HubSpot CRM ကိုရွေးသင့်တဲ့ အချက်(၆)ချက်

HubSpot CRM ကိုရွေးသင့်တဲ့ အချက်(၆)ချက်

Software အသစ်တစ်ခုကို ပြောင်းသုံးတဲ့အခါမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတစ်ခုက ဝန်ထမ်းတွေအနေနဲ့ အသုံးပြုရခက်ခဲခြင်းပဲဖြစ်ပါတယ်။ CRM Software အသုံးပြုသူတွေရဲ့ အဓိက pain point တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို HubSpot အနေနဲ့ ကောင်းမွန်စွာ သိရှိနားလည်ထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ မိမိရဲ့ လုပ်ငန်းမှာ Marketing, Sales, Customer Service စတာတွေနဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် CRM Software ကောင်းတစ်ခုကိုရှာနေတာဆိုရင် ဒီ စာက မိတ်ဆွေအတွက် ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေဟာ မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းရဲ့ Marketing နဲ့ Sales အားထုတ်မှုတွေအတွက် အထောက်အပံ့ ပေးနိုင်တဲ့ Software ကို ရှာနေတာဖြစ်နိုင်ပါတယ်။ အမျိုးမျိုးသော Customer Relationship Management (CRM) Software တွေကို လေ့လာကြည့်တဲ့အခါမှာလည်း မိတ်ဆွေအနေနဲ့ HubSpot ကို တွေ့မိပါလိမ့်မယ်။ တခြားသော ရွေးချယ်စရာတွေရှိပေမယ့်လည်း မိတ်ဆွေက Content Management System (CMS), Marketing နဲ့ Service အတွက် တကယ်ထိရောက်တဲ့ CRM Software ကိုရှာနေတာဆိုရင်တော့ HubSpot ပဲဖြစ်ပါလိမ့်မယ်။

လုပ်ငန်းရဲ့ Department တိုင်းကို HubSpot platform တစ်ခုတည်းနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့အတွက် HubSpot ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် တကယ်ထိရောက်ပြီး အကျိုးရှိစေတာပဲဖြစ်ပါတယ်။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ HubSpot ကိုရွေးချယ်သင့်တဲ့ အဓိကအကြောင်းရင်းတွေကို သိချင်ပါလိမ့်မယ်။ ဒီ Blog မှာ HubSpot ဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်း (၆) ချက်ကို ပြောပြပေးမှာဖြစ်ပါတယ်။

၁) ရလာတဲ့ Customer data တွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေချမှတ်နိုင်ခြင်း

Lead Generation Dashboard in HubSpot CRM

HubSpot ကို ရွေးချယ်သင့်တဲ့ ပထမအချက်ကတော့ Website, Apps, Phone Calls, Email စတာတွေရဲ့ အသုံးပြုမှုအခြေအနေတွေကို track လုပ်နိုင်ပြီး Customer တွေကို ခွဲခြားသတ်မှတ်နိုင်တာပဲဖြစ်ပါတယ်။ HubSpot အနေနဲ့ Customer တွေရဲ့ ID နဲ့ IP address တွေကို အသုံးပြုပြီး မိတ်ဆွေရဲ့ Leads တွေ၊ Prospects တွေနဲ့ Customers တွေရဲ့ အချက်အလက်တွေကို ရယူပေးတာပဲဖြစ်ပါတယ်။ အဲ့ဒီကရတဲ့ အချက်အလက်တွေနဲ့ Sales တွေ Close လုပ်နိုင်မယ်။ Customer retention ကိုလည်း ထိန်းသိမ်းနိုင်ပါမယ်။ HubSpot အနေနဲ့ ရလာတဲ့ အချက်အလက်တွေကို Dashboard နဲ့ ရှင်းရှင်းလင်းလင်းပြပေးတယ်။ Report ကိုလည်း စိတ်ကြိုက် Customize လုပ်ပြီးထုတ်လို့လည်းရသေးတယ်။ အလိုအလျောက် Communication စနစ်တွေပါဝင်တဲ့အတွက် ကြောင့်လည်း Sales နဲ့ Marketing team ကသူတွေအတွက် လူကိုယ်တိုင်ဝင်ပါရမယ့် task တွေမှာ အချိန်ပိုပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Lead သို့မဟုတ် Prospect သို့မဟုတ် Customer တစ်ယောက်က Website ရဲ့ page တစ်ခုကြည့်မယ်၊ ဒါမှမဟုတ် Blog တစ်ခုကိုဝင်ဖတ်မယ်ဆိုရင် မိတ်ဆွေရဲ့ marketing (သို့) sales team အနေနဲ့ သိနိုင်မှာဖြစ်ပါတယ်။ ပြောရရင် Customer relationship အတွက် Nuture လုပ်နိုင်မယ့် လိုအပ်တဲ့ အသိပေးချက်တွေကို ကြည့်နိုင်ပါမယ်။

