5 Customer Retention Systems and Why CRM Should Be One Of Them - Myanmar's Leading Marketing Consulting Firm

5 Customer Retention Systems and Why CRM Should Be One Of Them

Customer retention rate များခြင်းဟာ လုပ်ငန်းရဲ့ အကျိုးအမြတ်ကို တိုးတက်စေပါတယ်။ ဒီလို တိုးအောင် customer တွေကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာလဲ အရေးကြီးပါတယ်။ 

Customer Retention System ဆိုတာ ကိုယ့်မှာရှိပြီးသား customers တွေကို ထွက်မသွားအောင်၊ နောက်ထပ် ဝယ်ယူအောင်၊ အချိန်နှင့်အမျှ ထိန်းထားနိုင်အောင် ပြုလုပ်တဲ့ strategy ဖြစ်ပါတယ်။ Customer Retention Strategy က လုပ်ငန်းရဲ့ အကျိုးအမြတ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် လုပ်ငန်း ရေရှည်တည်တံ့အောင်လည်း ပံ့ပိုးပေးပါတယ်။ ဒီ goal တွေကို ရရှိနိုင်အောင် ကောင်းမွန်တဲ့ strategy နဲ့ နည်းပညာ၊ tools တွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်။

ဒါကြောင့် ဒီ blog မှာတော့ ဒီ tools လေးတွေအကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။

Customer Retention Tools

  1. Customer Relationship Management Software (CRM) 
  2. Customer Loyalty Programs     
  3. Personalization  
  4. Customer Service and Support Software
  5. Customer Feedback Tool

1. Customer Relationship Management Software (CRM)

CRM ဆိုတာက customer relationship management အားလုံးကို လုပ်ဆောင်နိုင်တဲ့ software တစ်ခု ဖြစ်ပါတယ်။ CRM software ဟာ Customer Retention အတွက် အရမ်းအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ CRM Software ရဲ့ အကူအညီနဲ့ ကိုယ့် Customers တွေက ဘယ်သူတွေလဲ? သူတို့စိတ်ဝင်စားတာက ဘာတွေလဲ? သူတို့ဘယ်နေရာတွေမှာ ဘယ်လိုရှိနေလဲ? အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို သိနိုင်မှာ ဖြစ်ပါတယ်။ Customers တွေရဲ့ အကြောင်းကို သေ‌ချောနားလည်နိုင်ပြီဆိုရင် Customers များနဲ့ ရေရှည်ဆက်ဆံရေးမှာ တိုးတက်မှုများစွာ ရနိုင်ပြီး Loyal Customers များကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။ 

Customer တွေကို ကောင်းမွန်တဲ့ experience တွေကို ပေးနိုင်ဖို့ဆိုရင် Marketing Team, Sales Team နဲ့ Customer Service ဒီသုံးခုလုံးက align ဖြစ်နေရပါမယ်။ Customer တွေကို Attract လုပ်တဲ့ stage မှာရော၊ Engage လုပ်နေတဲ့ stage မှာရော နောက်ဆုံးဝယ်ပြီးသည့်တိုင်အောင် customer ကို Delight လုပ်တဲ့အထိ HubSpot CRM လိုမျိုး all-in-one software တစ်ခုကို သုံးနိုင်ပါသည်။ Customer တွေကို touch point တိုင်းမှာ ကောင်းမွန်တဲ့ experience ပေးနိုင်ပြီဆိုရင် customer rentention ရဖို့ အလားလာတွေ အများကြီးရှိနေပါပြီ။

CRM Software

2. Customer Loyalty Programs

Loyalty Programs တွေက customer retention ကို boost လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ VIP reward system တွေ၊ Point system တွေနဲ့သာ loyalty program လုပ်ပြီး customer တွေကို လက်ဆောင်တွေ၊ ပရိုမိုးရှင်းတွေ စသဖြင့် ပေးမယ်ဆိုရင် customer တွေအနေနဲ့ သင့်ကို စွန့်ခွာဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါ့အပြင် Loyal customer တွေကနေ referral တွေ၊ word of mouth recommendation တွေလည်း ရနိုင်ပါသေးတယ်။ 

HubSpot မှာ customer တွေ့ရဲ့ loyalty ကို RFM analysis နဲ့ recency, frequency, monetary score တွေတွက်ပြီး analysis လုပ်နိုင်ပါတယ်။ ဒီ analysis အကြောင်း အသေးစိတ်သေချာသိချင်ရင် ဒီလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။https://b360mm.com/blog/rfm-analysis-in-hubspot-crm/

Customer Loyalty Program

3. Personalization

Personalized content တွေ email တွေ၊ campaign တွေဟာ customer experience ကို ကောင်းမွန်စေပါတယ်။ ဒီလိုမျိုး Customer တစ်ဦးချင်းစီကို သူတို့နဲ့ သင့်တော်တဲ့ recommendation တွေ၊ promotion တွေ ပေးနိုင်ဖို့ဆိုရင် သူတို့ရဲ့ data တွေ behavior တွေကို သိထားရပါမယ်။ Personalize လုပ်ခြင်းဟာ customer တွေအတွက် သူတို့ကို ဒီ brand က ဒီ company က ဂရုစိုက်တယ်၊ အရေးပေးတယ်၊ မှတ်မိနေတယ်လို့ ခံစားရစေပါတယ်။ 

