs-goal-report
Deal Won Vs Goal Report

Customer Life Time Value Report

Customer Life Time Value Report က ဘယ် customer က ကိုယ့်ဆီက အများဆုံးဝယ်နေလဲ။ ဘယ်လောက်ကြာ တစ်ခါဝယ်နေလဲ စတဲ့ metrics တွေကို သိနိုင်တဲ့ report ဖြစ်ပါတယ်။ ဒီ report ကိုကြည့်ပြီး Customer နဲ့ ကိုယ့်လုပ်ငန်းရဲ့ relationship ကို မြှင့်တင်နိုင်မှာလည်း ဖြစ်ပါတယ်။ HubSpot မှာဆိုရင် RFM analysis ကို သုံးပြီး CLV report တွေ ဖန်တီးနိုင်ပါတယ်။ RFM analysis အကြောင်း အသေးစိတ်သိချင်ရင်တော့ ဒီ blog မှာ ဖတ်နိုင်ပါတယ်။

Sales Team Activity Report

Sales Manager တွေအတွက် ကိုယ့် team က ဘာတွေလုပ်နေလဲဆိုတာ သိရဖို့ အရေးကြီးပါတယ်။ တစ်ရက်၊တစ်ရက် ကိုယ့် team ဟာ sales close လုပ်ဖို့ ဘာ activity တွေလုပ်နေသလဲဆိုတာ track ဖို့လိုအပ်ပါတယ်။ ဒီလိုသိရတာက ကိုယ့် team က overload ဖြစ်နေရင်လည်း သိနိုင်သလို activity နည်းနေရင်လည်း ဘာတွေထပ်လုပ်ဖို့ လိုသလဲ သိနိုင်ပြီး team ကို coach ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီ report ကို sales rep တွေက excel sheet manually ပြန်တင်လေ့ရှိကြပါတယ်။ HubSpot ကို သုံးမယ်ဆိုရင်တော့ sales rep တွေက သူတို့လုပ်သမျှ activity တွေကို HubSpot ထဲကနေပဲ သွားရမှာဖြစ်လို့ activity တွေ log ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Manager တွေအနေနဲ့ Sales Team Activity Report ကို အလွယ်တကူ ဆွဲထုတ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

team-activities-report
Team Activities Report