၂) ROI ကို track လုပ်လို့ရခြင်း၊ Analyse လုပ်လို့ရခြင်း

HubSpot ROI Tracking Features

HubSpot ကို ရွေးချယ်သင့်တဲ့ ဒုတိယအကြောင်းပြချက်ကတော့ သူရဲ့ Report tool ကြောင့်ပဲဖြစ်ပါတယ်။ ပေးထားတဲ့ template တွေနဲ့ ဖြစ်စေ၊ မိတ်ဆွေလိုအပ်တဲ့ Customize report ဖြစ်စေ၊ နောက်ဆုံး report ကို အလိုအလျောက်ဖြစ်စေ ထုတ်နိုင်မှာဖြစ်ပါတယ်။

ပိုကောင်းတာတစ်ခုက report tool က HubSpot ရဲ့ ecosystem တစ်ခုတည်းအတွင်းမှာရှိတာဖြစ်လို့ Marketing, Sales နဲ့ Content Management System စတဲ့ အချက်အလက်တွေကိုပါ Report ထုတ်နိုင်မှာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် မိတ်ဆွေရဲ့ Business Operation တွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ယူကြည့်နိုင် မှာဖြစ်ပါတယ်။

၃) မည်သူမဆိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း

HubSpot VS Other CRM Softwares
HubSpot VS Other CRM Softwares

Software အသစ်တစ်ခုကို ပြောင်းသုံးတဲ့အခါမှာ ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတစ်ခုက ဝန်ထမ်းတွေအနေနဲ့ အသုံးပြုရခက်ခဲခြင်းပဲဖြစ်ပါတယ်။ CRM Software အသုံးပြုသူတွေရဲ့ အဓိက pain point တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို HubSpot အနေနဲ့ ကောင်းမွန်စွာ သိရှိနားလည်ထားပါတယ်။ Fun fact အနေနဲ့ အရက်မူးနေရင်တောင် အသုံးပြုလို့ရအောင် HubSpot ရဲ့ UI, UX တွေက ရိုးရှင်းလွယ်ကူပါတယ်။

ရှုပ်ထွေးမှုလုံးဝမရှိ ရိုးရှင်းတဲ့လုပ်ဆောင်ပုံတွေ၊ ရက်သတ္တပတ်တွေကြာအောင် ညှိစရာမလိုတဲ့ setting တွေအပြင် နားမလည်တာရှိခဲ့ရင်လည်း Software အသုံးပြုပုံ အသုံးပြုနည်းတွေကို အသေးစိတ်ရှင်းပြထားတဲ့ Free Educational Content တွေကို HubSpot Academy Website (academy.hubspot.com) မှာသွားရှာ ကြည့်လိုရပါမယ်။ ဒါ့အပြင် Free Training တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

၄) Customer ဗဟိုပြုလုပ်ငန်းဆောင်တာတွေကို အလိုအလျောက်လုပ်ဆောင်နိုင်ခြင်း

HubSpot CRM Automation

Automation အကြောင်းကို ရှေ့မှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ ဒီနေရာမှာ အနည်းငယ်အသေးစိတ်ပြောပြပါမယ်။ Lead တစ်ခုကနေ information အသစ်ဝင်တိုင်း HubSpot က အဲ့ဒီ Lead ရဲ့ Own directory မှာ update လုပ်ပေး သွားမှာဖြစ်ပါတယ်။ အဲ့ဒီ Lead နဲ့ relationship တည်ဆောက်တဲ့ အချိန်ကာလတလျှောက်လုံးမှာ အချက်အလက်တွေကို ကိုယ်တိုင် manual ထည့်သွင်းစရာလိုမှာမဟုတ်ပါဘူး။ အလိုအလျောက် ထည့်သွင်း ပေးနေမှာဖြစ်ပါတယ်။

Workflow တည်ဆောက်ရာမှာဖြစ်စေ၊ Sales Sequences တည်ဆောက်ရာမှာဖြစ်စေ၊ Email ဒါမှမဟုတ် မည်သည့်ကြားခံ ဆက်သွယ်ရေးလမ်းကြောင်းမှမဆို မိတ်ဆွေရရှိထားတဲ့ Data တွေကို အလိုအလျှောက် ဆောက်ရွက်ပေးနေမှာဖြစ်ပါတယ်။ ဥပမာ -သတ်မှတ်ထားတဲ့ Resource တစ်ခုခုကို Download လုပ်သွားတဲ့ Leads တွေကို သူတို့နဲ့ ဆိုင်တဲ့ သီးသန့် Email နဲ့ သတ်မှတ်ထားတဲ့အချိန်မှာ ပေးပို့နိုင်တဲ့ အလိုအလျှောက် လုပ်ငန်းစဥ် Automated Workflow ကိုဖန်တီးတာမျိုးဖြစ်ပါတယ်။