Customer journey တစ်လျှောက်လုံးမှာ personalize လုပ်လို့ရမယ့်နေရာတွေ အများကြီးရှိပါတယ်။ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးကတော့ email တွေကို personalized လုပ်တာဖြစ်ပါတယ်။

Personalize လုပ်တယ်လို့ပြောရင် – 

  • ကိုယ်ပေးပို့တဲ့သူရဲ့ နာမည်၊ title နဲ့ ခေါင်းစဉ်တပ်ပို့ခြင်း
  • ကိုယ်ပေးပို့တဲ့သူနဲ့ ကိုယ့်ကြားမှာရှိခဲ့တဲ့ interaction တွေမူတည်ပြီး ပေးပို့ခြင်း
  • CRM ထဲက ဒေတာပေါ်မူတည်ပြီး personalize content တွေ ပို့ပေးခြင်း (ဥပမာ- Branding ကို စိတ်ဝင်စားတဲ့ customer ဆို branding နဲ့ ပတ်သတ်တဲ့ blogs တွေ၊ articles တွေကို ပို့ပေးခြင်း) စတာမျိုးကို ဆိုလိုပါတယ်။
Personalization

4. Customer Service and Support Software

Customer ဖြစ်လာတဲ့သူတွေအနေနဲ့ သူဝယ်သွားတဲ့ ပစ္စည်း ဒါမှမဟုတ် service နဲ့ပတ်သတ်ပြီး issues တွေရှိလာနိုင်ပါတယ်။ ဒီအတွက် Service & Support Team ကဆက် support ပေးနိုင်ဖို့ လိုပါတယ်။ အကယ်၍ customer တစ်ယောက်က complaint တစ်ခု၊ မေးခွန်းတစ်ခုရှိလာလို့ Service team ကို လာမေးပြီဆိုပါစို့ – Service team က ဒီ customer နဲ့ ပတ်သတ်တဲ့အချက်လက်တွေ ဥပမာ – customer ဖြစ်တာ ဘယ်လောက်ကြာပြီလဲ၊ ဘယ် Product ကို ဝယ်ထားလဲ ဒါတွေသိဖို့ လိုပါတယ်။ ဒီအချက်တွေပေါ်မူတည်ပြီးမှ personalized service တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ HubSpot CRM လို software သုံးမယ်ဆိုရင်တော့ ဒီ data တွေကို အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် HubSpot မှာ Chatbot တွေ Live chat တွေပါ support တဲ့အတွက် customer တွေ လာဆက်သွယ်တဲ့အခါ အချိန်မရွေးသိနိုင်ပါတယ်။ ဒီလို email တွေ၊ chat တွေကလာတဲ့ complaint တွေရှိရင်လည်း တစ်ခါတည်း Ticket တန်းပွင့်အောင် ‌automation တွေနဲ့ လုပ်နိုင်လို့ process နှောင့်နှေးမှုတွေကို လျော့ကြစေပါတယ်။

Customer Service and Support Software

5. Customer Survey and Feedback Tools

Survey and feedback tools ကို customer retention တိုးဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Feedback ဆိုတာ လုပ်ငန်းတွေအတွက် အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ Survey တွေကနေ ကိုယ့် product နဲ့ပတ်သတ်ပြီး customer တွေ ဘာကိုကြိုက်တယ်၊ မကြိုက်ဘူး သိနိုင်ပါတယ်။ ကိုယ့် product အပေါ်သူတို့ရဲ့ အမြင်ကို သိနိုင်တဲ့အတွက် ဘာတွေတိုးတက်ဖို့ လုပ်ရမယ်၊ customer တွေကို ဘယ်လို retain လုပ်ရမယ် သေချာသိနိုင်မှာဖြစ်ပါတယ်။

Survey Tool

အခုပြောသွားတဲ့အချက်တွေကတော့ customer retention တိုးစေဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ သေချာပြင်ဆင်ပြီး ဒီအချက်တွေကိုသာ လုပ်မယ်ဆိုရင် customer တွေဟာ ကိုယ့်ဆီမှာ repeat purchase လုပ်နေမှာ ဖြစ်သလို promoter တွေလည်း ဖြစ်လာစေမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က အားလုံးလည်း သတိထားမိကြမယ်ထင်ပါတယ်။ အပေါ်က ပြောခဲ့တဲ့အချက်တွေ တော်တော်များများကို CRM Software နဲ့လုပ်နိုင်တယ်ဆိုတာပါပဲ။ HubSpot CRM လို software မျိုးနဲ့ဆို ဒီ system တွေအကုန်လုံးကို ဟိုကူး၊ ဒီကူး လုပ်စရာမလိုတော့ပဲ တစ်နေရာတည်းကနေ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် CRM က လုပ်ငန်းတိုးတက်ဖို့အတွက် ရှိသင့်တဲ့ software တစ်ခုဖြစ်ပါတယ်။