Sales team အနေနဲ့လည်း ကိုယ့်ရဲ့ Prospect lists ကို ပုံမှန် follow up လိုက်ပေးနေဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ သူတို့ (Prospects) တွေအနေနဲ့ Blog ဒါမှမဟုတ် Email ဖတ်ပြီးနောက်မှာ လိုက်မယ့် follow up မျိုးအတွက်ဆိုရင် Automated Sales Sequence တည်ဆောက်နိုင်ပါတယ်။ Website visitor တွေအတွက်လည်း Automated Chatbot ကို တည်ဆောက်ထားလို့ရနိုင်ပါတယ်။

ဒီလို Automated စနစ်တွေအားလုံးကို HubSpot Software platform တစ်ခုတည်းကနေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၅) တခြား Software Platform တွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း

HubSpot CRM Integrations Myanmar
HubSpot Integrations

HubSpot ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အတော်လေးပြည့်စုံတဲ့ Software တစ်ခုလို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် Customer Relationship Management (CRM), Content Management Software (CMS), Service Hub (Email Ticketing, Chat Bots, Service Enquiries) စသည်တို့ကို HubSpot မှာတင် တစုတစည်းတည်း လုပ်ဆောင်နိုင်လို့ပဲဖြစ်ပါတယ်။

ဒါတင်မကဘဲ တခြားသော Platform တွေဖြစ်တဲ့ WordPress, Slack, Shopify, Databox စတာတွေနဲ့ ကောင်းမွန်စွာချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်။

၆) အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်လည်း သင့်တော်ခြင်း

HubSpot CRM For Small Business

နောက်ဆုံးအနေနဲ့ မိတ်ဆွေ စဥ်းစားမယ့်အရာက HubSpot ဟာ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီပါ့မလား၊ ဘယ်လောက်ကုန်ကျမှာလဲ၊ သုံးချင်တဲ့စရိတ်နဲ့ရော ချိန်ကိုက်နိုင်မလား စတာတွေပဲဖြစ်ပါတယ်။ HubSpot ဟာ ဈေးအပေါဆုံးရွေးချယ်စရာတစ်ခုမဟုတ်ပေမဲ့ လုပ်ငန်းနဲ့ကိုက်ညီမယ့် ကုန်ကျစရိတ်ကို ရွေးချယ်နိုင်တဲ့အတွက် လုပ်ငန်းတိုင်းတတ်နိုင်မယ့် ရွေးချယ်စရာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Enterprise Level ကို မလိုအပ်ပါဘူး။ ဒါပေမဲ့လည်း တကယ်ကိုအဆင်ပြေစေမယ့် feature တွေကတော့ ပါဝင်နေဦးမှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ Platform ကိုအသုံးပြုသူအ‌ရေအတွက်နဲ့ CRM ထဲမှာရှိတဲ့ Contact အရေအတွက်ပေါ်မူတည်ပြီး HubSpot ကသတ်မှတ်ပါတယ်။ လုပ်ငန်းသေးရင် ကုန်ကျစရိတ်နည်းမှာဖြစ်ပြီး လုပ်ငန်းကြီးထွားလာတာနဲ့အမျှ HubSpot ရဲ့ Enterprise အဆင့်ကို အသုံးပြုလိုက်ရုံပါပဲ။ မိတ်ဆွေရဲ့ လုပ်ငန်းဟာ HubSpot နဲ့ တူတူ Grow ဖြစ်လာမှာပဲဖြစ်ပါတယ်။

ဒီ အချက် (၆) ချက်ကြောင့် HubSpot ဟာ မိတ်ဆွေရဲ့လုပ်ငန်းအတွက် ရွေးချယ်ဖို့ စဥ်းစားသင့်ဆုံးဖြစ်ပါလိမ့်မယ်။ ခဏလောက်စဥ်းစားစရာလည်းမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုရင် HubSpot ရဲ့ free CRM ကို အဆင်ပြေမပြေ၊ သဘောကျမကျ စမ်းသုံးကြည့်နိုင်ပြီး လုပ်ငန်းအတွက် အရှုံးမရှိလို့ပါပဲ။

အခုပဲ B360 Marketing Technology Firm ရဲ့ အခမဲ့ HubSpot CRM Demo ကိုရယူပြီး သင့်လုပ်ငန်းရဲ့ Growth ကို ၂ဆတိုးလိုက်ပါ။